#Zawgyiဖြင့်ဖတ်ရန်
ထီသည်ဦးလေးကြီးရဲ့ ရောင်းချရန်ထီလက်မှတ်(10)သိန်းဖိုးခန့်အိတ်မှားပါသွားတာ ယခုပြန်ရသွားပြီတဲ့
12.7.2020ရက်နေ့က ထီသည်ကြီး ဦးမိုးသီးအတွက် မဂ်လာရှိသောနေ့လေး ဖြစ်မယ်ထင်ပါတယ်ရှင်။ မှားပါသွားသော ထီလက်မှတ်အထုပ်ပြန်လည်ရရှိပါပြီ။အထုပ်မှားရရှိသွားသော မောင်မျိုးဟန် ကားဂိတ်ရောက်တဲ့အခါ မိမိအထုပ် မဟုတ်မှန်းသိလို့ ဆက်သွယ်ရမဲ့ph noကားဂိတ်ကိုပေးထားခဲ့ပါတယ်။
ဦးမိုသီးသွားစုံစမ်းချိန် အဆင်မပြေခဲ့ပါ။ဦးမိုးသီးအကြောင်းတင်ထားတဲ့postကို မအူပင်ဟစ်တိုင်မှာဖတ်မိပြီး ပြန်ဆက် သွယ်ပေးခဲ့တာပါ။FBမှ ကူညီshareပေးသော သူများ/Commentဝင်ရေးပေးသူများ/သတင်းPageမှာတင်ပေးသောAdminများကိုလည်းဦးမိုးသီးမှ အထူးကျေးဇူးတင်ပါတယ်။စိတ်ရင်းစေတနာကောင်းပြီး ကိုယ်ချင်းစာစိတ်ရှိတဲ့မောင်မျိုးဟန်လက်ထဲ အထုပ် ရောက်ရှိသွားလို့လည်းပြန်ရတာပါ။
မောင်မျိုးဟန်ကိုကျေးဇူးတုံ့ပြန်တဲ့အနေဖြင့်ဦးမိုးသီးမှဂုဏ်ပြုငွေ(1)သိန်းနှင့်တကူးတကလာပို့ပေးတဲ့အတွက် ခရီးစရိတ်(2)သောင်းကိုလည်းကျေးဇူးတင်စွာပြန်ပေးခဲ့ပါတယ်။ထီလက်မှတ်လည်းလက်ဆောင်ပေးခဲ့ပါသေးတယ်။ထီဆုကြီးလည်းပေါက်ပါစေ။မောင်မျိုးဟန်သည် ဧရာဝတီတိုင်းဒေသကြီးပန်းတနော်မြို့နယ် ကဇင်းတောရွာကပါ။အခု ရန်ကုန်မှာအလုပ်သွားလုပ်နေသူတစ်ဦးပါ။ရိုးသားကြိုးစား ဧရာဝတီသားဆိုတဲ့ ဆိုင်းပုဒ်ကိုဧရာဝတီတိုင်းထဲမှာ တွေ့ဖူးကြမှာပါ။
ခုလည်း ရိုးသားတဲ့လူငယ်လေးကဧရာဝတီကပါ။မောင်မျိုးဟန်လို ကိုယ်ကျင့်တရားကောင်းမွန်သူများ သူတစ်ပါးပစ္စည်းကို လိုချင်လောဘမရှိဘဲ ပိုင်ရှင်လက်ထဲမှန်ကန်စွာပြန်ပေးကြမည့်သူများဒီကမ္ဘာကြီးမှာ များစွာရှိကြပါစေလို့ဆုတောင်းရင်း
အားလုံးကိုကျေးဇူးတင်ပါတယ်။
Hnin Ei
=======================
#Unicodeဖြင့်ဖတ်ရန်
ထီသည်ဦးလေးကြီးရဲ ့ ရောင်းချရန်ထီလက်မှတ်(10)သိန်းဖိုးခန့်အိတ်မှားပါသွားတာ ယခုပြန်ရသွားပြီတဲ့