ပရိသတ်တွေထင်ထားတာထက် ပိုပြီးခံစားချက်တွေပါတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီရဲ့ “မိုးစက်များကပြောသော” သီချင်းအသစ် Official MTV

ပရိသတ်တွေချစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာလမ်းမမှာ အောင်မြင်မှုတွေကိုယ်စီနဲ့ လျှောက်လှမ်းနေကြသူတွေဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း အတူတကွ ရိုက်ကူးနေသလို သီချင်းတွေကိုလည်း စုံတွဲလိုက် သီဆိုလာတာကို တွေ့ရပါတယ်။

ဒီနေ့မှာလည်း ရွှေနှစ်ရွှေက သူတို့နှစ်ယောက်ရဲ့ ဒုတိယမြောက်သီချင်းသစ် “မိုးစက်များကပြောသော” သီချင်း Official MV ကို ချပြလာပါတယ်။
“မိုးစက်များကပြောသော” သီချင်းက Teaser ဗီဒီယိုအတိုထွက်ရှိစဉ်ကတည်းက ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို အပြည့်အဝရရှိခဲ့ပြီး ရွှေထူးနဲ့ ရွှေမှုံရတီရဲ့ သရုပ်ဆောင်ချက်တွေကြောင့် စိတ်ဝင်စားမှုတွေရရှိနေတာပါ။ ဒီနေ့မှာတော့ “မိုးစက်များကပြောသော” သီချင်းရဲ့ Official MV တစ်ပုဒ်လုံးထွက်ရှိလာပြီး ပရိသတ်တွေ ထင်ထားတာထက်တောင် ပိုပြီးခံစားချက်တွေပါတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် ရွှေနှစ်ရွှေရဲ့ “မိုးစက်များကပြောသော” သီချင်း ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Shwe Htoo x Shwe Hmone Yati – Moe Sat Myar Ka Pyaw Thaw (Official Music Video)မိုးရေထဲမှာ တစ်စုံတစ်ယောက်ကို…

Geplaatst door Shwe Htoo op Zondag 12 juli 2020

ရွှေထူးကတော့ အဆိုတော်တစ်ယောက်ဖြစ်ပေမယ့် ရွှေမှုံရတီကလည်း ခင်ပွန်းဖြစ်သူရဲ့ လမ်းညွှန်ပြသမှုတွေကြောင့် တော်တော်လေး အဆိုကောင်းတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း မိုးရာသီနဲ့ လိုက်ဖက်တဲ့ “မိုးစက်များကပြောသော” သီချင်းလေးကို နားဆင်ပြီး လွမ်းဆွေးနေမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source:Shwe Htoo’s fb
Bilie – Cele Connections

===================

ပရိသတ်တွေချစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာလမ်းမမှာ အောင်မြင်မှုတွေကိုယ်စီနဲ့ လျှောက်လှမ်းနေကြသူတွေဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း အတူတကွ ရိုက်ကူးနေသလို သီချင်းတွေကိုလည်း စုံတွဲလိုက် သီဆိုလာတာကို တွေ့ရပါတယ်။ ဒီနေ့မှာလည်း ရွှေနှစ်ရွှေက သူတို့နှစ်ယောက်ရဲ့ ဒုတိယမြောက်သီချင်းသစ် “မိုးစက်များကပြောသော” သီချင်း Official MV ကို ချပြလာပါတယ်။
“မိုးစက်များကပြောသော” သီချင်းက Teaser ဗီဒီယိုအတိုထွက်ရှိစဉ်ကတည်းက ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို အပြည့်အဝရရှိခဲ့ပြီး ရွှေထူးနဲ့ ရွှေမှုံရတီရဲ့ သရုပ်ဆောင်ချက်တွေကြောင့် စိတ်ဝင်စားမှုတွေရရှိနေတာပါ။ ဒီနေ့မှာတော့ “မိုးစက်များကပြောသော” သီချင်းရဲ့ Official MV တစ်ပုဒ်လုံးထွက်ရှိလာပြီး ပရိသတ်တွေ ထင်ထားတာထက်တောင် ပိုပြီးခံစားချက်တွေပါတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် ရွှေနှစ်ရွှေရဲ့ “မိုးစက်များကပြောသော” သီချင်း ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

ရွှေထူးကတော့ အဆိုတော်တစ်ယောက်ဖြစ်ပေမယ့် ရွှေမှုံရတီကလည်း ခင်ပွန်းဖြစ်သူရဲ့ လမ်းညွှန်ပြသမှုတွေကြောင့် တော်တော်လေး အဆိုကောင်းတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း မိုးရာသီနဲ့ လိုက်ဖက်တဲ့ “မိုးစက်များကပြောသော” သီချင်းလေးကို နားဆင်ပြီး လွမ်းဆွေးနေမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source:Shwe Htoo’s fb
Bilie – Cele Connections

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top