ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အဆိုတော်မိစန္ဒီကိုတော့ပရိသတ်ကြီးလည်းရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ သူမကတော့အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေပြီး တေးစီးရီးအယ်ဘမ်ပေါင်းများစွာကိုလည်းထွက်ရှိအောင်မြင်ထားပါတယ်။လက်ရှိမှာတော့မိစန္ဒီ ကျောက်သင်ပုန်းတွေထုတ်လုပ်ရာမုဒွန်းရွာဘီလူးကျွန်းလေးမှာရောက်ရှိနေတာဖြစ်ပါတယ်။
သူမတော့ဒီနေ့မှာလူငယ်တွေအတွက်အသိပညာတွေရစေမည့်စကားလေးတွေသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေရေးသားဖော်ပြထားထဲ့ပါတယ်။အဲဒီအကြောင်းလေးကိုတော့မိစန္ဒီက”လူငယ်တွေကအခွင့်အလမ်းအသစ်တွေရရှိဖို့ပဲအာရုံစိုက်နေကြပြီးလက်ရှိလုပ်နေတဲ့အလုပ်မှာအကောင်းဆုံးဖြစ်အောင်ကြိုးစားဖို့ကိုတော့မေ့နေတက်ကြပါတယ်။အခွင့်အလမ်းသစ်တွေရဖို့နောက်ကနေလိုက်ရှာနေဖို့မလိုပါဘူး။
ကိုယ်လုပ်နေတဲ့အလုပ်ကိုအကောင်းဆုံးကြိုစားလုပ်ဆောင်မယ်ဆိုရင် အဲဒီအခွင့်အလမ်းတွေက သူဘာသာရောက်လာမှာပါ”ဆိုပြီး သူမရဲ့MyDayမှာရေးသားဖော်ပြထားခဲ့တာဖြစ်ပါတယ်။ဒီအကြောင်းလေးကိုတော့ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်