နိုင်ငံကျော်အဆိုတော်ဒါရိုက်တာယုန်လေးကတော့ သူ့ရဲ့အနုပညာစွမ်းရည်တွေောကာင့်သာမသ ပရဟိတစိတ်ဓာတ်အပြည့်နဲ့ ကူညီတတ်လွန်းတဲ့ သူ့ရဲ့စိတ်သဘောထားကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်အားပေးမှုကိုရရှိထားသူပဲဖြစ်ပါတယ်။ သူကတော့ လတ်တလော လူမှုကွန်ရက်စာမျက်နှာမှာ နာမည်ကြီးနဲ့ အမေဆေးဖိုးအတွက်Street performanceနဲ့ လမ်းမထက်ဖျော်ဖြေနေတဲ့ ရိုးရိုးမြင့်ဆွေကို သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပါတယ်တဲ့။
ယုန်လေးဟာ အမေဆေးဖိုးအတွက် တတ်တဲ့Street performanceနဲ့ လမ်းမထက်ဖျော်ဖြေနေတဲ့ ရိုးရိုးမြင့်ဆွေကို သွားရောက်ထောက်ပံ့လှူဒါန်းခဲ့တဲ့အကြောင်းကို “ညီလေး Yoe Yoe Myint Swe အရာရာအဆင်ပြေပါစေ အမေလည်း ကျန်းမာရေးအမြန်ကောင်းပါစေ . Sat , Sunday , အားရင် ညီလေးရှိမယ့် မြေနီဂုံးတံတားအောက် အစ်ကိုတို့ပါလာရင်လည်း လာမယ်လေနော် အတွေ့အကြုံသစ် အပျော်ပေါ့
ကျွန်တော် ၁သိန်း၊ Rocker မှ ၂ သိန်း၊ Aung Lay ၅ သောင်း၊ စစ်ပိုင်ထက် စန်စန် ၁ သိန်း၊ A4 , Min Z ၂ သောင်း၊ လင်းမြတ် ၁သောင်းခွဲ၊ ဒီလိုတွေ မတင်ချင်ပါဘူး .ပိုက်ဆံလွှဲထားတဲ့ လူတွေ စိတ်ရှင်းအောင်တင်ရတာပါ .အရာရာအဆင်ပြေပါစေ” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။
ပရိသတ်ကြီးရေ ယုန်လေးသွားရောက်ထောက်ပံ့လှူဒါန်းခဲ့တဲ့ ရိုးရိုးမြင့်ဆွေကတော့ “အမေဆေးဖိုး Yoe Yoe Myint Swe On The Street ” ဆိုတဲ့ ဆိုင်းဘုတ်လေးနဲ့အတူ Weekend တွေမှာ Street performanceအနေနဲက ဂီတာလေးတစ်လုံးနဲ့ လှည်းတန်းဂုံးကျော်တံတားနဲ့ မြေနီကုန်းတံတားအောင်တို့မှာ ဖျော်ဖြေလေ့ရှိပါတယ်တဲ့နော်။