ပဲခူး၌တို့ဆေးဖြင့်အဖွားအိုတစ်ဦးထံမှရွှေထည်ပစ္စည်းများ ယူဆောင်သွား Jul, 11
ပဲခူးမြို့ ရပ်ကွက်ကြီး ၅ မြို့ရှောင်လမ်းဘေးနေအိမ်တွင် တစ်ဦးထဲ နေထိုင်သော အဖွားအိုအား နံနက် (၁၀)နာရီခန့်အချိန်တွင် အမည်မသိ လူတစ်ယောက်မှ သူက (ITC) ဆည်မြောင်း မှာအကြီးဆုံးပဲ၊ အမေ့ကို ငွေတွေ လာပေးတာ။
အမေ့ဆီက ရွှေတွေ ချွတ်ထားပေးပါလား။ သား တပည့်တွေ နောက်က လိုက်လာတယ်။ မြင်သွားရင် ငွေတွေ မပေးပဲနေမယ်ဟု ပြောပြီး အဖွားအိုရဲ့ လက်အား ပုတ်လိုက်သည်ဟု ဆိုပါသည်။
အဖွားအိုက ရွှေများချွတ်ပြီး ခေါင်းအုံးအောက်သို့ ထည့်လိုက်စဉ် ထိုသူက အဖွားအို ထည့်လိုက်သော ရွှေထုတ်အား နှိုက်ယူပြီး အိမ်ပေါ်မှ ဆင်းသွားသည်ကို အဖွားအိုက မြင်သော်လည်း
အော်လို့လည်းမရ ဆွဲထားမယ်ဟု စိတ်ကဖြစ်သော်လည်း လှုပ်လို့မရ ဖြစ်ခဲ့ပြီး အဖွားအို ဝတ်ထားသော ရွှေဆွဲကြိုး ၂ ကုန်း၊ လက်ကောက် ၂ကွင်း၊ လက်စွပ် ၅ ကွင်း ထိုသူနောက်သို့ ပါရှိသွားကြောင်း သိရှိရပါသည်။ ခန့်မှန်း တန်ဘိုးငွေ သိန်း၃၀ခန့် ရှိသည်ဟု ဆိုပါသည်။ Crd: Zarni Aung
Unicode