မြို့ခံတစ်ဦးကို လက်သီးဖြင့် ထိုးခဲ့မှုအတွက် ပုသိမ်ရဲတပ်ဖွဲ့ ပြန်တောင်းပန်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ကမ်းနားလမ်းမှာ ဇူလိုင် ၁ဝ ရက်နေ့ညပိုင်းက ယာဉ်တိုက်မှုတခုမှာ ဝင်ရောက်ကူညီပေးနေတဲ့ ပုသိမ်မြို့ခံတဦးကို လက်သီးနဲ့ထိုးခဲ့တဲ့ ရဲတပ်ကြပ်ကြီးတဦးရဲ့ လုပ်ရပ်အတွက် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက အထိုးခံရသူကို ပြန်လည်တောင်းပန်လိုက်ပါတယ်။

မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်လှိုင်၊ ရေကြောင်းရဲတပ်ဖွဲ့စု (ပုသိမ်)မှ ဒုတပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်မိုးနိုင် ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ အရာရှိတွေက ပုသိမ်နယ်မြေရဲစခန်းမှာ အထိုးခံရတဲ့ ကာယကံရှင်ကို ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်အတွက် ဇူလိုင် ၁၂ ရက်နေ့မနက်ပိုင်းက တောင်းပန်ခဲ့တာပါ။

ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်လှိုင်က “အခန့်မသင့်ဖြစ်သွားရတဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျနော့်တပ်ဖွဲ့ဝင်တွေ မှားသွားတဲ့အပေါ်မှာ တပ်ဖွဲ့ဝင်တွေကိုယ်စား ကျနော်တို့ တောင်းပန်ပါတယ်။ ဖြေလျှော့ပြီးတော့ ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ ပြောပါတယ်။

ဖြစ်စဉ်ဖြစ်ပွားရာမှာ ပါဝင်ခဲ့တဲ့ ရေကင်းရဲတပ်ကြပ်ကြီး မျိုးအောင်နဲ့ ရဲတပ်ကြပ် ၁ ဦး၊ ဒုတပ်ကြပ် ၁ ဦးကို ပုသိမ်နယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားရှိပြီး ရဲစည်းကမ်းနဲ့အညီ အရေးယူသွားမယ်လို့ ပုသိမ်မြို့ရေကင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ရေကြောင်းရဲတပ်ဖွဲ့စု(ပုသိမ်)မှ ဒုတပ်ဖွဲ့စုမှူး ဒုရဲမှူးအောင်မိုးနိုင်က “ပြည်သူလူထုနဲ့ ဆက်ဆံရာမှာ ခုလိုရိုင်းပျစွာ ပြုမူဆက်ဆံလို့မရသလို ကျင့်ဝတ်တွေရှိပြီးသား ဖြစ်သလို ခုလို ရိုင်းပျစွာ ပြောဆိုဆက်ဆံခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ခွင့်လွှတ်ပေးဖို့အတွက် တာဝန်ရှိသူတယောက်အနေနဲ့ တောင်းပန်ပါတယ်” လို့ ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်တွေကို မထိခိုက်စေလိုတာကြောင့် အမှုဖွင့်တာတွေ မလုပ်တော့ဘူးလို့ ကျူးလွန်ခံရသူ ကိုဝင်းနိုင်ထွန်းက ပြောပါတယ်။

မင်းထက်မုန်း (ပုသိမ်)

========================

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top