အချစ်အတွက် အသက်ပေးခဲ့ တဲ့ ချစ်သူနှစ်ဦး

တရုတ်နိုင်ငံက အသက် 20အရွယ်ဝန်းကျင်စုံတွဲဟာ ၎င်းတို့ရဲ့မင်္ဂလာပွဲကို မိန်းကလေးဖက်မိသားစုက ကန့်ကွက်လို့ဆိုပြီး နှစ်ယောက်လုံးမြစ်ချောင်းထဲခုန်ချကာ ကိုယ့်ကိုအဆုံးစီရင်မှုဖြစ်ပွားခဲ့ပါတယ် ။

မိန်းကလေးဖက်မှ မိခင်ဖြစ်သူက မင်္ဂလာပွဲအတွက်ဆွေးနွေးဖို့ ယောင်္ကျားလေးဖက်နေအိမ်သို့သွားရောက်ခဲ့ပါတယ် ။ ထို့နောက် ငွေရေးကြေးရေးသဘောတူညီချက်အဖြစ် ယောင်္ကျာလေးဖက်မှ ၎င်းတို့စုံတွဲအတွက် အိမ်တစ်လုံးဝယ်ပေးဖို့တောင်းဆိုခဲ့ပါတယ် ။

ယောင်္ကျားလေးဖက်မှ ဖခင်ဖြစ်သူက ဆင်းရဲသောကြောင့် အိမ်ဝယ်ပေးဖို့မတတ်နိုင်ကြောင်း ၊ ဇနီးဖြစ်သူမှာလည်း ဖျားနာနေကြောင်း ရှင်းပြခဲ့ပေမဲ့လည်း မိန်းကလေးရဲ့မိခင်ဖက်က သဘောမတူနိုင်တော့ဘဲ သမီးဖြစ်သူရဲ့လက်ကိုကိုင်ဆွဲပြီးနောက်ထပ်သမီးဖြစ်သူကို လုံးဝအဆက်အသွယ်မလုပ်ဖို့ပြောဆိုပြီး အဆက်ဖြတ်ခဲ့ပါတယ် ။

သမီးဖြစ်သူ မသေဆုံးခင်တစ်ရက်အလိုက မိခင်ဖြစ်သူနှင့် ရန်ဖြစ်စကားများပြီးနောက် ” အမေ သမီးကိုနောက်ထပ်ဘယ်တော့မှ တွေ့ရတော့မှာမဟုတ်ဘူး ” ဆိုပြီးပြောဆိုကာ နေအိမ်ကနေထွက်လာခဲ့ပါတယ် ။

အဆိုပါစုံတွဲရဲ့ ရုပ်အလောင်းကိုတော့ ရွာသားတွေကမြစ်ချောင်းထဲကနေ တွေ့ရှိခဲ့ကြတာဖြစ်ပါတယ် ။ သတင်းထောက်များက မိန်းကလေးရဲ့မိခင်ဖြစ်သူကို ဖုန်းဆက်ပြီး အဖြစ်အပျက်အကြောင်းအရာမေးမြန်ခဲ့ချိန်မှာတော့ ” ကျွန်မသမီးက သေသွားပါပြီ ၊ ကျွန်မဘားမှ ထပ်မပြောချင်တော့ပါဘူး ” ဟုပြောဆိုပြီးနောက် ဖုန်းချသွားခဲ့ပါတယ် ။

မိဘတွေ သားသမီးအပေါ်ထားရှိတဲ့ မေတ္တာတရားတွေဟာ တစ်ခါတစ်လေတော့လည်း အစွန်းရောက်သွားတာမျိုးဖြစ်တတ်ပါတယ် ။ သေဆုံးသွားတဲ့ စုံတွဲလေးရဲ့အဖြစ်ဟာတရုတ်နိုင်ငံရဲ့ social media ပေါ်မှာ အတော်လေးရေပန်းစားသွားခဲ့ပြီး လူအများစုကတော့ အတော်လေးဝမ်းနည်းကြေကွဲဖွယ်ကောင်းလွန်းတဲ့အဖြစ် ဆိုပြီးသတ်မှတ်ခဲ့ကြပါတယ် ။Jasmine (Mckzone Daily)Source:South China Morning Post

Unicode

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top