မနက်ဖြန်မှာကျရောက်မယ့် သမီးလေးရဲ့(၁)နှစ်ပြည့်မွေးနေ့အမှတ်တရ ရိုက်ကူးထားတဲ့ မိသားစုဓါတ်ပုံလေးကို မျှဝေလာတဲ့ စန္ဒီမြင့်လွင်

ပရိသတ်ကြီးရေ စန္ဒီမြင့်လွင် ကတော့ လူငယ်ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို အခိုင်အမာရရှိထားတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။အဆိုပိုင်းတင်သာမက သရုပ်ဆောင်ပိုင်းမှာပါထူးချွန်တဲ့ သူမကတော့ သီချင်းတွေကို ကိုယ်တိုင်ရေးပြီး သီဆိုလေ့ရှိသလိုသူ့ရဲ့သီချင်းတွေကလည်း ပရိသတ်တွေကြားမှာရေပန်းစားအောင်မြင်ခဲ့ပါတယ်။

စန္ဒီမြင့်လွင်ကတော့ အနုပညာလောကမှာအောင်မြင်နေတဲ့သူဖြစ်တဲ့အပြင် ပျော်ရွှင်သာယာတဲ့အိမ်ထောင်ရေးကို တည်ဆောက်ထားနိုင်သူတစ်ယောက်လည်းဖြစ်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကိုလည်းပိုင်ဆိုင်ထားပါသေးတယ်။သူမကတော့ ဝဝကစ်ကစ်လေးနဲ့ပါးဖောင်းပြီး ချစ်စရာကောင်းလွန်းတဲ့ သမီးလေးရဲ့ ပုံလေးကို ပရိသတ်တွေအတွက် အမြဲမျှဝေပေးလေ့ရှိသူပါတယ်။

ဒီနေ့မှာဆိုရင်တော့စန္ဒီမြင့်လွင် က သမီးလေးရဲ့ (၁)နှစ်ပြည့်မွေးနေ့အမှတ်တရ ရိုက်ကူးထားတဲ့ မိသားစုဓါတ်ပုံလေးကို လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေလာခဲ့ပါတယ်။သူမကတော့ “ မနက်ဖြန် (၁၄.၇.၂၀၂၀) မှာ ကျရောက်မယ့် သမီးလေး “ခင်လင်းထင်@ထရက်ရှာ” ရဲ့ တစ်နှစ်ပြည့်မွေးနေ့အမှတ်တရ မိသားစုဓာတ်ပုံလေးတွေ ရိုက်ထားပါတယ်နော်………သမီးလေးကြီးလာရင်ပြန်ကြည့်ဖို့ပါ။ချစ်တဲ့ ဖေဖေ ????မေမေ”ဆိုပြီး ရေးသားထားပါသေးတယ်။ချစ်တဲ့ ပရိသတ်ကြီးအတွက်စန္ဒီမြင့်လွင် တို့မိသားစုရဲ့ကြည်နူးစရာပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Source-Sandy Myint Lwin

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top