ကလေးဘဝက နိဗ္ဗာန်ဘုံ (သို့) ရန်ကုန်မြို့ရဲ့အပစ်ပယ်ခံနေရာတစ်ခု

ကလေးဘဝက နိဗ္ဗာန်ဘုံ (သို့)
ရန်ကုန်မြို့ရဲ့အပစ်ပယ်ခံနေရာတစ်ခု

ဟုတ်ပါတယ်။ အခုရိုက်ထားတဲ့ ပုံလေးတွေကတော့ ရန်ကုန်မြို့လယ်ခေါင်မှာရှိတဲ့ ငယ်ငယ်တုန်းက အမှတ်တရများစွာရှိခဲ့တဲ့ Yangon Zoo ဘေးက Game City နေရာဟောင်းလေးပဲဖြစ်ပါတယ်။

မှတ်မိပါသေးတယ်။ အရမ်းကို မှတ်မိပါသေးတယ်။ ငယ်ငယ်ကဆိုရင် ကျောင်းပိတ်ပြီဆို ဒီနေရာလေးကိုလာပြီး မိုးပျံရထားစီးတယ်၊ ပင်လယ်ဓားပြစီးတယ်။ အရမ်းကြောက်‌ပေမယ့် အရမ်းလည်း ပျော်ခဲ့ရတယ်။ လူတွေကလည်း အများကြီး။ ဒီနေရာလေးက အားလုံးရဲ့တစ်ခုတည်းသော happy zone လေးတစ်ခုဖြစ်ခဲ့တာကို မှတ်မိနေပါသေးတယ်။

ဒါပေမယ့် အခုချိန်မှာတော့ နေရာဟောင်းကြီးတစ်ခုဖြစ်သွားပါပြီ… အရာရာအားလုံးမှာ အတိတ်က အမှတ်တရတွေရဲ့ အငွေ့နဲ့ပုံရိပ်တွေသာ ကျန်ရစ်နေပြီး လက်တွေ့မှာ မရှိတော့တဲ့ အပျက်အစီး zone တစ်ခုကိုသာ ဝမ်းနည်းစွာနဲ့တွေ့ခဲ့ရပါတယ်။ ရင်ထဲမှာ တစ်သသနဲ့နှမြောစိတ်တွေ၊ ငယ်ငယ်တုန်းက ပြန်မရနိုင်တော့တဲ့ အမှတ်တရတွေကို တမ်းတမိတယ်။ စိတ်ထဲမှာ ကိုယ်သဘောကျတဲ့ ပစ္စည်းလေးတစ်ခုကို အပျက်အစီးတွေကြား ပြန်တွေ့လိုက်ရသလိုပဲ။

သူတာဝန်ကျေခဲ့ပါတယ်။ နှစ်ပေါင်းများစွာ အားလုံးကို ပျော်ရွှင်အောင် သူလုပ်ပေးနိုင်ခဲ့ပါတယ်။ ရန်ကုန်ဆိုတဲ့ ပြယုဒ်တစ်ခုအတွက် သူဂုဏ်ဆောင်ပေးခဲ့ပါတယ်။ သူတာဝန်ကျေပါတယ်။

မည်သည့်အရာကြောင့် ဒီလိုအပစ်ပယ်ခံဖြစ်ခဲ့ရသည်ကို မသိ‌ေပမယ့်
အကယ်၍ တစ်နေ့တစ်ချိန်မှာ…
တောကြီးတစ်ခုလိုဖြစ်နေတဲ့ ဒီ zone လေးသာ သူ့ကိုပစ်ထားတဲ့ အချိန်တွေအတွက် အတိုးချပြီး အရင်ကထပ်ပိုကောင်း၊ ပိုပျော်ရွှင်စရာကောင်းတဲ့ zone လေးတစ်ခုအဖြစ် အသက်ပြန်ဝင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့တတွေ ကလေးလေးတစ်ယောက်လို ဒီနေရာမှာ ပျော်ရွှင်စွာ ခုန်ပေါက်နေမိဦးမှာပါပဲ..

#Credit May Thet & Credit photo

———————————————

ကလေးဘဝက နိဗ္ဗာန်ဘုံ (သို့)
#ရန်ကုန်မြို့ရဲ့အပစ်ပယ်ခံနေရာတစ်ခု

ဟုတ်ပါတယ်။ အခုရိုက်ထားတဲ့ ပုံလေးတွေကတော့ ရန်ကုန်မြို့လယ်ခေါင်မှာရှိတဲ့ ငယ်ငယ်တုန်းက အမှတ်တရများစွာရှိခဲ့တဲ့ Yangon Zoo ဘေးက Game City နေရာဟောင်းလေးပဲဖြစ်ပါတယ်။

မှတ်မိပါသေးတယ်။ အရမ်းကို မှတ်မိပါသေးတယ်။ ငယ်ငယ်ကဆိုရင် ကျောင်းပိတ်ပြီဆို ဒီနေရာလေးကိုလာပြီး မိုးပျံရထားစီးတယ်၊ ပင်လယ်ဓားပြစီးတယ်။ အရမ်းကြောက်‌ပေမယ့် အရမ်းလည်း ပျော်ခဲ့ရတယ်။ လူတွေကလည်း အများကြီး။ ဒီနေရာလေးက အားလုံးရဲ့တစ်ခုတည်းသော happy zone လေးတစ်ခုဖြစ်ခဲ့တာကို မှတ်မိနေပါသေးတယ်။

ဒါပေမယ့် အခုချိန်မှာတော့ နေရာဟောင်းကြီးတစ်ခုဖြစ်သွားပါပြီ… အရာရာအားလုံးမှာ အတိတ်က အမှတ်တရတွေရဲ့ အငွေ့နဲ့ပုံရိပ်တွေသာ ကျန်ရစ်နေပြီး လက်တွေ့မှာ မရှိတော့တဲ့ အပျက်အစီး zone တစ်ခုကိုသာ ဝမ်းနည်းစွာနဲ့တွေ့ခဲ့ရပါတယ်။ ရင်ထဲမှာ တစ်သသနဲ့နှမြောစိတ်တွေ၊ ငယ်ငယ်တုန်းက ပြန်မရနိုင်တော့တဲ့ အမှတ်တရတွေကို တမ်းတမိတယ်။ စိတ်ထဲမှာ ကိုယ်သဘောကျတဲ့ ပစ္စည်းလေးတစ်ခုကို အပျက်အစီးတွေကြား ပြန်တွေ့လိုက်ရသလိုပဲ။

သူတာဝန်ကျေခဲ့ပါတယ်။ နှစ်ပေါင်းများစွာ အားလုံးကို ပျော်ရွှင်အောင် သူလုပ်ပေးနိုင်ခဲ့ပါတယ်။ ရန်ကုန်ဆိုတဲ့ ပြယုဒ်တစ်ခုအတွက် သူဂုဏ်ဆောင်ပေးခဲ့ပါတယ်။ သူတာဝန်ကျေပါတယ်။

မည်သည့်အရာကြောင့် ဒီလိုအပစ်ပယ်ခံဖြစ်ခဲ့ရသည်ကို မသိ‌ပေမယ့်
အကယ်၍ တစ်နေ့တစ်ချိန်မှာ…
တောကြီးတစ်ခုလိုဖြစ်နေတဲ့ ဒီ zone လေးသာ သူ့ကိုပစ်ထားတဲ့ အချိန်တွေအတွက် အတိုးချပြီး အရင်ကထပ်ပိုကောင်း၊ ပိုပျော်ရွှင်စရာကောင်းတဲ့ zone လေးတစ်ခုအဖြစ် အသက်ပြန်ဝင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့တတွေ ကလေးလေးတစ်ယောက်လို ဒီနေရာမှာ ပျော်ရွှင်စွာ ခုန်ပေါက်နေမိဦးမှာပါပဲ..

#Credit May Thet & Credit photo

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top