မင်းသမီးချောလေး နန်းဆုရတီစိုး ဟာ အနုပညာလမ်းခရီးမှာ ပရိသတ်တွေရဲ့ အချစ်တွေနဲ့ နေရာတစ်နေရာကိုအကောင်းဆုံး ရပ်တည်ထားနိုင်ခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။ နန်းဆုရတီစိုး ကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ သူမက အဆိုပိုင်းမှာလည်း ထူးခြားတဲ့ အသံလေးတွေနဲ့ အဆိုကောင်းသူလေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပျိုမဒီလေးတွေ သဘောကျကြိုက်နှစ်သတ်တဲ့ ဖက်ရှင်မျိုးစုံကို ဝတ်ဆင်လေ့ရှိ တာကိုလည်းတွေ့ရပါတယ်။
လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကို လက်ခံဖို့ ချစ်ခင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်- မလိုအပ်ဘူးထင်ပြီး သင့် ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွားခဲ့ရင်တော့ သင် မိတ်ပျက်ပါပြီ- ဒါကြောင့် ဒီ ဗီဒီယိုလေးကိုသာ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ
နန်းဆုရတီစိုး ဟာဆိုရင် ဖြူဖွေးလှပတဲ့ အသားအရည်လေးတွေအပြင် ကျစ်လှစ်သွယ်လျတဲ့ ကိုယ်ခန္ဓာလေးကိုလည်း ပိုင်ဆိုင်ထားကာ ဂျပန်မလေးတစ်ယောက်လို လှရက်လွန်းသူလေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နုပျိုလှပနေတဲ့ ပင်ကိုယ်အလှတရားတွေ ကလည်း ဆယ်ကျော်သက်တွေတောင် အရှုံးပေးရလောက်ပါတယ်။ ယခုမှာဆိုရင်လည်း နန်းဆုရတီစိုးက မြင်သူတိုင်းချစ်အားပိုစေမယ့် သူမရဲ့ အပန်းဖြေခရီးသွားရင်း ရိုက်ထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။
ဒီပုံလေးတွေထဲမှာတော့ ရိုးရှင်းအေးချမ်းလှတဲ့ ဖက်ရှင်ဝတ်လေကို ဝတ်ကာ မြန်မာ့ယဉ်ကျေးမှု အငွေ့အသက်တွေ ပါဝင်တဲ့ ရိုးရာအမွေအနှစ်တွေနဲ့ အသည်းယားစရာကောင်းလောက်အောင် ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း နန်းဆုရတီစိုး က ”
အိုဘယ်လို မင်းက ကိုယ်ကြိုးဆွဲရာကမယ့် ကိုယ့်ရဲ့ရုပ်သေးရုပ်လေးဖြစ်ချင်တာတဲ့လား ” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာ မှာရေးသားဖော်ပြထားပါတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ရိုးရှင်းအေးချမ်းတဲ့ အလှတရားတွေနဲ့ ရင်ခုန်အောင် ဖမ်းစားထားတဲ့ နန်းဆုရတီစိုး ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။