ရောင်းသူ များနေပေမယ့် ရွှေဈေး မကျရတဲ့ အကြောင်းရင်းကို ရွှေလုပ်ငန်းဥက္ကဌ ပြောလိုက်ပြီ

ပြည်တွင်းမှာ တွင်းတွေကထွက်ရှိတဲ့ ရွှေ အပြင် အထည်ပျက်ရောင်းချတဲ့ ရွှေတွေက များနေပေမယ့် ဈေးကျမလာတာက ထုတ်လုပ်မှုစရိတ်ဆက်လက်မြင့်တက်နေဆဲဖြစ်တာကြောင့်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA)ဥက္ကဋ္ဌ ဦးမျိုးမြင့်က မြန်မာ့ပလက်ဖောင်းကိုပြောပါတယ်

“အခုတွင်းတွေကရွှေတွေကလည်း ရန်ကုန်စပို့ပြီ ဒီမှာလည်းအရင်က အထည်ပျက် ရောင်းထားတာတွေကလည်းရှိတော့ ရွှေကပေါပေါများများအိုင်နေတဲ့အနေအထားပေါ့ ဒါပေမယ့် ရွှေဈေးက လောလောဆယ်တော့ကျမသွားနိုင်ဘူး။ ထုတ်လုပ်တဲ့စရိတ်မှာ ဓာတ်ဆီတို့ ဒီဇယ်ဆီတို့က မကျသေးတော့ ရွှေဈေးမကျဘူး။ ဆီဈေးတွေကျမှပဲ ရွှေဈေးကလိုက်ကျမှာ အခုရန်ကုန်မှာ အရောင်းများပြီး အဝယ်နည်းတယ်။ ပြည်ပနဲ့ ချိတ်ဆက်ရောင်းဝယ်တဲ့ ရွှေဈေးကွက်ကလည်း ကမ္ဘာ့ရွှေဈေးအတက်အကျကြမ်းနေလို့ လုပ်လို့မရဘူး။ ကမ္ဘာ့ဈေးငြိမ်မှပဲ လုပ်လို့ရမှာ”လို့ ဦးမျိုးမြင့်ကပြောပါတယ်

လက်ရှိ ပြင်ပရွှေပေါက်ဈေးက အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၆ သိန်းခွဲ ဝန်းကျင်မှာရှိနေပြီး ရွှေဈေးအနေနဲ့ ပြည်တွင်းဒေါ်လာဈေးနှုန်း၊ ကမ္ဘာ့ရွှေဈေးနှုန်းနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်တွေအပေါ် မူတည်ကာ ဈေးအတက်အကျရှိတာဖြစ်တယ်လို့ သိရပါတယ်။

ပြင်ပဒေါ်လာဈေးအနေနဲ့ တစ်ဒေါ်လာကို ကျပ် ၂၈၀၀ ဝန်းကျင်မှာရှိပေမယ့် ရွှေဈေးကျသင့်သလောက်မကျတာက ထုတ်လုပ်မှုကုန်ကျစရိတ်တွေရှိလို့ လို့ ရွှေအသင်းကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက ဒီဇင်ဘာ ၁၃ ရက်နေ့အတွက် ထုတ်ပြန်တဲ့ ရွှေရည်ညွှန်းဈေးကတော့ မီးလင်းရွှေတစ်ကျပ်သားကို ကျပ် ၂၁ သိန်းဝန်းကျင်ဖြစ်ပါတယ်။

Crd

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top