မြန်မာတွေဟာ လူ ၂ ယောက်ရှိရင် ၃ ဖွဲ့ကွဲတဲ့ လူမျိုးလို့ ပြောကြတာ ကြားဖူးကြမယ်ထင်ပါတယ်။ ဒါဘာလို့လဲ..?
၁ – အတူတကွ ပေါင်းစည်းလုပ်ကိုင်တဲ့ နေရာမှာ တာဝန်နဲ့ရပိုင်ခွင့် ခွဲဝေမှူအစီအစဉ်တွေကို ရှင်းလင်းစွာ သဘောတူညီမှု ယူမထားကြဘူး။ မင်းရဲ့တာဝန်က ဒါ၊ မင်းရဲ့ ရပိုင်ခွင့်က ဒါ၊ ငါ့တာဝန်ကဒါ၊ ငါ့ရပိုင်ခွင့်က ဒါ၊ ဆိုတာမျိုးမရှိပဲ လုပ်ငန်းတွေကိုစလုပ်ကြတာများတယ်။ အဲ့အတွက် သူပိုလုပ်ရတယ် ငါပိုလုပ်ရတယ် သူပိုရတယ် ငါပိုရတယ် ဖြစ်လာကြပြီး ကွဲကြတာများပါတယ်။
၂ – စကားပြောတဲ့နေရာမှာ အလာဘ သလာဘ ပြောတာနဲ့ official ပြောတာကို မခွဲခြားတတ်ကြဘူး။ အလုပ်နဲ့ပက်သက်ရင်လဲ စာနဲ့အသိပေး တင်ပြညွှန်ကြားတာရှားတယ်။ ဖုန်းနဲ့ပြောတယ် လူခြင်းတွေ့ပြီးပြောတယ်။ ပါးစပ်နဲ့ညွှန်ကြားတာများကြတဲ့အတွက် နောင်တချိန်ပြန်ပြီး စစ်ဆေးတဲ့နေရာမှာ prove လုပ်ဖို့ခက်တာမျိုးတွေကြုံရတယ်။
၃ – FOC အလကားလုပ်ပေးကြတဲ့ / အလကားလိုချင်ကြတဲ့ ယဉ်ကျေးမှုထွန်းကားနေခြင်းကလဲ professional အဖြစ် အလုပ်လုပ်တဲ့နေရာကိုလာပြီး အနှောင့်အယှက်ဖြစ်စေပါတယ်။ အလုပ်မှာ တချို့အရာတွေကို FOC အဖြစ်ထားရှိခြင်းက ဝန်ထမ်းတွေရဲ့ အကျင့်စာရိတ္တကိုပါ ထိခိုက်လာနိုင်ချေတွေရှိပါတယ်။
၄ – problem – solution – result ကို သေချာမသိကြတာကိုလဲ တွေ့ကြုံရပါတယ်။ ပြဿနာတခုဖြေရှင်းဖို့ အစည်းအဝေးလုပ်ပေမယ့် ပြဿနာအကြောင်းပြောရင်း အစည်းအဝေးသာပြီးသွားတယ်။ အဖြေမရဘူး။ အဖြေရတဲ့အထိလဲဆက်မလုပ်ကြဘူး။
၅ – လုပ်ငန်းရဲ့ ရှေ့ဆက်ရမယ့် အလုပ်တွေကိုပြောကြတဲ့အခါ ဒီ project ကို ဘယ်သူကတာဝန်ယူအကောင်အထည်ဖော်မလဲဆိုတာမျိုး by name နဲ့သတ်မှတ်တာမျိုးနဲတာလဲတွေ့ရတယ်။
၆- ပူးပေါင်းလုပ်ကိုင်ရာမှာ တူညီတာတွေကိုရှာပြီး ပူးပေါင်းဖို့ထက် မတူညီတာတွေကို ရှာပြီး အပစ်ပြောကြတာများတာကြောင့် အဖွဲ့တွေကွဲကြတာများပါတယ်။ ဆက်ရေးရင် အများကြီးရှိသေးတယ်။ သုသေတနစာတမ်းအနေနဲ့ရေးရင် ပိုကောင်းမှာပဲ.. (PSO)
Crd 🙏
Zawgyi