စက်သုံးဆီ သုံးစွဲဖို့ မလိုတဲ့ စက်ဘီးလို ယာဥ်တွေကို တိုင်းချစ်ပြည်ချစ်စိတ်နဲ့ အသုံးပြုကြစေလိုတယ်ဆိုပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလာပါတယ်။
မနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံချိန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလိုပြောလိုက်တာပါ။
စက်သုံးဆီကို ပြည်ပကနေ နှစ်စဥ် တင်သွင်းနေရပြီး နိုင်ငံခြားငွေသုံးစွဲမှု များစွာ ကျန်ကျနေတာကြောင့် စက်သုံးဆီ တတ်နိုင်သမျှ ချွေတာဖို့ နည်းလမ်းတစ်ရပ်အနေနဲ့ အခုလို အခုလို တိုက်တွန်းတာလို့ သူက ပြောပါတယ်။
စစ်ခေါင်းဆောင်ဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံမှုတိုင်းမှာ လျှပ်စစ်ဓာတ်အားနဲ့ စက်သုံးဆီကိစ္စ၊ စွမ်းအင်လိုအပ်ချက်ကို ထုတ်ပြောလေ့ရှိပါတယ်။
ဒီလိုပြောဆိုနေချိန်မှာပဲ စစ်ကောင်စီဟာ ပြည်တွင်းမှာ စွမ်းအင်လိုအပ်ချက်ကို ဖြည့်တင်းဖို့ရည်ပြီး အသေးစား နျူကလီးယား ဓာတ်ပေါင်းဖိုတွေ တည်ဆောက်ရေးကိစ္စအတွက် ရုရှားနျူကလီးယားစွမ်းအင်ဌာနနဲ့ ခပ်စိပ်စပ်တွေ့ဆုံဆွေးနွေးတာတွေ ရှိနေပါတယ်။
လျှပ်စစ်ဓာတ်အားများကို ချွေတာသုံးစွဲကြပါလို့ မင်း အောင်လှိုင်က ပြောပါတယ်။
“ကချင်ပြည်နယ်အတွင်း ရေအားလျှပ်စစ် ထုတ်ယူနိုင်သည့် အရင်းအမြစ်များစွာရှိပြီးဖြစ်သဖြင့် အကျိုးရှိစွာ အသုံးချစေလိုကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အချိန်ကာလတစ်ခုအထိ ကြာမြင့်ပြီး ရင်းနှီးမြှုပ်နှံမှုများစွာဖြင့် ဆောင်ရွက်ရကြောင်း၊
လျှပ်စစ်ဓာတ်အား လိုအပ်မှုများကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်း၊ လေအားအသုံးပြု လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင် ကြောင်း၊ တစ်ဖက်မှလည်း လျှပ်စစ်ဓာတ်အားများကို ချွေတာသုံးစွဲကြရန်လိုတယ်” လို့ ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမမှာ တွေ့ဆုံစဉ်ပြောတာပါ။
နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ် သကဲ့သို့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည်လည်းအရေးကြီးတယ်လို့လည်းက ယင်းက ထပ်မံပြောပါတယ်။
Crd
Zawgyi
စက်သုံးဆီသုံးစွဲတာချွေရေး နည်းလမ်းတစ်ရပ်အနေနဲ့ စက်ဘီးစီးကြဖို့ စစ်ခေါင်းဆောင်ပြောပြန်
စက်သုံးဆီ သုံးစွဲဖို့ မလိုတဲ့ စက်ဘီးလို ယာဉ်တွေကို တိုင်းချစ်ပြည်ချစ်စိတ်နဲ့ အသုံးပြုကြစေလိုတယ်ဆိုပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလာပါတယ်။
မနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံချိန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလိုပြောလိုက်တာပါ။
စက်သုံးဆီကို ပြည်ပကနေ နှစ်စဉ် တင်သွင်းနေရပြီး နိုင်ငံခြားငွေသုံးစွဲမှု များစွာ ကျန်ကျနေတာကြောင့် စက်သုံးဆီ တတ်နိုင်သမျှ ချွေတာဖို့ နည်းလမ်းတစ်ရပ်အနေနဲ့ အခုလို အခုလို တိုက်တွန်းတာလို့ သူက ပြောပါတယ်။