စံချိန်သစ်တွေ ထပ်ချိုးသွားတဲ့ ဘောလုံးနတ်ဘုရား မက်ဆီနဲ့ ထိုက်တန်တဲ့ ရလဒ် ရသွားတဲ့ အာဂျင်တီးနား

ယနေ့ ယှဉ်ပြိုင်ကစားတဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ် ပထမပွဲစဉ်မှာတော့ ဘောလုံး အင်အာကြီး အာဂျင်တီးနား အသင်းက ခရိုအေးရှား အသင်းကို ၃-၀ ဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။

အာဂျင်တီးနားအတွက် သွင်းဂိုးတွေကို မက်ဆီက ပင်နယ်တီမှ တဆင့် တဂိုးသွင်းယူပြီး လူငယ်တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်က ခြေစွမ်းပြပြီး ၂ ဂိုးသွင်းယူခဲ့ပါတယ်။

ယခုပွဲမှာ ဘောလုံးဂန္ထဝင် မက်ဆီအနေနဲ့ လက်ရှိ ကမ္ဘာ့ဖလား ပြိုင်ပွဲ ရဲ့ သွင်းဂိုး အများဆုံး (၅ ဂိုး) ၊ ဂိုးဖန်တီးမှု အများဆုံး(၃ ကြိမ်) ၊ သွင်းဂိုး ပါဝင် ပတ်သက်မှု အများဆုံး (၈ ဂိုး) ကစားသမား ဖြစ်လာခဲ့ပါတယ်။

အာဂျင်တီးနားအသင်းအနေနဲ့ ကမ္ဘာ့ဖလားဆီးမီးဖိုင်နယ်ပွဲစဉ်များမှာ ရှုံးနိမ့်ခဲ့ဖူးခြင်း မရှိတဲ့ မှတ်တမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး ခြောက်ကြိမ်မြောက် ကမ္ဘာ့ဖလားဗိုလ်လုပွဲ တက်ရောက်လာခြင်းဖြစ်ကာ မက်ဆီအတွက် ဒုတိယအကြိမ် ကမ္ဘာ့ဖလားဗိုလ်လုပွဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အာဂျင်တီးနားအသင်းအနေနဲ့ ဗိုလ်စွဲဖို့ ထင်ကြေး အပေးခံရဆုံးအသင်း ဖြစ်နေပြီး ဗိုလ်လုပွဲမှာ မနက်ဖြန် ယှဉ်ပြိုင်ကစားမယ့် ပြင်သစ်နဲ့ မော်ရိုကို အသင်းက အနိုင်ရရှိတဲ့ အသင်းနဲ့ ဆုံတွေ့ရမှာ ဖြစ်ပါတယ်။

Crd

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top