ရုရှားနိုင်ငံက ကမ္ဘာ့ပထမဆုံး ကိုဗစ်ကာကွယ်ဆေး လူသားတွေမှာ စမ်းသပ်မှုအောင်မြင်…
ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်မယ့် ကမ္ဘာ့ပထမဆုံး ထိုးဆေးကို လူသားတွေမှာ စမ်းသပ်ထိုးနှံမှုအောင်မြင်သွားခဲ့ပါပြီ။ ရုရှားနိုင်ငံရဲ့ ကူးစက်ရောဂါနဲ့ အဏုမြူပိုးမွှားဆိုင်ရာ ဂါမာလိုင်သိပ္ပံဌာန (Gamalei Institute of Epidemiology and Microbiology) က ထုတ်လုပ်ခဲ့တဲ့ အဲဒီကာကွယ်ဆေးကို ဇွန်လ ၁၈ ရက်ကစပြီး ရုရှားဆေးတက္ကသိုလ် (Sechenov First Moscow State Medical University) မှာ လူသားဆိုင်ရာ စမ်းသပ်ထိုးနှံမှုတွေ ပြုလုပ်ခဲ့တာပါ။
ပထမတစ်သုတ်မှာ စမ်းသပ်ထိုးနှံမှု ခံယူတဲ့ စေတနာ့ဝန်ထမ်း ၁၈ ယောက် ပါဝင်ခဲ့ပြီး ဇွန်လ ၂၃ ရက်မှာတော့ ဒုတိယတစ်သုတ်အဖြစ် စေတနာ့ဝန်ထမ်း အယောက် ၂၀ ကို စမ်းသပ်ထိုးနှံခဲ့ပါတယ်။
ပထမတစ်သုတ်မှာ ပါဝင်ခဲ့သူတွေဟာ ၂ ရက်၊ ၃ ရက်အတွင်း ဆေးရုံကဆင်းခွင့်ရတော့မှာဖြစ်ပြီး ဒုတိယအသုတ်မှာ ပါဝင်ခဲ့သူတွေကိုတော့ ဇူလိုင်လ ၂၀ ရက်မှာ ဆေးရုံကဆင်းခွင့်ပေးမှာပါ။
လူသားတွေကို အဲဒီထိုးဆေး ထိုးပေးရင် ဘေးအန္တရာယ်ဖြစ်စေနိုင်မလား၊ ဘယ်လိုဘေးထွက်ဆိုးကျိုးရှိမလဲ၊ ဆေးပမာဏ ဘယ်လောက်ပေးရမလဲ ဆိုတာသိရစေဖို့ အခုလိုစမ်းသပ်မှုလုပ်ခဲ့တာဖြစ်ပြီး စမ်းသပ်မှုအောင်မြင်ခဲ့တဲ့အတွက် ဈေးကွက်ထဲကို ထုတ်လုပ်ဖြန့်ဖြူးဖို့ စိတ်ချရပြီလို့ ဆေးချီနော့ဗ်ဆေးတက္ကသိုလ် (Sechenov Medical University) ရဲ့ ဒါရိုက်တာ လူကာရှက်ဗ် (Alexander Lukashev) က ပြောပါတယ်။
ကမ္ဘာ့နိုင်ငံများသည် ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်မှု ဖိအားကြောင့် ရုန်းကန်နေရစဉ်တွင် Sechenov Medical University သည် ပညာရပ်ဆိုင်ရာတက္ကသိုလ်ဆိုသည်ထက် ဤကာကွယ်ဆေးအတွက် သိပ္ပံနှင့်နည်းပညာသုတေသနစင်တာ အဖြစ် ပေါ်ထွက်ခဲ့သည်ဟု Tarasov က မှတ်ချက်ပြုခဲ့သည်။ ဒါရိုက်တာ Tarasov က Translational Medicine and Biotechnology အဖွဲ့အစည်းသည် ကာကွယ်ဆေးဆိုင်ရာ ရှေးဦးလက်တွေ့လေ့လာမှုများ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှင့် လက်တွေ့စမ်းသပ်မှုများကို လုပ်ဆောင်ခဲ့သည်ဟု ပြောသည်။
ဤအတောအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အောက်စဖို့ဒ်မှထုတ်သည့်ကာကွယ်ဆေးသည် ထိပ်တန်းမှဦးဆောင်နေသော ကာကွယ်ဆေးဖြစ်ကြောင်း ပြီးခဲ့သည့်လကပြောခဲ့သည်။
အောက်စဖို့ဒ်ကာကွယ်ဆေး AstraZeneca သည် စမ်းသပ်မှုအဆင့်သုံးဖြစ်သည့် လက်တွေ့စမ်းသပ်မှုလုပ်ဆောင်နေစဉ် ရုရှားကာကွယ်ဆေးက မကြာမီ ဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့်ရောင်းချနိုင်မည်ဟု မျှော်လင့်ရသည်။
==================