ယနေ့ည ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်မှာ လက်ရှိချန်ပီယံ ပြင်သစ်အသင်းက မော်ရိုကို အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
ပွဲအစ ၄ မိနစ်ကတည်းက ဦးဆောင်ဂိုး ရရှိခဲ့တဲ့ ပြင်သစ်အသင်းဟာ မော်ရိုကိုအသင်းကို ဘောလုံး ပေးကစားပြီး လိုအပ်နေတဲ့ ဂိုးတွေကို သွင်းယူနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို နှစ်ကြိမ်ဆက်တိုက် တက်ရောက် သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပြင်သစ်အသင်းကို ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက်မှာ မော်ရိုကို အသင်းအနေနဲ့ ချေပဂိုး ရရှိဖို့ အသည်းအသန် ကြိုးစားခဲ့ပေမယ့် ဒဏ်ရာ ပြဿနာများ ရှိနေခြင်း၊ ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမား မရှိခြင်း စတာတွေကြောင့် ဒုတိယဂိုးပါ ပေးလိုက်ရပြီး အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။
ပြင်သစ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ မော်ရိုကို အသင်းဟာ စနေနေ့မှာ ခရိုအေးရှားအသင်းနဲ့ တတိယနေရာလုပွဲ ကစားရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ကို ပထမဆုံးတက်ရောက်နိုင်ခဲ့တဲ့ အာဖရိက အသင်း မော်ရိုကိုရဲ့ ဆောင်းအိပ်မက်ကတော့ အခုချိန်မှာ နိဂုံးချုပ်သွားပြီ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့မှာ ကစားကြမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာတော့ ပြင်သစ် အသင်း အနိုင်ရရှိပါက နှစ်ကြိမ်ဆက်တိုက် ချန်ပီယံအသင်းအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်သလို အာဂျင်တီးနား အနိုင်ရရှိပါက ဘောလုံးဂန္ထဝင် မက်ဆီအနေနဲ့ သူ့ဘဝမှာ အလိုချင်ဆုံး ကမ္ဘာ့ဖလားကြီးကို ရရှိမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲ ပြီးဆုံးကာနီးလေ စိတ်ဝင်စားဖို့ ကောင်းလာလေ ဖြစ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို ရင်ခုန်စွာနဲ့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
Crd
Zawgyi