ကျောင်းမှာလာပြီး လျှောကစားနေတဲ့ ဝက်ဝံသားအမိတို့ရဲ့ ချစ်စဖွယ်မြင်ကွင်း

စက်တင်ဘာလ ၂၃ ရက်နေ့မှာ Daily Mail က ဝက်ဝံနှစ်ကောင်ရဲ့ ချစ်စရာရှားပါးဗီဒီယိုကလစ်တစ်ခုကို ထုတ်ဖော်ပြသခဲ့ပါတယ် ။ အဖြစ်အပျက်ကို ရုပ်သံဖိုင်မှာ စက်တင်ဘာ ၂၁ ရက်က မှတ်တမ်းတင်ထားတာပါ ။ အဆိုပါဗီဒီယိုဖိုင်မှာ ဝက်ဝံနက်ကြီးက ၎င်းရဲ့ သားပေါက်များကို Asheville ရှိ Isaac Dixon မူလတန်းကျောင်းက ကစားကွင်းမှာ လျှောကစားရန် သင်ပေးနေတာကို ပြထားပါတယ်

အမေက သူ့ကလေးများအတွက် လျှောစီးတာကို သင်ပေးတဲ့ပုံစံ တူနေပါတယ် ။ ဒီအဖြစ်အပျက်ဟာ ကျောင်းအတွင်းက ဆရာတွေရဲ့မျက်စိရှေ့မှာ ဖြစ်ခဲ့တာပါ ။ နောက်ပြီး သူတို့က ဝက်ဝံမိခင်ကို “ချစ်လေး၊ မင်းလုပ်နိုင်တယ်” ဆိုပြီး အသံသွင်းခဲ့လိုက်ပါသေးတယ် ။

နောက်ဆုံးတော့ ဝက်ဝံကလေးက သတ္တိကို စုဆောင်းပြီး သူ့ကိုစောင့်နေတဲ့ အမေဆီကိုလျှောစီးချနိုင်ခဲ့ပါတယ် ။ဒီအဖြစ်အပျက်မှာ ပါဝင်ပတ်သက်ခဲ့တဲ့ ကျောင်းရဲ့စတုတ္ထတန်းဆရာမ Betsie Stockslager Emry က ဗီဒီယိုကို သူမရဲ့ Facebook စာမျက်နှာမှာ တင်ခဲ့တာပါ ။

ထိုအချိန်က ကျောင်းသားအားလုံး အိမ်ပြန်ချိန်ဖြစ်တာကြောင့် ဆရာဆရာမတစ်စုက မြင်တွေ့ခဲ့ပြီး ဝက်ဝံတို့ရဲ့ ချစ်စဖွယ်ကလစ်များကိုမှတ်တမ်းတင်ခဲ့ကြပါတယ် ။ ၎င်းကိုမြင်သော လူများစွာတို့ကလည်း အလွန်နှစ်သက်ခဲ့ကြရပါတယ် ။

“ဒါကအံ့သြစရာပဲ! ငါ့ကလေးတွေဆို ဒါလေးတွေ ကြည့်ရတာကြိုက်တယ် ! “။ “အလို!!!!!! ချစ်စရာလေးတွေဘဲ ” ဆိုပြီး ဗီဒီယိုဖိုင်ကို Netizens တွေက မှတ်ချက်ပေးကြပါတယ် ။

crd

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top