ယနေ့ ညဦးပိုင်းမှာ မြန်မာနိုင်ငံ အနှံအပြားမှာ ထူးဆန်းတဲ့ အလင်းတန်းကြီးကို လူအများအပြား မြင်တွေ့ခဲ့ကြပါတယ်။ အဆိုပါ အလင်းတန်းကြီးနဲ့ ပတ်သက်ပြီး မြန်မာပြည်သူများအနေနဲ့ အမျိုးမျိုး သုံးသပ်ချက်တွေ ပြုလုပ်နေကြပါတယ်။
အစက နာဆာရဲ့ လွှတ်တင်လိုက်တဲ့ ဒုံးပျံလို့ ထင်ခဲ့ကြပေမယ့်လည်း နာဆာက ယနေ့ လွှတ်တင်မယ့် အစီအစဉ်ကို နောက်ဆုတ်ထားတယ်လို့ သိရပါတယ်။ ထူးဆန်းတဲ့ အလင်းတန်းကြီးရဲ့ အကြောင်းအရင်းကို အောက်မှဦ ဖော်ပြလိုက်ပါတယ်-
မြန်မာနိုင်ငံတစ်ဝန်း ဒီဇင်ဘာ ၁၅ ရက် ည ၆ နာရီကျော်ဝန်းကျင်မှာ ကြီးမားတဲ့အလင်းတန်းကြီး ဖြတ်ပျံသန်း သွားမှုနဲ့ပတ်သတ်လို့ အားလုံး အထိတ်တလန့်ဖြစ်နေကြချိန် နာဆာက ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ရှင်းလင်း ထုတ်ပြန်လိုက်ပါတယ်။
အခု အားလုံးမြင်လိုက်ရတဲ့ အလင်းတန်းအကြီးကြီးဟာ ကမ္ဘာနဲ့ နီးကပ်စွာပျံသန်းနေတဲ့ ဂြိုလ်သိမ် 2022 XO သာဖြစ်ပြီး ဒီနေ့ ဖြတ်သန်းမှုဖြစ်စဉ်မှာ နာဆာရဲ့ အာကာသကြည့်မှန်ဘီလူးတွေအရ ၆၄ ပေ ထုရှိတဲ့ ဂြိုဟ်သိမ် တစ်ခု ပျံသန်းနေခြင်းသာဖြစ်တယ်လို့ဆိုပါတယ်။
ဒါပေမဲ့ နာဆာက ဒီဂြိုဟ်သိမ်ဟာ နောက်ရက်အနည်းငယ်အတွင်း ဆက်လက်ပျံသန်းနေပြီး အစိုင်အခဲက ကမ္ဘာ ပေါ်ကျချိန် ထုမလျှော့သွားရင် အန္တရာယ်အတိုင်းအတာတစ်ရပ်အထိ ရှိနိုင်တယ်လို့ သတိပေးချက်ထုတ်ပြန်ခဲ့ပါ တယ်။
လက်ရှိ ဒီဂြိုလ်သိမ်ဟာ ကမ္ဘာမြေနဲ့ ကီလိုမီတာ ၃ .၂ သန်းအမြင့်မှာ ပျံသန်းသွားတာဖြစ်ပြီး ပျံသန်းနေတဲ့ အရှိန် ကတော့ တစ်နာရီ ကီလိုမီတာ ၃၀၈၈၈ နှုန်းနဲ့ ဖြတ်ပျံသွားတာပါ။
နာဆာကတော့ ဒီအမြင့်၊ ဒီအရှိန်နဲ့ ပျံသန်းနေ တဲ့ ဒီထုရှိတဲ့ ဂြိုဟ်သိမ်ဟာ အန္တရာယ် သိပ်မရှိနိုင်လောက်ဘဲ ပွန်းပဲ့တိုက်စားသွားမယ်လို့ ထင်မြင်ချက်ပေးထား ပါတယ်။
Crd
Zawgyi