မနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်နှင့် ၇ နာရီ ဝန်းကျင်လောက်တွင် ထူးဆန်းသည့် အလင်းတန်းတစ်ခုကို မြန်မာပြည်တဝန်း ဒေသတော်တော်များများမှ မြင်တွေ့ခဲ့ရပါတယ်။ အဆိုပါအလင်းတန်းအပေါ် အမျိုးမျိုး မှတ်ချက်ပြုကာ ကြယ်တံခွန် ၊ ယာဉ်ပျံ ၊ ဒုံးပျံ စသည်ဖြင့် ပြောဆိုနေကြပါတယ်။
အဆိုပါ ကြီးမားတဲ့ အလင်းတန်းကြီး ဖြတ်ပျံသန်း သွားမှုနဲ့ပတ်သတ်လို့ အားလုံး အထိတ်တလန့်ဖြစ်နေကြချိန် NASA က ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ရှင်းလင်း ထုတ်ပြန်လိုက်ပါတယ်။
အခု အားလုံးမြင်လိုက်ရတဲ့ အလင်းတန်းအကြီးကြီးဟာ ကမ္ဘာနဲ့ နီးကပ်စွာပျံသန်းနေတဲ့ ဂြိုလ်သိမ် 2022 XO သာဖြစ်ပြီး ဒီနေ့ ဖြတ်သန်းမှုဖြစ်စဉ်မှာ နာဆာရဲ့ အာကာသကြည့်မှန်ဘီလူးတွေအရ ၆၄ ပေ ထုရှိတဲ့ ဂြိုဟ်သိမ် တစ်ခု ပျံသန်းနေခြင်းသာဖြစ်တယ်လို့ဆိုပါတယ်။
ဒါပေမဲ့ နာဆာက ဒီဂြိုဟ်သိမ်ဟာ နောက်ရက်အနည်းငယ်အတွင်း ဆက်လက်ပျံသန်းနေပြီး အစိုင်အခဲက ကမ္ဘာ ပေါ်ကျချိန် ထုမလျှော့သွားရင် အန္တရာယ်အတိုင်းအတာတစ်ရပ်အထိ ရှိနိုင်တယ်လို့ သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိ ဒီဂြိုလ်သိမ်ဟာ ကမ္ဘာမြေနဲ့ ကီလိုမီတာ ၃ .၂ သန်းအမြင့်မှာ ပျံသန်းသွားတာဖြစ်ပြီး ပျံသန်းနေတဲ့ အရှိန်ကတော့ တစ်နာရီ ကီလိုမီတာ ၃၀၈၈၈ နှုန်းနဲ့ ဖြတ်ပျံသွားတာပါ။ နာဆာကတော့ ဒီအမြင့်၊ ဒီအရှိန်နဲ့ ပျံသန်းနေတဲ့ ဒီထုရှိတဲ့ ဂြိုဟ်သိမ်ဟာ အန္တရာယ် သိပ်မရှိနိုင်လောက်ဘဲ ပွန်းပဲ့တိုက်စားသွားမယ်လို့ ထင်မြင်ချက်ပေးထားပါတယ်။
Crd
Zawgyi