ပျောက်ဆုံးနေတဲ့ ကလေးငယ်အား ခေါ်ယူထားသည့် အိမ်နီးချင်းများကို သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေး

(၅) ရက်ကြာ ပျောက်ဆုံးခဲ့သည့် ကလေးငယ်ဇွဲဝေယံထွန်းကို ခေါ်ယူထားသည့် အိမ်နီးချင်းများကို သက်ဆိုင်ရာမှ ခေါ်ယူစစ်မေးနေသည်ဟု သိရပါတယ်။

ကလေးငယ်ကို ပျောက်သွားသည့် သူ့အဘွားအိမ်၏ ဘေးအိမ်မှပြန်လည်တွေ့ရှိခဲ့သည်ဟု ကလေးငယ်၏ မိခင်က ဆိုပါတယ်၊၊

ကလေးမိခင်ဖြစ်သူက “ဘေးအိမ်ကနေပြန်တွေ့တာပါရှင်၊ အပေါ်ထပ်မှာ ပြန်တွေ့တာပါ၊ စောင်ခြုံထားတယ်ဆိုတာက ကလေးက အိပ်နေတာပါရှင်၊ အစ်မတို့က ပုံမှန်သက်ဆိုင်ရာကို ကလေးပျောက်တုန်းက အကြောင်းကြားထားတာရှိတဲ့အတွက် စခန်းက အဲ့ဒီအိမ်က သက်ဆိုင်တဲ့သူတွေကို ခေါ်သွားပါတယ်ရှင့်၊၊ အစ်မတို့ကလေးပျောက်နေတယ်ဆိုတာ သူတို့သိပါတယ်ရှင့် ဘာရည်ရွယ်ချက်ကြောင့် ဒီလိုလုပ်ရလဲဆိုတာတော့ အစ်မတို့လည်း ခန့်မှန်းရခက်နေပါတယ်၊၊

ဗေဒင်ဆရာတစ်ဦးက ဒီအိမ်မှာရှိနိုင်တယ်လို့ ပြောတယ်၊၊ ကလေးကိုကျတော့ သူတို့ကပဲ (ခေါ်ထားတဲ့ အိမ်နီးချင်း) ပြန်ဆက်သွယ်ပြီး လာပြောတာပါရှင့်၊၊ အဲ့အိမ်ဘက်က အမျိုးသားတစ်ယောက်က ဒီအိမ်ပေါ်မှာ ကလေးလေးတစ်ယောက် ရှိတယ်၊၊ သူ့ရဲ့အိမ်ထောင်ဖက်အမျိုးသမီးကို သင်္ကာမ ကင်းဖြစ်နေတယ်၊၊ အိမ်ပေါ်ထပ်မှာ ကလေးလေးတစ်ယောက်ရောက်နေတယ် ထင်တယ်ပေါ့နော်၊၊ သူတို့ကအဲလိုလာပြောပါတယ်ရှင့်၊၊ ဒီဘက်က ကလေးလေးဖြစ်ဖို့ များတယ်ပေါ့၊၊ အိမ်အပေါ်တက်ကြည့်လိုက်တော့ အိမ်ကကလေးလေးဖြစ်နေတာပါရှင့်” ဟု ပြောပါသည်၊၊

ဒီဇင်ဘာလ (၁၁) ရက်က ကလေးငယ်မောင်ဇွဲဝေယံထွန်းသည် ၇၁ လမ်း ၃၀ × ၃၁ လမ်းရှိ အဘွားအိမ်တွင် ဆော့နေစဉ်နေ့လည် ၂:၄၅ အချိန်ခန့်တွင် ပျောက်ဆုံးခဲ့ကြောင်းနှင့် ဒီဇင်ဘာ (၁၆) ရက်မနက်တွင် ပျောက်ဆုံးခဲ့သည့် အိမ်၏ဘေးအိမ်အပေါ်ထပ်တွင် အိပ်ပျော်လျက်ပြန်လည်တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်၊၊ (YMG)

Crd

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top