လျှပ်စစ်မီး မပြတ်စေဖို့ ဆောင်ရွက်နေလို့ မီးထပ်ပြတ်မည်ဖြစ်ကြောင်း လျှပ်စစ်ဌာန ထုတ်ပြန်

လျှပ်စစ်မီး မပြတ်စေဖို့ ဆောင်ရွက်နေလို့ မီးထပ်ပြတ်မည်ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာန ထုတ်ပြန်..

မြန်မာနိုင်ငံ၏ ပထမဆုံး ၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ) – စပါးကြွယ် (တောင်ငူ) ဓာတ်အားလိုင်း အပြီးသတ်ချိတ်ဆက်လုပ်ငန်းဆောင်ရွက်မှာမို့ ဝန်အားလျော့နည်းအုံးမယ်လို့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ရေအားလျှပ်စစ်ဓာတ်အားပေးစက် ရုံများမှထွက်ရှိသည့်ဓာတ်အားများကို မြန်မာနိုင်ငံတောင်ပိုင်းသို့ ဗို့အားအဆင့် ၂၃၀ ကေဗွီဓာတ် အားလိုင်းဖြင့် ပို့လွှတ်လျက်ရှိသည်။ ထိုသို့ ပို့လွှတ်ရာတွင် ဓာတ်အားစနစ်အတွင်း အရန်ဓာတ်အားလိုင်းမရှိ၍ ရံဖန်ရံခါ ဓာတ်အားစနစ်အတွင်းတည်ငြိမ်မှုနည်းပါးကာ ဓာတ်အားစနစ်တစ်ခုလုံး လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်း (System Breakdown) ဖြစ်ပေါ်တတ်သည်ဟု သိရသည်။

ယင်း အခြေအနေမှကာကွယ်နိုင်ရန်နှင့် မြန်မာပြည် မြောက်ပိုင်းမှ လျှပ်စစ်ဓာတ်အားများကို တောင်ပိုင်းသို့ ပြည့်ဝစွာသယ်ဆောင်ပို့လွှတ်နိုင်ရန်ရည်ရွယ်၍ ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)- စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်းစီမံကိန်းအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလမှစတင်၍ တည်ဆောက်ခဲ့ရာ ယခုအခါတွင် ၉၉ ရာခိုင်နှုန်းပြီးစီးပြီဖြစ်သည်။

ထို့ကြောင့် ဓာတ်အားလိုင်းရာနှုန်းပြည့်ပြီးစီးနိုင်ရန် တောင်ငူပင်မဓာတ်အားခွဲရုံတွင် အပြီးသတ်ချိတ်ဆက်ခြင်းလုပ်ငန်းများအား ဒီဇင်ဘာ ၁၇ ရက် နှင့် ၁၈ ရက်တို့တွင် နေ့စဉ်နံနက် ၆ နာရီမှည ၇ နာရီအထိ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သည်။

လုပ်ငန်းများဆောင်ရွက်ချိန်၌ နိုင်ငံတော်ဓာတ် အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှု ဝန်အားခန့်မှန်း (၁၅၀ မဂ္ဂါဝပ်ခန့်) လျော့နည်းမည်ဖြစ်သော်လည်း ညပိုင်းတွင် ပြည့်ဝစွာပြန်လည်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကာ လုပ်ငန်းဆောင်ရွက်နေစဉ် ဝန်အားလျော့နည်းနေသော်လည်း နိုင်ငံတော်ဓာတ်အားစနစ်ကို ထိန်းညှိမောင်းနှင်၍ ဆက်လက်ဖြန့်ဖြူးနေမည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် လုပ်ငန်းများဆောင်ရွက်ချိန်အတွင်း အချို့နေရာတွေမှာ ဝန်အားလျော့ချခြင်း လုပ်ငန်းများကို မလွှဲမရှောင် ဆောင်ရွက်သွားရမှာဖြစ်လို့ ပြည်သူတွေအနေဖြင့် နားလည်ပေးပါလို့ ပြောကြားထားပြီး အဆိုပါ ၅၀၀ ကေဗွီ ဓာတ်အားစနစ် ပြီးရင်တော့ ဓာတ်အားပို့လွှတ်စီးဆင်းမှု ပိုကောင်းလာမယ်ဆိုပြီးတော့လည်း လျှပ်စစ်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

Crd

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top