တစ်နေ့မှာ တစ်နာရီသာ ဖေ့စဘွတ် သုံးခွင့်ပြုသည်။ ကျန်အချိန်များတွင် Facebook မသုံးရလို့ ‘ယင်းထ’ လာပါက ဆေးရုံကပေးထားသည့် ‘ဓာတ်ပုံအယ်ဘမ်’ များကိုကြည့်ရသည်။ သောက်ဆေးအဖြစ် ‘Like React’ ပုံစံပြုလုပ်ထားသည့် ဘာမီတွန် များကို ညဘက်တွင်သောက်ရသည်။
ဖေ့စဘွတ် ဖြတ်သူအချင်းချင်း တစ်နေ့ကို အနည်းဆုံး တစ်နာရီခန့် စကားစမြည် ပြောရသည်။ ‘ကွီး’ ၊ ‘ဂယ်လား’ ၊ ‘အင်းပေါ့လို့’ ၊’ဖုန်ရှူ’ စသည့် ‘comment’ စကားများမပါရအောင် ဆေးရုံက စောင့်ကြည့်ရသည်။
မနက်ဆိုရင် ကောင်းကင်ကို ကြည့်ရသည်။ ‘အရမ်းလှတာပဲ’ ‘selfie’ ရိုက်ချင်လာပြီဟု ‘ယင်းထ’ လာပါက ဖုန်းအစား မှန်ကို အသုံးပြုစေရသည်။ ဆေးရုံနံရံများတွင် တက်ကျမ်းလိုလို ဟာသလိုလို ဆရာကြီးလိုလို ရေးထားတဲ့ စာသားများကို ကပ်ထားရ၏။ ထိုဟာကိုပဲ လူနာများက ‘status’ အနေဖြင့် ဖတ်ရသည်။ ငြင်းခုန်ကြသည်။ သူမှန်တယ် ကိုယ်မှန်တယ် ရန်ဖြစ်ကြ၏။
ညညတွင် ‘Message’ အသံများကြားနေရသည် ဆိုပြီး ထထ ထိုင်သည့် လူနာများလည်း ရှိသည်။ ဘာပဲပြောပြော ထိုဆေးရုံကတော့ လူနာများနှင့် ပြည့်နေလေ့ရှိသည်။ ကြာလာတော့ တကယ့် ပတ်၀န်းကျင်ကို အသားကျလာသောကြောင့် ဖေ့စဘွတ် ပြတ်သွားကြသည်ဟု ဆေးရုံအုပ်ကြီးက ဖေ့စဘွတ် တွင် ကြော်ငြာထားလေသည်။ (Lunay)
Crd
(Zaw Gyi) တစ်နေ့မှာ တစ်နာရီသာ ဖေ့စဘွတ် သုံးခွင့်ပြုသည်။ ကျန်အချိန်များတွင် Facebook မသုံးရလို့ ‘ယင်းထ’ လာပါက ဆေးရုံကပေးထားသည့် ‘ဓာတ်ပုံအယ်ဘမ်’ များကိုကြည့်ရသည်။ သောက်ဆေးအဖြစ် ‘Like React’ ပုံစံပြုလုပ်ထားသည့် ဘာမီတွန် များကို ညဘက်တွင်သောက်ရသည်။ ဖေ့စဘွတ် ဖြတ်သူအချင်းချင်း တစ်နေ့ကို အနည်းဆုံး တစ်နာရီခန့် စကားစမြည် ပြောရသည်။ ‘ကွီး’ ၊ ‘ဂယ်လား’ ၊ ‘အင်းပေါ့လို့’ ၊’ဖုန်ရှူ’ စသည့် ‘comment’ စကားများမပါရအောင် ဆေးရုံက စောင့်ကြည့်ရသည်။ မနက်ဆိုရင် ကောင်းကင်ကို ကြည့်ရသည်။ ‘အရမ်းလှတာပဲ’ ‘selfie’ ရိုက်ချင်လာပြီဟု ‘ယင်းထ’ လာပါက ဖုန်းအစား မှန်ကို အသုံးပြုစေရသည်။ ဆေးရုံနံရံများတွင် တက်ကျမ်းလိုလို ဟာသလိုလို ဆရာကြီးလိုလို ရေးထားတဲ့ စာသားများကို ကပ်ထားရ၏။ ထိုဟာကိုပဲ လူနာများက ‘status’ အနေဖြင့် ဖတ်ရသည်။ ငြင်းခုန်ကြသည်။ သူမှန်တယ် ကိုယ်မှန်တယ် ရန်ဖြစ်ကြ၏။ ညညတွင် ‘Message’ အသံများကြားနေရသည် ဆိုပြီး ထထ ထိုင်သည့် လူနာများလည်း ရှိသည်။ ဘာပဲပြောပြော ထိုဆေးရုံကတော့ လူနာများနှင့် ပြည့်နေလေ့ရှိသည်။ ကြာလာတော့ တကယ့် ပတ်ဝန်းကျင်ကို အသားကျလာသောကြောင့် ဖေ့စဘွတ် ပြတ်သွားကြသည်ဟု ဆေးရုံအုပ်ကြီးက ဖေ့စဘွတ် တွင် ကြော်ငြာထားလေသည်။ (Lunay)
Crd