အရှေ့ဥရောပက နိုင်ငံငယ်လေး ခရိုအေးရှား တင်နိုင်ခဲ့တဲ့ စံချိန်တွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ ကမ္ဘာ့ဖလားခရီးကြမ်း

ယနေ့ည ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ တတိယလုပွဲမှာတော့ ခရိုအေးရှား အသင်းက အာဖရိက ကြယ်ပွင့် မော်ရိုကို အသင်းကို ၂-၁ ဂိုးနဲ့ ထိုက်ထိုက်တန်တန် အနိုင် ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

နှစ်သင်းလုံး ခံစစ်အားသန်တဲ့ အသင်းတွေ ဖြစ်ပေမယ့်လည်း ယနေ့ပြိုင်ပွဲမှာတော့ အပြန်အလှန် တိုက်စစ်ဖွင့်ကစားသွားခဲ့ကြပါတယ်။ မော်ရိုကို အသင်းအနေနဲ့လည်း တတိယ ရရှိခဲ့ပါက ပထမဦးဆုံး တတိယ ရရှိတဲ့ အာဖရိက အသင်းအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်တာကြောင့် ကြိုးစား ကစားခဲ့ပေမယ့်လည်း စုဖွဲ့မှု ပိုကောင်းတဲ့ ခရိုအေးရှား အသင်းကို အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။

ယခုပွဲ အနိုင်ရရှိခဲ့တာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ တတိယနေရာကို ခရိုအေးရှား အသင်းက ရရှိခဲ့ပြီး ကမ္ဘာ့ဖလား (၆) ကြိမ် ဝင်ရောက် ယှဉ်ပြိုင်ရာမှာ ဒုတိယ တကြိမ်၊ တတိယ နှစ်ကြိမ် ရရှိခဲ့ကြောင်း မှတ်တမ်း ဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။

ခရိုအေးရှားအသင်းရဲ့ နိုင်ပွဲကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းမှာ ဥရောပအသင်းတွေ တတိယ ရရှိခဲ့သည်မှာ ၁၁ ကြိမ်မြောက်ရှိသွားပြီဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ်မှစ၍ လေးနှစ် တကြိမ် ကျင်းပတဲ့ ပြိုင်ပွဲမှာ ဥရောပအသင်းတွေက တတိယနေရာ ဆက်တိုက်ရရှိခဲ့ခြင်း ဖြစ်ပါတယ်

ဥရောပ အရှေ့ပိုင်းက နိုင်ငံငယ်လေးက ကမ္ဘာ့ဘောလုံး စင်မြင့်မှာ ယခုလို အဆင့်မြင့်မြင့် နေရာကို ယူထားနိုင်တာကတော့ အံ့ဩစရာ ကောင်းလှပါတယ်။ လက်ရှိကမ္ဘာ့ဖလားမှာ လူအများ မျှော်လင့် ထားကြသလို အသင်းကြီးတွေသာ အဆင့်မြင့်တဲ့နေရာ ရောက်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်ကို ခရိုအေးရှားတို့က လက်တွေ့ ချေဖျက် ပြသွားတာပဲ ဖြစ်ပါတယ်။

Crd

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top