သက်ကြီးရွယ်အိုတစ်ဦးရဲ့ပျက်နေတဲ့ဆိုင်ကယ်ကို ဘေးကင်းတဲ့လမ်းတစ်လျှောက်သို့ကူရွှေ့ပေးခဲ့တဲ့ foodpanda Rider တစ်ဦး

မကြာသေးမီက အလုပ်ချိန်မှာတောင် အချိန်ခဏပေးပြီး သက်ကြီးရွယ်အိုတစ်ဦးကိုမဖြစ်မနေကူညီပေးနေတဲ့ foodpanda rider တစ်ဦးရဲ့ထိမိတဲ့ဗီဒီယိုဖိုင်ကို Jully Yap အမည်ရှိအင်တာနက်သုံးစွဲသူက သူမရဲ့ဖေ့စ်ဘွတ်ခ်မှာ ပြန်လည်မျှဝေပေးခဲ့ပါတယ်။

Foodpanda rider အလုပ်က အချိန်နှင့်တပြေးညီ သွားလာနေရတဲ့အလုပ်ဆိုတာ လူတိုင်းအသိပါ။

သို့ပေမဲ့ ၎င်းဗီဒီယိုမှာ သက်ကြီးရွယ်အိုတစ်ဦးရဲ့ပျက်နေတဲ့ဆိုင်ကယ်ကို ကူထိန်းနိုင်ရန် ကြင်နာတတ်တဲ့ foodpanda rider တစ်ဦးဟာ သူ့ရဲ့လက်တစ်ဖက်ဖြင့် သက်ကြီးရွယ်အိုဦးလေးဖြစ်သူရဲ့လက်ကိုကိုင်တွယ်ထိန်းပေးရင်း

ဖြည်းညှင်းစွာ သွားနေတာကိုမြင်တွေ့ရမှာပါ။ ဗီဒီယိုမှာ Jully က အသက်ကြီးကြီးအဘိုးရဲ့ဆိုင်ကယ်က Kepong Baru မှာ ပျက်သွားကြောင်း ရှင်းပြနေတာကိုလည်း သင် ကြားနိုင်ပါတယ်။

အဘိုးအတွက် စိတ်ပူပြီး ဆိုင်ကယ်ဖြင့်အိမ်မောင်းပို့ပေးဖို့ကမ်းလှမ်းခဲ့ပေမယ့် အဘိုးကငြင်းဆိုခဲ့တာကြောင့် အဘိုးရဲ့ဆိုင်ကယ်ကိုလမ်းတစ်လျှောက်တွန်းပေးနေခဲ့တယ်လို့လည်း ဗီဒီယိုထဲမှာ Jully ကပြောပြထားပါတယ်။

အစပိုင်းတော့ အဆိုပါအဘိုးက ပျက်နေတဲ့သူ့ဆိုင်ကယ်ကို ယာဉ်ကြောပိတ်ဆို့ရာကနေ ဘေးကင်းစွာရွှေ့ဖို့ သူ့ဘာသာသူ တွန်းဖို့ကြိုးစားနေခဲ့တာပါ။

ဒါကို အဆိုပါကြင်နာတတ်တဲ့ foodpanda ပို့ဆောင်ရေးသမားတစ်ဦးက ထိုအဘိုးကြီး ရုန်းကန်နေရတာကိုသတိပြုမိပြီးနောက် ကူညီပေးဖို့လည်း တွန့်ဆုတ်မနေခဲ့ပါဘူး။

ပျက်နေတဲ့ဆိုင်ကယ်ကိုတည်ငြိမ်အောင်ဆက်ထိန်းနိုင်ရန် ၎င်းတို့နှစ်ဦးစလုံးဟာ ၎င်းတို့ရဲ့လက်ဖြင့်အချင်းချင်းချိတ်ဆက်ပြီး ဖြည်းညှင်းစွာ ဆိုင်ကယ်ကိုတွန်းသွားခဲ့ကြပါတယ်။

အဆိုပါ စိတ်သဘောထားပြည့်ဝတဲ့foodpanda rider ကသူ့ဆိုင်ကယ်ကိုမောင်းနေရင်းကနေအဆိုပါချို့တဲ့နေတဲ့အဘိုးရဲ့ဆိုင်ကယ်ရဲ့အလေးချိန်ကိုချိန်ညှိပေးနေခဲ့တာကိုတွေ့ရမှာပါ။

နောက် ဆုံးမှာ လူနှစ်ဦးစလုံးက ရှုပ်ယှက်ခတ်နေတဲ့လမ်းမကြီးပေါ်မှ အခြားတစ်ဖက်ဆီသို့ အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ကြပါတယ်

ထိုဗီဒီယိုဟာ ကြည့်ရှုသူ 130,000ကျော်၊ Like 5,600 နှင့်မှတ်ချက်ပေါင်း 1,800 ကျော်အထိရရှိခဲ့ပြီး၎င်းတို့အားလုံးကကိုယ်ကျိုးမဖက်တဲ့ foodpanda rider အား လေးစားချီးကျူးခဲ့ကြပါတယ်။

အခြားလမ်းအသုံးပြုသူများကလည်း ထိုအဖြစ်အပျက်ဖြစ်ပျက်နေတာကိုမြင်ပြီး ဟစ်အော်ပြောဆိုခြင်းမရှိခဲ့ကြောင်းလည်း Jully က ဆက်လက်ပြောပြထားပါသေးတယ်။

crd

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top