၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နောက်ဆုံး ဗိုလ်လုပွဲမှာတော့ အာဂျင်တီးနား အသင်းဟာ ပြင်သစ် အသင်းကို သည်းထိတ်ရင်ဖို ကစားပြီး ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိသွားခဲ့ကာ ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက်ခွင့် ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
ယခုပွဲရဲ့ ထူးခြားချက်ကတော့ ပွဲကစားချိန်အတွင်းမှာ နှစ်သင်းပေါင်း ပင်နယ်တီ ၃ လုံး ရရှိခဲ့တာပဲ ဖြစ်ပြီး အဆိုပါ ပမာဏဟာ ဗိုလ်လုပွဲတွေမှာတော့ ပထမဦးဆုံး ရရှိခဲ့တဲ့ စံချိန်ပဲ ဖြစ်ပါတယ်။
ပြင်သစ်အသင်းရဲ့ ကစားသမား အမ်ဘက်ပေဟာ အခုလို ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဟက်ထရစ် သုံးဂိုး သွင်းနိုင်မှုနဲ့ အတူ ပွဲစဉ်တလျှောက် စုစုပေါင်း ၈ ဂိုး သွင်းယူပြီး ရွှေဖိနပ်ဆုကို ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။
၁၉၇၈ နဲ့ ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့ဖူးတဲ့ အာဂျင်တီးနားဘောလုံးအသင်းဟာ ယခု ၂၀၂၂ မှာ ထပ်မံ ဗိုလ်စွဲခဲ့တဲ့အတွက် သုံးကြိမ်မြောက် ကမ္ဘာ့ဖလားကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
၁၉၉၈ ခုနှစ်က ကမ္ဘာ့ဖလား ပထမဆုံး ရထားပြီး ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားဆုရှင် ပြင်သစ်ကတော့ အလားတူ သုံးကြိမ်မြောက် ကမ္ဘာ့ဖလား ရမယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ အာဂျင်တီးနား အသင်းရဲ့ ဘောလုံးဂန္ထဝင် မက်ဆီကတော့ ဘောလုံးလောကရဲ့ မကိုဋ်ဥသျှောင်ဘွဲ့ကို ရရှိပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရရှိဖို့ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။
Crd
Zawgyi