ဓားရှရုံလေးဆိုပြီး ပေါ့ဆမိခဲ့တာကြောင့် ခွဲစိတ်ကုခဲ့ရတဲ့ အထိ ဖြစ်ခဲ့ရတဲ့ မေမီကိုကို

ပရိသတ်ကြီးရေ မေမီကိုကိုကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားခဲ့တဲ့ ပရိသတ်အချစ်တော် မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ မနေ့ကတော့ မေမီကိုကိုက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ လက်ချောင်းလေးမှာ ချုပ်ရိုးဖြည်ခဲ့ရကြောင် မျှဝေဖော်ပြလာခဲ့ပါတယ်

ပရိသတ်တွေကတော့ မေမီကိုကိုရဲ့ ဒီပုံလေးကိုတွေ့ပြီး စိုးရိမ်ကြပြီး မေးမြန်းခဲ့ကြတာကြောင့် မေမီကိုကိုက “လက်ချုပ်ရိုးဖြည်တာနဲ့ ပတ်သက်ပြီး စိုးရိမ်ပေးကြတဲ့ အချစ်တွေအကုန်လုံးကျေးဇူးတင်ပါတယ်နော်။ လက်က(၁၁)လပိုင်း(၂၆)ရက်နေ့က ဓားရှတာပါ ရှရာလေးကသွေးတောင်မထွက်ပါဘူး။ ဓားရှတာလည်း ဘာမှမထူးဆန်းမှုမို့ပေါဆမိပါတယ်။ လက်အဆစ်နေရာဖြစ်တာကြောင့်ရယ် ပိုးဝင်ပြီး ပြည်ကိုက်သွားတာကြောင့်ရယ် Operation လေးဝင်ခဲ့ကြပါတယ်။ ပြည်ကိုခြစ်ထုတ်ရုံမဟုတ်ဘဲ။ အသားပါ လှီးထုတ်ရတဲ့အတွက်ကြောင့် ချုပ်ရိုးဖြည်ရတဲ့ရက်လေးကြာသွားခဲ့တာပါ။ အဓိကကတော့ လက်ဆစ်နေရာလေးဖြစ်သွားတာကြောင့် ပိုးဝင်တာလွန်သွားရင် လက်ဖြတ်ရတဲ့အနေအထားထိ ဖြစ်သွားနိုင်ပါတယ်” ဆိုပြီး သာမန်ဓာရှဒဏ်ရာလောက်ဆိုပြီး ပေါ့ဆလိုက်တာကနေ အခုလိုတွေအထိဖြစ်ခဲ့ကြောင်းပြောပြလာခဲ့ပါတယ်။

မေမီကိုကိုကတော့ သူကြုံတွေ့ခဲ့ရတာတွေကြောင့် ဘယ်အနာမဆိုသေးသေးလေးဆိုပြီး မပေါ့ဆကြဖို့နဲ့ ဘာမဟုတ်တာလေးကနေ အဆိုးရွားဆုံးတွေဖြစ်သွားတတ်တာမို့ ပရိသတ်တွေလည်း ဂရုစိုက်ကြဖို့ အကြံပေးထားခဲ့ပါသေးတယ် ပရိသတ်ကြီးရေ

Source – May Mi Ko Ko
Crd – CeleZone
-Zawgyi Font ဖြင့် ဖတ်ရန်-

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top