ကော်ပီသီချင်းတွေကြားက မြန်မာပြည်ဂီတလောကကို ကိုယ်ပိုင်သံစဉ်နဲ့ ဖောက်ထွက်ခဲ့ကြခဲ့တဲ့ သူရဲကောင်းများ…

ကော်ပီသီချင်းတွေကြားက မြန်မာပြည်ဂီတလောကကို ကိုယ်ပိုင်သံစဉ်နဲ့ ဖောက်ထွက်ခဲ့ကြခဲ့တဲ့ သူရဲကောင်းများ…

တရုတ်/ အိန္ဒိယ/ထိုင်း သီချင်းပါလားဟ။ ဂျပန်သီချင်းကြီးကွာ။ မူရင်းကအဂ်လိပ်သီချင်းကွ…

လို့ အပြောခံရနိုင်တဲ့ Copy သီချင်းတွေမဆိုဘဲ မြန်မာပြည်တွင်လုပ်သည်ဆိုတဲ့ကိုယ်ပိုင်သံစဉ်သီချင်းတွေကို သီဆိုခဲ့တဲ့သူတွေ

“စိုးလွင်လွင်” တေးရေး ညီညီသွင် ၁၆နှစ်အရွယ်လူငယ်ခံစားမှုတွေနဲ့ရေးခဲ့တဲ့`သိလျက်နဲ့`သီချင်း ” လူတွေဝိုင်း ဝိုင်း ဝိုင်းလို့ဟားတိုက်မှာသိတယ် အရာရာရှုံးရှုံး ရှုံးရတဲ့ဘက်မှာမှာရှိတယ် အချိန်တိုင်းမှာ အချိန်တိုင်းမှာ ကိုယ်ခေါင်းငုံ့နေရတယ် `တောက်` ”


အဲ့ဒီ တောက် က တေးရေးဆရာ ရေးတုန်းက မပါ။စိုးလွင်လွင် ဆိုမှ တောက် ခေါက်ပလိုက်တာ။ သီချင်း က ပိုအသက်ဝင်သွား။ နောက် ` အနံကြီးကွင်းကျယ် `သီချင်း။

`ဒီလမ်းထဲကိုနောက်တစ်ခါဘယ်တော့မှ မလာတော့ဘူး ဒီမျက်နှာကိုနောက်တစ်ခါဘယ်တော့မှမကြည့်တော့ဘူး… … အနံကြီးပြီးကွင်းကျယ်တဲ့ လူတွေနဲ့မပါတ်သက်ချင်တော့ဘူး `

သီချင်းမှာ ” ၃၅ လမ်းထဲကိုဘယ်တော့မှမလာတော့ဘူး ” စာသားပါလာ။ သူ့ကောင်မလေး ကိုစောင်းဆိုနေ တယ်ထင်တာပေါ့ ။ တကယ်က ၃၅လမ်းထဲမှာက တေးသံသွင်းဆိုင်တွေလေ။

အဲ့တော့ မှ တေးရေးတေးဆိုသူတွေနဲ့ ထုတ်လုပ်သူစီးပွားရေးသမားတွေ ငြိတာကို သီချင်းထဲထည့်ဆိုမှန်းသိရ တေးရေးလည်းကောင်းတဲ့ စိုးလွင်လွင်ဟာ မေခလာ ဖြူဖြူကျော်သိန်း
တို့ဆိုခဲ့တဲ့ ” ငါ ဘုရင်မ အသည်းများဟက်တက်ကွဲရမယ် ပုရိသ အသည်းများ ဖက်နဲ့ထုတ်ခါထား ” လို သီချင်းတွေလည်း ရေးနိုင်ခဲ့တာ အံ့သြစရာ။


” ကိုင်ဇာ ” ရေးပြီးနိုင်ငံခြားကနေ ပို့ လိုက်တဲ့ မောင့်မျက်ရည်ဝိုင်း သီချင်းကို စိုးလွင်လွင် စီရီး ခေါင်းစဉ် တပ်ပြီး ဆိုချလိုက်တော့ လက်ဖက်ရည်ဆိုင်တိုင်း က မောင့်မျက်ရည်ဝိုင်း ကြတော့တာပဲ။

လမ်းလျောက်သွားတဲ့လူက တစ်ဆိုင်ပြီး တစ်ဆိုင်က ဖွင့်တဲ့အဲ့ဒီ့သီချင်းကို ဆက်နားထောင်သွားလို့ရတဲ့အထိ။

” ကိုင်ဇာ “က တော့ စိုးလွင်လွင် အဆိုတော်မဖြစ်ခင် နှစ်အတော်ကြာကတည်းက ” မိုးရွာရင် မိုးရေချိုးမယ် မေမေလာရင် နို့စို့မယ် ဖေဖေလာရင်အုန်းသီးခွဲစားမယ် ” ဆိုပြီး မြန်မာပြည်အနှံ့သိမ်းပိုက်ထားတဲ့သူ။

တက္ကသိုလ် နဲ့ပါတ်သက်တဲ့သီချင်းတွေ အများဆုံးဆိုခဲ့တဲ့အဆိုတော်။ အင်းလေးမှာရွာတဲ့မိုး သီချင်းရှင်ကိုကြင်နာပါ၊ တစ်သက်လုံးပဲသတိရနေမယ်၊ တက္ကသိုလ်မြေနေဝင်မှာ ကိုစိုးတယ်…


“အနိုင်” ဆိုခဲ့တဲ့ ငယ်ဖော်ရေ အောက်မေ့နေသည် ဆိုတဲ့ ` ငယ်ဖော် ` လို မြန်မာသံသီချင်း ရဲ့ တေးရေး ဟာ ကိုင်ဇာ ဆိုတော့ လုပ်လှချည် လား ကိုညီ ရယ် လို့ဆိုရတော့မလို။

ကိုင်ဇာ စိုးလွင်လွင် တို့ သီချင်းတွေက စကားလုံးရိုးရိုးရှင်းရှင်းလေးတွေနဲ့ပဲ ဖွဲ့ခဲ့ ပေါက်ခဲ့ပြီး ကိုတိုးကြီး ” ခင်မောင်တိုး ” ရဲ့ ` ဝေဒနါညနေခင်း` သီချင်းကြတော့ နေ ဝင်တာ ကို ” အိန္ဒြေရှင်ရယ် ခြေဟန်ပြင်ဆင်အနောက်အရပ်ကိုလှည့်… ”

လ ထွက်တာကြတော့ ” ငွေရောင်သရဖူပိုင်ရှင် သခင်ရယ်ထနောင်းရိပ်ခိုလှည့် “အဲလို အလ်ကာအဖွဲ့အနွဲ့တွေနဲ့။ တေးရေး ကိုမောင်မောင် ကိုနေဝင်း ကိုရဲလွင် သူငယ်ချင်းအရင်းကြီးတွေရဲ့ ပြောင်မြောက်တဲ့ ရေးသားချက်တွေ နဲ့ ကိုတိုးကြီး ရဲ့သီချင်းတွေ ပန်းချစ်သူ ကြိုးကြာသံ ဆည်းလည်းလှိုက်သံ ဝေးခဲ့ပြီပန်းခရမ်းပြာ … တို့ကလည်း ညများစွာကိုသိမ်းပိုက်နိုင်ခဲ့တာပဲလေ

၁၉၈၆ ခုနှစ်။ တေးရေးညီညီသွင် တို့ မေ စတီရီယိုမှာ စီးရီးတစ်ခု အသံသွင်းဖို့ တီးခတ်နေကြတုန်း မော်လမြိုင်ကလာတဲ့ မျက်မှန်နဲ့ လူငယ်တစ်ယောက် သူ့သီချင်းလေးတွေ ပြချင်လို့ဆိုရောက်လာ။

စောင့်ခိုင်းထားပြီး အထဲမှာ တီးခတ် အသံသွင်းနေကြ။ အသံသွင်းပြီး ကိုညီညီသွင် ပြန်ထွက်လာတော့ ညမှောင်နေပြီ။ အဲ့ဒီ လူငယ်က အပြင် Canteen လေးမှာ ထိုင်စောင့်နေတုန်း။


အားနာသွားပြီး ကဲ ဆိုပြဗျာ ဆိုတော့ ” ဝေးသွားတဲ့အခါ ” ” နာရီပေါ်ကမျက်ရည်စက်များ ” တဲ့ တေးရေး/တေးဆို “ထူးအိမ်သင်” ဆိုပြီး ပေါက်ခဲ့ပါရောလား။

ကိုယ်ပိုင်သံစဉ် သီချင်းချင်း တူရင်တောင် သူ့သီချင်းတွေက စတိုင်လ်အသစ်။ ` မေ့လိုက်တော့ “ စိမ်းရက်လေအား “ တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည် `Aces တီးဝိုင်းနဲ့ တီး။ Oasis စတီရီယိုမှာ အသံသွင်းနေတုန်း အဲ့ဒီခေတ်ရဲ့ ပေါ်လစီ အရ စီးရီးခွေထဲ အကျိုးပြုသီချင်းထည့်မှရမယ် ဆိုတော့ စတီရီယိုထဲမှာတင် သူ လက်တန်းကောက်ရေးလိုက်တဲ့` ညီလေးရေ ` သီချင်းကတောင် ကောင်းလွန်းနေပြန်ရော ။

သူလည်း ကျော်မြင့်လွင် ဆိုတဲ့ လူငယ်လေးတုန်း က နယ်ရပ်ကွက်စတိတ်ရှိုးမှာ စတက်ဆိုတော့ သီချင်းက ကိုင်ဇာ ရဲ့` အကောင်းဆုံးကဂီတာတီးနေမယ် `နဲ့။

ထူးအိမ်သင် ရန်ကုန် နန်းသီတာ မှာ ဘီယာထိုင်သောက်နေတုန်း လူတစ်ယောက်က အော်တိုစာအုပ်လေး သူ့ရှေ့ထိုးပေးပြီး အော်တိုထိုးခိုင်းတော့။ မော့ကြည့် ပြီး ” မနောက်ပါနဲ့ ဆရာရယ်” တဲ့။ စာအုပ်ပေးသူ က ဆရာစိုင်းခမ်းလိတ်ကိုး ။


ဆရာလိတ် က ` သမီးက ကိုငှက်ပရိတ်သတ်ပါ။ ရန်ကုန်ဆင်းအလာမှာ အဆိုတော်တွေလက်မှတ်ထိုးဖို့ သူ့ရဲ့ အော်တိုစာအုပ်လေး လူကြုံပါးလိုက်လို့ပါ `ဆိုတော့မှ ကိုငှက် ရေးပေးလိုက်တာက

” ကြွေနေတဲ့ပန်းကလေးများလိုက်ကောက်ခြင်းမှာ ကျေနပ်မှုရအပြည့်အဝရ တဲ့ ချစ်သမီးလေးရယ် ဒီလိုသာအမြဲရောင့်ရဲနိုင်ခဲ့ရင် ဘယ်လောက်ကောင်းမလည်း … ” ဆိုတဲ့ ဆရာလိတ် သမီး အတွက်ရည်ရွယ်ရေးခဲ့ပြီး

ဆရာလိတ်ညီ စိုင်းခမ်းသီ ဆိုခဲ့တဲ့ `နန်းခမ်းနွဲ့အတွက်သီချင်းတစ်ပုဒ် ` ထဲက စာသားတွေ အစအဆုံး ပြန်ရေးပေးခဲ့။

ထူးအိမ်သင် က ဆရာစိုင်းခမ်းလိတ်ရေးတဲ့သီချင်းတွေ သူဘယ်လောက်ကြိုက်ကြောင်းပြရာလည်းရောက်သပေါ့

ဆရာစိုင်းခမ်းလိတ် သီချင်းတွေကို အများဆုံးသီဆိုခဲ့တာ က ” စိုင်းထီးဆိုင်” ဒါပေမယ့် တချို့သီချင်းတွေလည်း ကိုယ်တိုင်ရေးတဲ့ စိုင်းထီးဆိုင် က` နွေဉသြ ` သီချင်းမှာတော့ ” နွေဉသြရယ် အသံချိုတယ်… အသံချိုအေးလေးရှိပါလည်း ရုပ်အဆင်းက နုံချာတယ် သြော် စိတ်မနာသူရှိမလား သူ့ဘဝရယ် … ” လို့ရေးခဲ့ရှာ။


ခေတ်ချင်းမတူပေမယ့် ကိုထီး ရဲ့ The Wild Ones သဘာဝရင်သွေးငယ် တေးဂီတအဖွဲ့ ရဲ့ Show ပွဲတွေမှာ သူ ညီငယ်လိုခင်တဲ့ စိုးလွင်လွင် ကလည်း အမြဲလိုလို ပါဝင်သီဆိုတတ်ခဲ့

စိုင်းထီးဆိုင် အခွေ တအားပေါက်ပြီးချိန်မှာ ” လွှမ်းမိုး ” အခွေထုတ်ဖို့ကြော်ငြာတော့ စိုင်းထီးဆိုင် ပြီးရင် `စိုင်းဖိနပ်ဆိုင် `လေးကိုလည်းအားပေးကြပါအုန်းလို့ ဘုတ်ထောင်ကြော်ငြာခဲ့ ။

စိုင်းထီးဆိုင် က`မန္တလေးရောက် ရှမ်းတစ်ယောက် `နဲ့ပေါက်တော့ လွှမ်းမိုးကလည်း ` ရန်ကုန်သားလေးကျွန်တော်ပါ ` ဆိုပဲ။ အဲ့ဒါ လည်း ပေါက်တာပဲ။ လွှမ်းမိုး ရဲ့ မပြေလည်နိုင်တာတွေ ပြေလည်နိုင်အောင် ကိုယ်ကြိုးစားခဲ့ပြီးမှ…



တေးရေး `နိုင်မြန်မာ` ရေးတဲ့ အခုတော့ပါးစပ်ရာဇဝင်လေး တစ်ခုဖြစ်ခဲ့ပြီ ။ တေးရေး `စောဘွဲ့မှုး ` ရေးတဲ့ ကိုပေါ … စတဲ့သီချင်းပေါင်းများစွာ

ကိုယ်ပိုင်သံစဉ် ဆိုသူ အကြောင်းပြောရင် ချန်ခဲ့လို့ မရတာ ” ခိုင်ထူး” ခတ်တာ စစ်ကိုင်းလမ်း
အဝေးဆုံး နောက်ဆုံးအိပ်မက်… သီချင်းတွေနဲ့ အအောင်မြင်ဆုံးဖြစ်နေချိန်မှာ Copy သီချင်းခွေတစ်ခွေ သီဆိုပေးဖို့ သူ့ကို ကမ်းလှမ်းတော့ လက်ခံပြီးခါမှ ပြန်ငြင်းခဲ့ ။

သူမဆိုဖြစ်ခဲ့တဲ့ Copy သီချင်းခွေကို စက်မှုတက္ကသိုလ် RIT ကျောင်းသား ရုပ်ဖြောင့်ဖြောင့်နဲ့ တစ်ယောက်က ဆိုဖြစ်သွားတော့ ` အဆင်သင့်ပဲဟေ့ ` တေးစီးရီး နဲ့ ` တူးတူး` ဖြစ်သွားပါရောလား

ပြည်မြို့သား ပန်းချီဆရာ ” ခင်ဝမ်း” လည်း တေးရေး/ တေးဆိုနှစ်မျိုးလုံးကောင်းတာပဲ။ ဆယ်လမွန်ငါးတို့အပြန် နှုတ်ဆက်ခဲ့ပါတယ် ဧရာဝတီ…ဧရာဝတီ ဖွဲ့တဲ့ သီချင်းတွေထဲမှာ အရင်ဆိုခဲ့တဲ့ ခင်ဝမ်း ရဲ့ ` ဧရာဝတီ `သီချင်းက ဧရာဝတီမြစ်ရဲ့ ရှုခင်းကို စုတ်ချက်အပြည့်နဲ့ရေးဆွဲတဲ့ ပန်းချီကားတစ်ချပ်နဲ့တူပြီး။


နောက်ဆိုခဲ့တဲ့ ထူးအိမ်သင် ရဲ့ `ရာဇဝင်များရဲ့ သတို့သမီး ` က ဧရာဝတီမြစ်ရဲ့ သမိုင်းကိုပြောပြနေတဲ့ အားမာန်ပါတဲ့ကဗျာတစ်ပုဒ်လို ။ တေးရေးကိုရဲလွင် ရေးတဲ့ `နဒီမဂ်လာ` သီချင်းကို ခင်ဝမ်း ဆိုတာကို ခံစားလို့အရဆုံး။

ကိုခင်ဝမ်း ဆုံးပြီး ၇နှစ်အကြာမှာ။ အင်းလျားကန်စပ် ခရမ်းပြာအဆောင်အတူနေခဲ့ကြသူတွေဖြစ်တဲ့ ကိုနေဝင်း ကိုရဲလွင် တို့ မဇ္ဇျိမလှိုင်း တေးဂီတအဖွဲ့ ရဲ့ ` ခုနှစ်နှစ်အလွန် ခင်ဝမ်း ` အခွေ မှာ ခင်ဝမ်း သီချင်းတွေ ခင်မောင်တိုး ဆိုတော့လည်း နားထောင်လို့ကောင်းပြန်ရောလေ။

အင်းလျားဆောင်ရှေ့ သီချင်းဆိုပြီး ပြန်ကြတဲ့လူရွယ်တစ်သိုက် နံနက်ဝေလီဝေလင်း အကြော်ဆိုင်လေးထဲ အကြော် ဝင်စားနေတုန်း အဆောင်နေ BEd ကျောင်းသူရခိုင်ဆရာမလေးတွေလည်း အကြော်လာစားတာနဲ့ဆုံတော့ သူတို့အခန်းရှေ့မှာ ဆိုသွားတဲ့သီချင်းလေးကို သူတို့အခန်းနံပါတ် ခုနှစ် နဲ့ အဆောင်နာမည်ပါအောင် နာမည်ပေးသွားခဲ့ `၈/၈၂ အင်းလျား ` တဲ့

အဲ့ဒီ့နာမည်ဟာ ” မွန်းအောင် ” ရဲ့ ပထမဆုံးစီးရီးခေါင်းစဉ်ဖြစ်သွား။ ညရဲ့ သန်းခေါင်ယံအိပ်မပျော်သေးချိန် ဂီတာလေးကိုအဖော်ပြုရင်းတီးခတ်စဉ်… သီဆိုနေမယ် မင်းဖို့သီချင်းတွေ
တစ်ညလုံးပဲ အင်းလျားလမ်းမပေါ်မှာလေ… ဆိုတဲ့ ၈/၈၂ အင်းလျား

မိုးလုံးမှိုင်း၊ ရိုးရိုးလေး ၊ ယု၊ ရင်ခတ်အလွမ်း၊ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ…

မာလာဆောင်နဲ့ ပတ်သက်လို့ပုံပြင်လေး တစ်ပုဒ် ကြားဖူးတယ်။ ပုံပြင်ထဲကဇာတ်လိုက်ကြီးဘယ်သူလဲလို့မမေးပါနဲ့ ဆိုတာက ` အဆောင်သူရဲ ` သီချင်းကိုဆိုတဲ့ ” ဖိုးချို ”

စိုးရိမ်နေ၊ သစ်ရွက်ကလေးနဲ့ ပန်းကလေးတွေက စိုးရိမ်နေ … တဲ့။ ပိုင်စိုးမှုဧကရီ၊ ညှို့မျက်ဝန်း ၊
ချစ်သူကို ။ သီချင်းတွေရယ် ပြီးတော့ `အခုတော့ဘယ်သူမှလက်မခံနိုင်တော့မှန်းတကယ့်ကိုသေချာလွန်းခဲ့ပြီ` ဆိုတဲ့ ဝေးလွင့်ခြင်းရဲ့နောက်ဆုံးခြေရာ

သီရိအဆောင် အတွက်ကြတော့။ ရေတမာပင် ဒီအရိပ်အောက်မှာ… မောင့်ရဲ့သီရိမေ သာယာပါစေ ဆိုတဲ့ ” အောင်နိုင် “` အဆောင်သူ အလွမ်းပြေ ` သီချင်းကို လည်းဆိုခဲ့သေး မင်းအနောက်ကိုလိုက်ရင်မကြင်သလိုနဲ့ လှမ်းလို့ကြည့်တယ်၊ မင်းအနောက်ကိုလိုက်ရင်ငြူစူပြီး မလိုက်နဲ့ပြောတယ် `ကောင်မလေး` ရယ် လို့ဆိုတဲ့ ” သျိုင်းအောင်”

`အချစ်ရေ့ ` နေလို့မှကောင်းရဲ့လား အိပ်လို့ပျော်ပါစေ…မဆုံနိုင်ခင်ဝေဒနါများ အချစ်ရေ့ အချစ်ရေ ပျော်စရာမလာရင်အသည်း တွေကြွေသွားမယ် ဆိုပြီးအောင်မြင်ခဲ့တဲ့” ဂျေမောင်မောင်” ။


ခိုင်ထူး ဆိုတဲ့ `မင်းလောက်ကိုယ့်အပေါ် ဘယ်သူမှမကောင်းဘူး` သီချင်းကို ရေးခဲ့တာလည်းသူပေါ့။

ကြွေလွင့်ခဲ့သူတို့ရဲ့သီချင်းတွေပြန်ဆိုတဲ့ ထူးအိမ်သင် ခင်မောင်တိုး အမှတ်တရ ရှိုးပွဲတွေမှာလည်း မူရင်းသီချင်းကို ပီပြင်အောင်ပြန်ဆို ပေးနိုင်သူက ကိုJကြီး ပါ

မိုးမေတ္တာ မိုးရေ မျှော်တလင့်လင့်ရင်မော… `အချစ်မိုးဘယ်တော့ရွာမှာလဲ?` ။ မျက်စေ့ထဲက ထွက်ကိုမထွက်ဘူး…အိုဟိုးဟိုး `စွဲနေပြီ`… ဆိုတဲ့ “ဂျေညီညီ”`လူပျိုကြီးပဲလုပ်တော့မယ် `ဆိုပြီး `အလွမ်းကဖေး` မှာလည်းထိုင်တဲ့လူကြီး။

J Mg Mg က တချို့ရှိုးပွဲတွေမှာ သူ့ညီ J Nyi Nyi ရဲ့ သီချင်းကို တောင်းရင်လည်း ဆိုလိုက်သေး။Version တစ်မျိုး လေးနဲ့ နားထောင်လို့ တောင်ကောင်းနေသေး

၁၉၉၃ လောက်မှာ `ဒို့ကတော့ ဒို့ကတော့ ဒို့ကတော့ဘုရား ကျောင်းထဲပြန်ရောက်တဲ့အချိန် `ဆိုတာ နိုင်ငံလုံးအနှံ့ကြားရတဲ့အသံ။ တေးရေး/တေးဆို ” ဗဒင်” ရဲ့ `နေရာ ` ဆိုတဲ့တေးစီးရီး။

လိုက်လို့မရှာလည်းတွေ့တွေ့နေတယ် လှမ်းလို့မခေါ်လည်း ရောက်ရောက်လို့ လာတယ် ပျိုပျိုမေရယ်…ဉက္ကလာက အမူးသမားတစ်ယောက် ပြောပုံအရဆို ညဘက်သူပြန်လာချိန် ရှေ့ကခွေးကိုပိတ်ကန်လိုက်တာ ခွေး က ကိန်ကိန် မအော်ဘဲ` ပျိုပျိုမေရယ် ` လို့အော်ပြေးသွားသတဲ့

။ နောက်ထပ် ` ဒီနေ့ ` ဆိုတဲ့ ဒုတိယ စီးရီးလည်း ထပ်ထုတ်ခဲ့သေး ၁၉၉၃ နဲ့ အဲ့နောက် ရှေးမနှောင်းမှာပဲ ကိုယ်ပိုင်သံစဉ် ရေး/ဆို ကြတဲ့ “မာရဇ္ဇ” “ဆောင်းဉီးလှိုင်” “စံလင်း” တို့မှသည် နောက်ပိုင်း “ထူးအယ်လင်း” “မောင်မောင်ဇော်လတ် ” “လင်းလင်း” “ဝေလ” … တို့အထိ ဆက်လက်သီဆိုလျက် ရှိနေ ကြဆဲ

ကျွန်တော် ဘိုဘိုထွန်း ယခု Post ရေးရာတွင် *အဆိုတော်များကို အနုပညာအမည် အတိုင်းအားရစွာခေါ်ဆိုလို၍ ရှေ့မှ ” ကို ” မတပ်ဘဲ ရေးခဲ့ပါသည် * မင်းအောင် အနိုင် အောင်သူ တို့မှအစ ဗညားဟန် ပိုင်သက်ကျော်တို့အလယ် မနော အဆုံးမြန်မာသံအဆိုတော်များ မပါရှိသွားနိုင်ခဲ့ပါ။

စိတ်ကူးထဲပေါ်သမျှရေးခဲ့သမို့ အခြားကိုယ်ပိုင်သံစဉ် သီဆိုသူအများအပြားလည်းကျန်ခဲ့နိုင်ပါသေးသည်။ * ဖတ်ခဲ့ဖူးသော မဂ္ဂဇင်း ဂျာနယ်များမှ အနုပညာဆောင်းပါးများကိုကိုးကားပါသည်။

အချက်အလက်အနည်းငယ်လွဲပါက ကျွန်တော့်ချို့ယွင်းချက်သာ* ထူးအိမ်သင် မှာ ကိုယ်ပိုင်သံစဉ်သီချင်း များစွာ အောင်မြင်ခဲ့ပြီးမှ တေးရေး ဝင်းမင်းထွေး ` အရင်အတိုင်း`တေးရေး မြင့်မိုးအောင် `စကားလုံးမရှိတဲ့ကောင်းကင် “ မြို့ပြလရောင်တမ်းချင်း ` စီးရီးတို့တွင်Copy သီချင်းများဆိုခဲ့ပါသည်

* စိုင်းထီးဆိုင် မှာ တေးရေးစိုင်းခမ်းလိတ် နှင့် ကိုယ်ပိုင်သံစဉ်တေးများစွာဆိုပြီးမှ တေးရေးမြသန်းစံ နှင့်တွဲ၍ Copy သီချင်းများဆိုခဲ့ပါသည် * ခိုင်ထူး ၏ ရွှေလည်တိုင် သီချင်းကတော့ Copy သီချင်းဖြစ်

* ဂျေမောင်မောင် မှာ ကိုယ်ပိုင်သံစဉ်သီချင်းများနှင့် စအောင်မြင်ခဲ့ပြီး တေးရေး မင်းချစ်သူ
` လျပ်စစ်မိုးကောင်းကင် ` စီးရီးများတွင် ဇော်ဝင်းထွဋ် ချစ်ကောင်းတို့နှင့်တွဲ၍ Copy သီချင်းများသီဆိုခဲ့ပါသည်။

* Copy သီချင်းများဖြင့်စခဲ့သော “ဇော်ဝင်းထွဋ်” လည်း `အ နှိုင်းမဲ့` အပါအဝင် ကိုယ်ပိုင်သံစဉ်တေးများဆိုခဲ့။ “ချစ်ကောင်း” မှာလည်း `အလှည့် ` စီးရီး တစ်ခွေလုံးတွင် ကိုယ်ပိုင်သံစဉ်တေးများသာဆိုခဲ့*

မူရင်းရေးသားသူ ။ ။ ဘိုဘိုထွန်း တောင်ဉက္ကလာ ထံမှ ပြန်လည်မျှဝေပါသည်။ လေးစားစွာ ခရက်ဒစ်

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top