ပုံမှန်ညအိပ်ချိန်မရှိဘူးဆိုရင် မနက်ခင်းနိုးထလာတဲ့အချိန်မှာ ပင်ပန်းသလိုခံစားရတက်ပါတယ်။ ဒီလိုအိပ်ရေးမဝခြင်းက ဝိတ်တက်လာစေတဲ့ အကြောင်းအရင်းတစ်ခုလည်းဖြစ်ပါတယ်။
ဒီနေ့ kwee page ကညဘက်တွေ ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းကို အနှောင့်အယှက်ဖြစ်စေတဲ့ အရာတွေအကြောင်း ပြောပြပေးသွားမှာပါ။
အခန်းအပူချိန်
ညဘက်မှာ နွေးနွေးထွေးထွေးအိပ်သင့်ပါတယ်။ အရမ်းကြီးပူနေရင်လည်း အိပ်မပျော်သလို အရမ်းကြီးအေးနေရင်လည်း အိပ်ရတာ အဆင်မပြေပါဘူး။ ညဘက်အိပ်ဖို့ အကောင်းဆုံးအပူချိန်ဟာ (၆၀-၇၅) ဒီဂရီဖာရင်ဟိုက် (၁၅-၂၃) ဒီဂရီ ဆဲလ်စီးရပ်စ် အတွင်းမှာ ဖြစ်ပါတယ်။
အဲကွန်းအောက်မှာ အိပ်တဲ့လူတွေအနေနဲ့ အခန်းအပူချိန်ကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။
လေ့ကျင့်ခန်း
လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်ရှိ အာရုံကြောတွေကို နိုးဆွစေပါတယ်။ ဒါကြောင့် ညဘက်တွေမှာ gym သွားပြီးရင် အိပ်ပျော်ဖို့ ခတ်ခဲတက်ကြပါတယ်။ အကောင်းဆုံးအကြံပေးချင်တာကတော့ ညအိပ်ယာမဝင်ခင် (၃) နာရီအလိုမှာ လေ့ကျင့်ခန်းလုပ်ခြင်းမှ ရှောင်ကြည်ပါ။
အိပ်ချိန်မမှန်ခြင်း
ညဘက်ကောင်းမွန်စွာအိပ်စက်အနားယူဖို့နဲ့ အိပ်မောကျဖို့ အချိန်အကြာကြီး မယူချင်ဘူးဆိုရင် အိပ်ချိန်ပုံမှန်ဖြစ်အောင် ကြိုးစားသင့်ပါတယ်။ အလုပ်ပိတ်ရက်တွေမှာ နောက်ကျပြီးမှအိပ်တက်တဲ့လူတွေဟာ အလုပ်ဖွင့်ရက်တွေမှာ ညဘက်စောစောအိပ်ဖို့ အခတ်အခဲရှိတတ်ကြတယ်။ ဒါကြောင့် ညဘက်အိပ်ယာဝင်ချိန်ကို အချိန်သတ်မှတ်ပေးထားသင့်ပါတယ်။ အကောင်းဆုံးကတော့ ည (၁၀-၁၁) နာရီကြားမှာ အိပ်ယာဝင်ခြင်းပါပဲ။
အလင်းရောင်
မီးအိမ်မှထွက်တဲ့ အလင်းသေးသေးလေး (သို့) LED မီးရောင်တွေက အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေပါတယ်။ အခန်းမှောင်လေလေ ကောင်းကောင်းအိပ်ပျော်လေပါပဲ။ ဒါကြောင့် အိပ်ယာဝင်တော့မယ်ဆိုရင် မီးတွေအကုန်ပိတ်ဖို့ အကြံပေးပါရစေ။
တခြားအရာတွေအတွက် အိပ်ယာကိုအသုံးပြုခြင်း
လူတော်တော်များများက အိပ်ယာကို အိပ်ဖို့အတွက်ဘဲ သုံးကြတာမဟုတ်ပါဘူး။ တချို့က အိပ်ယာပေါ်မှာ အလုပ်လုပ်ကြသလို တချို့ကလည်း ဂိမ်းတွေထိုင်ဆော့တက်ကြပါတယ်။ ဒါက အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေပါတယ်။ အိပ်ယာဟာ အိပ်ဖို့အတွက်ပဲ ဖြစ်သင့်ပါတယ်။
ကဖိန်း
ကဖိန်းဓာတ်က အိပ်စက်ခြင်းကို တားဆီးပေးတယ်ဆိုတာ လူတိုင်းနီးပါး သိကြပါတယ်။ ကဖိန်းကို ကော်ဖီတွေမှာသာမက လက်ဘက်ရည်၊ ချောကလတ်နဲ့ တစ်ချို့ အစားအသောက်တွေမှာ တွေ့နိူင်ပါတယ်။ အကြံပေးချင်တာကတော့ ညနေခင်းလိုအချိန်မျိုးတွေမှာ ကဖိန်းဓာတ် ကြွယ်ဝတဲ့ အစားအသောက်တွေ မစားဖို့ပါပဲ။
Source: Bright Side