ရန်ကုန်မြို့ရှိ ယာဉ်ထိန်းရဲတချို့၏ လတ်တလော တစ်ရက်ဝင်ငွေမှာ ကျပ် (၅) သောင်းထက်မနည်းရှိကြောင်း သိရသည်။
ရန်ကုန်မြို့နေရာတချို့တွင် ယာဉ်ထိန်းရဲတို့သည် ကားများကို ပုန်းအောင်းဖမ်းဆီးနေသလို ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်များ၌ ဆိုင်ကယ်များကိုအဓိကဖမ်းကာ ငွေညှစ်နေကြောင်း ယာဉ်ထိန်းရဲတို့နှင့်နီးစပ်သော သတင်းရင်းမြစ်ကဆိုသည်။
“တက္ကစီတစ်စီးကို တားလိုက်ရင် ငါးထောင်က အောက်ထစ်ပဲ။ အိမ်စီးကားဆို တစ်သောင်းကနေ နှစ်သောင်းကြားရတယ်။ ဆိုင်ကယ်ဆို တစ်စီး သုံးသောင်းကနေ ကောင်းရင်ကောင်းသလောက် နှစ်သိန်းကနေ ငါးသိန်းကြားထိရတယ်။ ခွဲယူကြရုံပဲ” ဟု ၎င်းကပြောသည်။
ရန်ကုန်မြို့ ကြည့်မြင်တိုင်ကမ်းနားလမ်း၊ ရွာမကွေ့၊ သိမ်ဖြူလမ်း၊ တာမွေဈေး၊ သိမ်ကြီးဈေး၊ ရှင်စောပုလမ်း၊ သီရိမင်္ဂလာဈေး(ဈေးသစ်)နှင့် လသာတို့တွင် ယာဉ်ထိန်းရဲတို့က ပုန်းအောင်းချောင်းမြောင်းကာ ကားများကို ရက်ဆက်ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။
ထို့အပြင် လှိုင်သာယာမြို့နယ်ရှိ ၅ ထိပ်၊ နဝဒေး၊ စက်မှုဇုန်နှင့် မီးခွက်ဈေးရှိ လမ်းများ၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်ပန်းခြံ၊ ပေါက်တောဝတံတားအဆင်း၊ ရွှေပြည်သာတံတားအဆင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ငါးကန်ထိပ်နှင့် ဒဂုံ တောင်-မြောက်လမ်းဆုံတို့တွင် မော်တော်ကားများထက် ဆိုင်ကယ်များကို ဦးစားပေးကာ ရက်ဆက်ဖမ်းဆီးနေကြောင်း သတင်းရင်းမြစ်က ပြောပါသည်။
ရန်ကုန်မြို့ဆင်ခြေဖုံးမြို့နယ်တို့တွင် ဆိုင်ကယ်မစီးရဟု သတ်မှတ်ထားသော်လည်း ဆိုင်ကယ်စီးနေကြသည်မှာ အနှစ် ၂၀ ပင်မကတော့ကြောင်း ယခုအခါတွင်မူ ယာဉ်ထိန်းရဲတို့က ဆိုင်ကယ်မစီးရသတ်မှတ်ချက်ကို ကိုင်ကာ ဖမ်းဆီးငွေညှစ်နေခြင်းဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလ ဒုတိယအပတ်မှစတင်ကာ ရန်ကုန်မြို့နေရာအနှံ့တွင် ယာဉ်ထိန်းရဲများကို ယခင်ကထက် ပိုမိုတွေ့ရှိလာပြီး ဖမ်းဆီးစစ်ဆေးမှုများရှိလာကြောင်း လှိုင်သာယာမြို့နယ်နေ အဌားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
“အခုက သူတို့စစ်တာက ယာဉ်လိုင်စင်ပေါ့။ အရင်ကိုဗစ်ဖြစ်ကတည်းက သက်တမ်းတိုးဖို့က နောက်ဆုတ်သွားတာ၊ အခုနိုင်ငံရေးမကောင်းတော့ မတိုးဖြစ်သူများတယ်။ သူတို့က အဲ့ဒါနဲ့ လုပ်စားနေတာ။ မိလို့ ရုံးမရောက်ချင်ရင် (၅) သောင်းကနေ (၈) သောင်းကြားပေးရတယ်။ အဓိက ဝင်ငွေက လိုင်စင်သက်တမ်းမတိုးရတဲ့သူတွေဆီက မတရားယူနေကြတာ” ဟု ၎င်းကပြောသည်။
လက်ရှိတွင် ယာဉ်လိုင်စင်သက်တမ်းမတိုးရသေးသည့် ယာဉ်မောင်းများသည် ကညနရုံး၌ လိုင်စင်သက်တမ်းတိုးမည့် ဖောင်ယူထားကာ သက်တမ်းတိုးနေဆဲဟု အကြောင်းပြနေရကြောင်း သိရသည်။ (MPA)
Crd
Zawgyi