မြောက်ဥက္ကလာမှာ ကလေးသူခိုးတွေ ပေါ်တင်ကို သောင်းကျန်းနေကြပါပြီ (မိဘတွေ အထူးဂရုစိုက်ကြပါ)

ဒီနေ့ကတော့ ဘဝမှာ အကြီးမားဆုံး သွေးပျက်ခြင်းပါပဲ။ ကလေးခိုးတာကို ကိုယ်တိုင်ကြုံရတော့ လူဆိုတာ ဘယ်လိုဖြစ်သွားမှန်းမသိအောင် ကြက်သေသေသွားမိတယ်

ဒီနေ့ နေ့ခင်း သားကြီးနဲ့ သားလေးအတွက် လိုအပ်တာလေးတွေ တူမလေးနဲ့ လမ်းထိပ်ထွက်ဝယ်တော့ သားငယ်လေးကို လက်ဆွဲခေါ်လာခဲ့လိုက်တာ ထုံးစံအတိုင်းပါပဲ။ အကြီးလေးက ပြောရင်ရပေမဲ့ အငယ်လေးက မအေ အပြင်သွားရင် မရမနေ လိုက်တတ်တာဆိုတော့

တချို့ပစ္စည်းက မရတော့ ဟိုနားဒီနား သွားဝယ်ဖို့ တူမလေးကို အိမ်ပြန်စက်ဘီးယူခိုင်းပြီး လမ်းထိပ်အုတ်ခုံလေးမှာ စောင့်နေတုန်း သားငယ်လေးကလဲ ကိုယ့်ရှေ့တင် ဆော့နေရင်း ကိုယ့်ရှေ့ တစ်ဘက်ခြမ်းက အုတ်ခုံလေးမှာ ထိုင်နေခဲ့တယ်။

အဲ့ဒီမှာပဲ ပုဆိုးငေါက်တောက်နဲ့ လူတစ်ယောက်ရောက်လာပြီး ကလေးကို စကားတွေပြောပြီး နှုတ်ဆက်နေတော့ အမျိုးသားအသိထင်နေမိခဲ့တာ ကြည့်နေရင်းနဲ့မှ သားကို ဂျိုင်းကနေ ကောက်မခါမှ ကိုယ်လဲ အထိတ်တလန့်နဲ့ အတင်းပြန်ဆွဲလုပြီး ဘာလုပ်တာလဲ ကျွန်မကလေး ကျွန်မ ကလေးအမေပြောတော့ အဲ့ကျမှ လူကို တစ်ချက်ကြည့်ပြီး ကလေးကိုလွှတ်ပေးပြီး ကသုတ်ကရိုက် အပြေးတစ်ပိုင်း ထွက်ပြေးသွားခဲ့တယ်။

ကျွန်မဖြင့် နေရာမှာတင် နှလုံးသွေးရပ် ‌ေ-သတော့မလိုပါပဲ။ သားလေးကို တင်းတင်းဖက်ပြီး အနားက အသိအမတစ်ယောက်ရဲ့ စတိုးဆိုင် မြန်မြန်ပြေးဝင်ပြီး တူမလေးကို ဆက်စောင့်ရတယ်။ အသိမိတ်ဆွေများလည်း မထင်ထားထားတွေ ဖြစ်လာတတ်တာ ကိုယ်တွေ့မို့ ဆင်ခြင်သတိထားနိုင်အောင် သတိပေးပါတယ်ရှင့်။

Crd

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top