တကမ္ဘာလုံးကို ပျော်အောင် လုပ်ပေးနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ဘောလုံးဘုရင် မက်ဆီ

ရေးသားသူ – Nay Thway၊ Farewell to World Cup 2022၊ ကမ္ဘာ့ဖလားကြီးကတော့ ပြီးဆုံးသွားပါပြီ။ ကျနော်တို့ကတော့ World Cup Fever ဖြစ်ပြီး ကျန်နေခဲ့ကြတုန်းပါပဲ။ ဒီကမ္ဘာ့ဖလားဟာ လူတွေ အပျော်ရွှင်ရဆုံးဖလားပွဲဖြစ်ခဲ့ပါသတဲ့။ ကမ္ဘာ့လက်ရှိလူဦးရေရဲ့ ၃ ပုံ ၂ ပုံ ကျော်လောက် အားပေးခဲ့ကြတယ်။ စုစုပေါင်းကြည့်ရှူသူ သန်း ၅၀၀၀ ကျော်ပါတယ်။ ကမ္ဘာ့ဖလားဗိုလ်လုပွဲဟာ ဇာတ်ရှိန်အမြင့်ဆုံးပါပဲ။ အရမ်းလဲကောင်းခဲ့ပါတယ်။ ဒီနေ့ထိ ကြည့်ရတဲ့ video တွေ ဖြစ်စဉ်တွေ သတင်းတွေကိုကြည့်ရင် အံ့အားသင့်စရာတွေ အများကြီး တွေ့ရပါတယ်။

အဓိကကတော့ အာဂျင်တီးနားဗိုလ်စွဲပုံက ဇာတ်ညွှန်းကောင်းတခုလို ဖြစ်နေတာပါပဲ။ ကမ္ဘာ့အကောင်းဆုံးကစားသမားတယောက်၊ လူချစ်လူခင်များတဲ့သူတယောက်ရဲ့ နောက်ဆုံးပွဲဖြစ်တယ်။ သူက ဒီဖလားရမှပြည့်စုံမှာ။ ဒီတခါ မအောင်မြင်ရင် တသက်လုံးသွားပြီ။ ဒီတော့ လူတွေရဲ့ စိတ်ထဲ သနားတဲ့စိတ်နဲ့ ဖြစ်ချင်ကြတယ်။

အဲဒီမှာ သူတို့က ပထမဆုံးပွဲကို ရှုံးတယ်။ အားလုံး စိတ်လျှော့လိုက်တော့မှ တပွဲချင်းပြန်လာတယ်။ နောက်ဆုံးဗိုလ်လုပွဲကို ရောက်တော့ တကမ္ဘာလုံးက လူတွေရဲ့ စိတ်ထဲ ဒီဖလားကို ရကိုရရမယ်လို့ ယုံကြည်ကုန်ကြပြီ။ ဖိအားတွေ အရမ်းပေးကုန်ကြတယ်။ လက်မှတ်ခတွေ အဆပေါင်းများစွာ မြင့်ကုန်မယ်။ တကမ္ဘာလုံးက လူတွေ TV ရှေ့၊ ဖုန်းတွေရှေ့ ရောက်ကုန်တယ်။

ဒီပွဲကို အားပေးကြတဲ့သူတွေက အာဂျင်တီးနားဘက်က များတယ်။ ကိုရီးယား၊ ဂျပန်တို့လို ကြားနေတွေကအစ အီတလီ၊ ဟော်လန်၊ အင်္ဂလန်တို့လို ပြိုင်ဘက်တွေအလယ် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့လို အမာခံပရိသတ်တွေ ရှိတဲ့နေရာတွေကပါ အာဂျင်တီးနားကို အားပေးကုန်ကြတယ်။ အံ့သြစရာတခုက ဟော်လန်နိုင်ငံ အမ်စတာဒမ်မှာ အာဂျင်တီးနားနိုင်လို့ အောင်ပွဲခံနေကြတာပဲ။ ကွာတားမှာတုန်းက အတော်အပြင်းအထန် ရန်ဖြစ်ခဲ့ကြတာမို့လား။ အင်္ဂလန်က Park တွေ၊ New York Time Square အပါအဝင် နေရာတိုင်းမှာ ဒီပွဲကို အားပေးကုန်ကြတယ်။ တကယ့် အံ့မခန်းပါပဲ။

ပွဲကလဲ ကောင်းတယ်။ အစပိုင်းမှာ အာဂျင်တီးနားက ၂ ဂိုးပြတ်နိုင်နေတယ်။ ပြင်သစ်က ဘာမှမလုပ်နိုင်ဘူး။ မိနစ် ၇၀ ကျော်မှ အာဂျင်တီးနားဂိုးပေါက်ထဲ တခါစကန်ရတယ်။ ဒါပေမယ့် ၈၀ အရောက်မှာ ၂ ဂိုးစီ သရေကျနေပြီ။ ပြင်သစ်ဘက်က ပရိသတ်တွေရော အာဂျင်တီးနားနိုင်ပါပြီဆိုတဲ့ ပရိသတ်တွေရော အခုမှ စိတ်လှုပ်ရှားမှုတွေကစတာ။ အဲဒီကနေစပြီး ဆက်တိုက်ဆွဲခေါ်သွားတယ်။ အချိန်ပိုကျ မက်ဆီက ထပ်သွင်း၊ ဘာပေက ထပ်ချေပ။ ပင်နတီကန်။ အမြင့်ဆုံး ရင်ခုန်ရပြီးမှ အများစုနိုင်စေချင်တဲ့ အာဂျင်တီးနားက နိုင်သွားတယ်။ အဲဒီအခါ ခံစားချက်တွေ ပွင့်ထွက်ကုန်ပြီး အရမ်းတွေ ပျော်ကုန်ကြတော့တာပါပဲ။

တကယ်တော့ လူတွေဟာ ၂၀၂၀ ထဲက စပြီး COVID ကပ်ဘေးတွေ၊ စီးပွားရေးကျဆင်းမှုတွေ၊ စစ်ပွဲတွေ၊ ငွေကြေးဖောင်းပွမှုတွေနဲ့ တကမ္ဘာလုံး သောကများနေကြတာပါ။ ပျော်စရာဆိုတာ ရှားပါးလွန်းလာတဲ့ ဒီကမ္ဘာကြီးထဲမှာ ပျော်ဖို့ထက် အဆင်ပြေသလိုသာ နေနေကြရတာပါ။ မကြာခဏ ပျော်ပွဲရွှင်ပွဲတွေ သွားလာဖို့ဆိုတာကလဲ ငွေကြေးချမ်းသာသူတွေအတွက်ကလွဲပြီး ကမ္ဘာပေါ်က လူအများစုအတွက်က အဆင်မပြေကြပါဘူး။

အဲဒီမှာပဲ ဒီကမ္ဘာ့ဖလားဟာ ကမ္ဘာပေါ်က လူသား သန်း ၅၀၀၀ အတွက် ထွက်ပေါက်ဖြစ်လာစေတော့တာပါပဲ။ နောက်ဆုံးအကြိမ်မှာ ဖလားရသွားစေချင်တဲ့ စိတ်ဆန္ဒကို အခြေပြုပြီး မက်ဆီနဲ့ အာဂျင်တီးနားကို အစွမ်းကုန်အားပေးတော့တာပါပဲ။ အဲဒီမှာ နိမ့်မြင့်တက်ကျ သဘောကို မိနစ် ၁၂၀ ခံစားပြီးတော့မှ လိုချင်တာကို ရတဲ့အခါ အားလုံးဟာ အလွန်ပျော်ရွှင်ကြတော့တာပါပဲ။ ကျနော်တို့ မြန်မာပြည်မှာလဲ အရာရာကို ခဏမေ့ပြီး ပျော်ရွှင်ကုန်ကြတယ်မို့လား။ ဒါဟာ အပြစ်တင်စရာမရှိပါဘူး။

လေယာဉ်ပေါ်မှာ အောင်ပွဲခံနေတဲ့သူတွေ၊ ညလုံးပေါက် အောင်ပွဲခံနေတဲ့ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယလို ကြားနိုင်ငံတွေ၊ ဘောလုံးသမားဟောင်းတွေ၊ ပြိုင်ဘက်တွေ၊ လမ်းပေါ်ထွက်ပြေးနေကြသူတွေ၊ တွေ့တဲ့လူ ပွေ့ဖက်ပျော်နေကြသူတွေ၊ အသက်ကြီးတဲ့ အဖိုး အဖွားတွေ အပျော်မျက်ရည်တွေ ကျနေပုံတွေ၊ ဘာသာပေါင်းစုံနဲ့ ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း ဆုတောင်းနေကြသူတွေ အများကြီးပါပဲ။ ဘောလုံးကပေးတဲ့ရသတွေက အံ့ဩမဆုံးပါပဲ။

အချုပ်ဆိုရရင်တော့ စိတ်ညစ်ညူးနေတဲ့ ကမ္ဘာမြေဟာ ပျော်ရွှင်ဖွယ်ပုံပြင်တပုဒ်ကို လိုအပ်နေခဲ့တယ်။ မက်ဆီက အဲဒီကွက်လပ်ကို ကွက်တိဖြည့်ဆည်းပေးနိုင်ခဲ့ပြီး ဒီကမ္ဘာ့ဖလားဟာ ကမ္ဘာသူ ကမ္ဘာသားတွေအတွက် မမေ့နိုင်စရာ ရက်သတ္တပတ် ၄ ပတ်ကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ နောက် ၄ နှစ်မှာ တခါပြန်လည် ရင်ခုန်ကြရတာပေါ့။ Farewell to world cup.

Crd

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top