ပြန်မရနိုင်တော့တဲ့ လွမ်းမောဖွယ် အတိတ်ရဲ့ မန္တလေး ညနေခင်းများ…

ပြန်မရနိုင်တော့တဲ့ လွမ်းမောဖွယ် အတိတ်ရဲ့ မန္တလေး ညနေခင်းများ…

ခေတ်အဆက်ဆက် ယဉ်ကျေးပျုငှာမှု့တွေအပြည့်နဲ့မန္တလေးရဲ့ကိုယ်ပိုင်ဟန် ကိုယ်ပိုင်သဏ္ဍာန်တွေက တိုးတက်ပြောင်းလဲလာမှု့တွေရဲ့အနောက်မှာမသိမသာပျောက်ကွယ်လာခဲ့လို့မန္တလေးရဲ့အတိတ်ကလဲ ဝိုးတဝါးနဲ့ကျန်ခဲ့ရပြီ

အရင်ခေတ်တွေက မန္တလေးသားတွေရဲ့ကိုယ်ပိုင်ဟန်တွေက ကော်ကျုရိုင်း သရီးရိုင်ဖယ် ရှပ်တွေကို အပေါ်က ကြယ်သီးတစ်လုံးဖွင့် လက်အရှည်ကိုတစ်ဝက်ခေါက်ပြီး

ကချင်လုံချည် ရခိုင်လုံချည် သော့ပလေကပ် မလေးရှားပုဆိုးတွေနဲ့ ကတ္တီပါသားရေဖိနပ်စီး ရလေးဘီးတချပ်ချပ်နဲ့ကိုယ်ကြိုက်တဲ့အပျိုမလေးတွေရဲ့အိမ်ရှေ့ကို ညနေတိုင်း အချစ်ဝတ္တရားမပျက် လျှောက်ပြန်သံပေး ခြေအေးဝမ်းရောင် ချောင်းကြည့်ပြုံးပြ နဲ့ ယဉ်ကျေးစွာလူပျိုလှည့်ခဲ့ကျတာပါ

အဲ့ဒီခေတ်က အိမ်မှာ အဖေတို့ဦးလေးတို့စီးတဲ့ စူပါကပ်တို့ ယာမဟာတို့ ကာဝါစကီတို့ရှိခဲ့ရင်တောင်သိပ်ယူမစီးဖြစ်ပဲ စက်ဘီးကို ပို ခရေစီဖြစ်ခဲ့ကျတာ


ဒါမှကိုယ့်ကောင်မလေးအိမ်ရှေ့ဖြတ်ရင်မြင်ချိန်ကြည့်ချိန်ကြာတာကိုး ရလေးဘီးထက်တစ်ဆင့်နိမ့်ခဲ့ရင်တော့ဖီးဆင့်ဘီးတို့ မိကျောင်းဘီး တို့နဲ့ပေါ့

အရင်ကမန္တလေးရပ်ကွက်တွေတိုင်းရဲ့အိမ်ရှေ့တွေမှာအရိပ်ရအပင်တွေစိုက်ပြီးကွပ်ပျစ်တွေထိုးပက်လက်ကုလားထိုင်တွေနဲ့ ညနေအိမ်ရှေ့ရေဖြန်းပြီးထွက်ထိုင်ကျ အပျိုမလေးတွေကလဲညနေစောင်းတာနဲ့ ရေချိုး သနပ်ခါးကိုခြေဆုံးခေါင်းဆုံးလိမ်း ရာသီပေါ်ပန်းမျိုးစုံခေါင်းမှာပန်ပြီး

အိမ်နီးနားချင်းသူငယ်ချင်းမိန်းကလေးတွေနဲ့ထွက်ထိုင် လူကြီးသူမတွေကလဲ တစ်အိမ်နဲ့ တစ်အိမ်ကူးလာ အမျိုးသားကြီးတွေကလဲသူ့အဖွဲ့နဲ့သူ နိုင်ငံရေး ဘာသာရေး စီးပွားရေး ပြောဆိုကျ ငြင်းကျခုန်ကျ

အမျိုးသမီးကြီးတွေကလဲ စျေးအကြောင်း ကုန်စျေးနှုံးအကြောင်း သားရေးသမီးရေးအကြောင်း ရောက်တတ်ရာရာ ပြောကျ ကာလသားတွေက သူ့အစုနဲ့သူ အပြင်မသွားဖြစ်ရင် ကိုယ့်ရပ်ကွက်ထဲမှာ ဘောလုံးကန် ခြင်းခတ် စွန်လွှတ် ကလေးတွေကလဲ ဆော့ကစားကျ နဲ့ အညာရဲ့ဓလေ့စရိုက်တွေအပြည့်နဲ့ရှိခဲ့ကျတာပါ


အားလုံးက ရုံးပြန်စျေးပြန်ကျောင်းပြန် နေ့တဓူဝကိစ္စတွေအားလုံးပြီးလို့ အေးအေးဆေးဆေးနဲ့အနားယူပြီး တချို့တွေကလဲ နေ့စဉ်ထုတ်သတင်းစာတရားစာအုပ် မဂ္ဂဇင်းစာအုပ် တွေဖတ်ကျနဲ့ လူတွေရဲ့အသိအလိမ္မာ ကိုယ်ပိုင်မျှော်မြင်တွေးခေါ်မှု့တွေမြင့်မားခဲ့ကျတယ်

အဲ့ဒီခေတ်က TV မပေါ်သေးဘူး ကက်ဆက်ဆိုတာတောင်အိမ်တိုင်းမှာမရှိဘူး အင်မတန်ရှားပါးခဲ့တာပါ ရေဒီယိုတော့အိမ်တိုင်းမှာရှိနေပြီ

၁၉၇၁ မှာ စတီရီယိုကက်ဆက်စပေါ်ခဲ့တယ် သီချင်းနားထောင်ချင်တဲ့ကာလသားတစ်သိုက်က ညတိုင်း လဘက်ရည်ဆိုင်ထိုင်ပြီး သီချင်းနားထောင်ခဲ့ရတာပါ

မန္တလေးရဲ့လဘက်ရည်ဆိုင်ခေတ်နဲ့လဘက်ရည်ယဉ်ကျေးမှု့ကလဲ ခေတ်တစ်ခေတ်ဖြစ်ခဲ့တာပါ

၁၉၇၈ မှာ TV နဲ့အောက်စက်စပေါ်ခဲ့တော့လဲ အဲ့ဒီတုန်းက TV ရှိတဲ့အိမ်က ရပ်ကွက်ထဲမှာစူပါစတားဖြစ်ခဲ့ရတယ် ၁၉၈၀ မှာမြန်မာ့ရုပ်မြင်သံကြားအစီအစဉ်ကိုစတင်ပြသခဲ့တယ်

အရင်တစ်ခေတ် ရပ်ကွက်တွေထဲမှာစာအုပ်အငှားဆိုင်တွေကနေ ဗွီဒီယိုခွေအငှားဆိုင်တွေက ၁၉၈၅ လောက်မှာ နေရာယူလာကျတယ်

အငှားဆိုင်တွေမှာ ချစ်သူရည်းစားတွေရဲ့တဒင်္ဂဆုံတွေ့ရာ စာအလဲအလှယ်လုပ်ရာ မျက်လုံးချင်းဆုံရင်တွေခုန်စရာ နေရာတွေလဲဖြစ်ခဲ့ရတယ်

ကိုယ့်ရပ်ကွက်ထဲကဘယ်သူ့သားသမီးဘယ်နေရာမှာဘာဖြစ်နေတာတွေ့လို့ကတော့လူကြီးသူမတွေကဆိုဆုံးမနိုင်တယ် လူငယ်တွေကလဲနာခံနိုင်ရတယ် မိဘတွေကလဲကိုယ့်သားသမီးကိုအမြင်မတော်တာရှိရင်ဆုံးမဖို့အပ်ထားတော့လက်ခံရတယ် ဒီဘက်ခေတ်တွေမှာပျောက်ကွယ်သွားတဲ့ ယဉ်ကျေးမှု့တွေ က အစားထိုးမရတော့တဲ့ဆုံးရှုံးမှု့တွေပါ


အဲ့ဒီနောက်ပိုင်းမှာ ဗွီစီဒီကာရာအိုကေပေါ်လာခဲ့တယ် မြဝတီရုပ်မြင်သံကြားပေါ်လာခဲ့တယ် ၈ ပေစလောင်းတွေနဲ့ ၂၄ နာရီကြည့်လို့ရတဲ့ရုပ်သံလိုင်းတွေပေါ်လာခဲ့တယ် မြဝတီ မြန်မာ့အသံတွေကနေ နိုင်ငံခြားဇာတ်လမ်းတွဲတွေကိုမြန်မာစာတန်းထိုးပြီးပြပေးခဲ့တယ်

ပထမဆုံးစခဲ့တာ တရုတ်ဇာတ်လမ်းတွဲတွေပါ ၁၉၉၇ ပတ်ဝန်းကျင်လောက်ကပါ လဘက်ရည်ဆိုင်တိုင်းမှာTV အကြီးကြီးတွေနဲ့ ဘောလုံးပွဲတွေ ဇာတ်လမ်းတွေပြပေးခဲ့ပြီး ဝင်ငွေတွေကောင်းခဲ့ရတယ်

၂၀၀၅ လောက်မှာ အင်တာနက်ကိုစတင်ထိတွေ့သုံးစွဲတတ်လာပြီး အင်တာနက်ကဖီးတွေတစ်ခေတ်ဆန်းခဲ့ပြန်တယ် အခုနောက်ပိုင်းတော့ နိုင်ငံတော်သမ္မတကစလို့ အောက်အခြေအလွှာအထိ လူတန်းစားပေါင်းစုံ Face book ယဉ်ကျေးမှု့မှာ ခေတ်နဲ့အညီစီးမျောပါဝင်ခဲ့ကျတယ်

မန္တလေးညနေခင်းတွေမှာ အိမ်ရှေ့မှာလူသူမရှိတော့ဘူး တစ်အိမ်နဲ့တစ်အိမ် မြင်ရဖို့ မရှိတော့ဘူး ကူညီစောင့်ရှောက်မှု့တွေ မရှိတော့ဘူး


ကိုယ့်ပတ်ဝန်းကျင်ကလူကိုတန်ဖိုးမထားတတ်တော့ဘဲ Fb က မိတ်ဆွေကို ပိုခင်တတ်လာတယ်လူစုံလို့ဆိုင်တွေထိုင်ခဲ့ရင်လဲကိုယ့်ဘေးကလူကိုစကားမပြောတော့ဘဲ ဖုန်းပွတ်ပြီးပဲအချိန်ကုန်သွားခဲ့ကျတယ်

စာအုပ်ထဲကဗဟုသုတတွေကိုမရှာကျတော့ လူတွေရဲ့ အသိတရားတွေလျော့နည်းလာကျတယ် လူကြီးသူမတွေရဲ့ဆိုဆုံးမမှု့တွေကို မနာခံတတ်ကျတော့ဘူး

ဟိုးတုန်းက မန္တလေးရဲ့ညနေခင်းတွေကတော့ အခုတော့ပြတိုက်ထဲကိုရောက်သွားတဲ့ကျောက်ရုပ်လိုငြိမ်သက်စွာတိတ်ဆိတ်လျက်

မူရင်း Htet Naung Oo ထံမှ လေးစားစွာ မျှဝေပါသည်။ ခရက်ဒစ်

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top