ကချင်ပြည်နယ်မှာ တရုတ်ပိုင် လုပ်ငန်းတွေချည်း ဖြစ်လာတော့မယ့် စီမံကိန်းကို ပေါက်ဖော်တို့ စီစဉ်

တရုတ်နိုင်ငံက ရပ်ဝန်းနဲ့လမ်းကြောင်း (BRI) စီမံကိန်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်တဲ့ ကချင်ပြည်နယ်မှာ မြစ်ကြီးနားစီးပွားဖွံ့ဖြိုးတိုးတက်ရေးဇုန်စီမံကိန်းကို စတင်တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ကချင်ပြည်နယ် လီဒိုလမ်းမကြီးတစ်လျှောက်ရှိ မြေဧက (၄,၇၀၀) ကျော်မှာ မြစ်ကြီးနားစီးပွားဖွံ့ဖြိုးတိုးတက်ရေးဇုန်လို့ ခေါ်တဲ့ နန်ကျင်စက်မှုဇုန်စီမံကိန်းကို တရုတ်ကုမ္ပဏီတစ်ခုက တည်ဆောက်ဖို့ စီစဉ်နေကြောင်း ကြေညာခဲ့တယ်လို့ အိန္ဒိယအခြေစိုက် The Economic Times သတင်းစာက ဖော်ပြလာပါတယ်။


စီမံကိန်းတည်ဆောက်ရေးကာလ (၁၅) နှစ် သတ်မှတ်ထားခြင်းကနေ (၁၀) နှစ်ကို လျှော့ချဖို့ ကချင်ပြည်နယ်အစိုးရက အဆိုပြုထားပြီး ရှယ်ယာ (၈၀) ရာခိုင်နှုန်းပိုင်ဆိုင်လိုကြောင်း တရုတ်ကုမ္ပဏီက တောင်းဆိုထားကာ ကျန် (၂၀) ရာခိုင်နှုန်းကို ပြည်နယ်အစိုးရပါဝင်တဲ့ ဖက်စပ်ကုမ္ပဏီက ပိုင်ဆိုင်သွားမှာပါ။

အမေရိကန်ဒေါ်လာ သန်း (၄၀၀) နီးပါး ကုန်ကျမယ်လို့ ခန့်မှန်းထားတဲ့ စီးပွားရေးဇုန်စီမံကိန်းအတွင်း စက်ရုံအရေအတွက် (၅၀၀) ကျော်၊ အဆောက်အအုံ (၅,၀၀၀) ခန့် ပါဝင်လာနိုင်ပြီး ယူနန်ထိန်ချုံးဟိန်ရုန် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်က အကောင်အထည်ဖော်ဖို့ တင်ပြထားတယ်လို့ ယခင်စီမံကိန်းအချက်အလက်တွေအရ သိရှိရပါတယ်။

ကချင်ပြည်နေ ပြည်သူတဦးကတော့ “ဖွံဖြိုးချင်တာတော့ အမှန်ပါပဲ။ ဒါပေမဲ့ လတ်တလော ဒါတွေ အရေးမကြီးသေးပါဘူးဗျာ။ ဒီစက်မှုဇုန်သာ အကောင်အထည် ဖော်ဖြစ်ရင် အကျိုးကျေးဇူး အနည်းအများတော့ရှိလာမှာပဲ။ ဆိုးကျိုးကတော့ မျော်လင့်မထားသလို နေ့ည အဆင်မပြတ် ရှိနေအုံးမှာ အမှန်ပဲ။ အဆိုးရွားဆုံးက အင်ခိုင်ဘွမ်တောင်တန်းကြီး ကတုံးဖြစ်မှာ သေချာတယ်။ အဲ့တောင်ပျက်ရင် မြစ်ကြီးနားမြို့အတွက် ရင်လေးစရာပဲ။ စက်မှုဇုန်ကြောင့် ရေမြေပျက်မယ်၊ သောက်သုံးရေ၊ တွင်းရေ၊ ဘုံဘိုင်ရေ အကုန်ပျက်မယ်/ ပြတ်လပ်မယ်။ ရေ PH level ပြောင်းကုန်မှာအမှန်ပဲ ဒီနှစ်ကလို ရေချိုကောင်းကောင်း သုံးရမယ်မထင်ပါနဲ့ အနည်းအမြန် ဆုံးရှုံးသွားနိုင်တယ်။ ဒါကြောင့် ကြည့်လုပ်ကြပါ ဒီအရာတွေက ပျက်သွားရင် ဘယ်သောအခါမှ ပြင်လို့ရမှာမဟုတ်ဘူး။” လို့ ပြောပါတယ်။


လက်ရှိ ကချင်ပြည်နယ်မှာ ရေအားလျှပ်စစ်၊ သတ္တုတူးဖော်ခြင်းကနေ စိုက်ပျိုးရေးလုပ်ငန်းတွေအထိ တရုတ်နိုင်ငံရဲ့ ကျောထောက်နောက်ခံပြု ရင်းနှီးမြှုပ်နှံမှုအများအပြား ရှိနေပြီး မြစ်ကြီးနားစီးပွားရေးဇုန်က BRI လက်အောက်ရှိ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်လာမယ်လို့ သိရှိရပါတယ်။

CMEC က တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို မြန်မာရဲ့ အနောက်ဘက်ကမ်းရိုးတန်းနဲ့ ချိတ်ဆက်ဖို့ ပုံဖော်ထားတဲ့ အခြေခံအဆောက်အအုံ စီမံကိန်းများစွာအတွက် ထီးရိပ်တစ်ခုဖြစ်ပြီး နှစ်ဖက်စလုံးအတွက် ထိပ်တန်းဦးစားပေးအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ (BETV)

Crd

Zawgyi

တရုတ်နိုင်ငံက ရပ်ဝန်းနဲ့လမ်းကြောင်း (BRI) စီမံကိန်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်တဲ့ ကချင်ပြည်နယ်မှာ မြစ်ကြီးနားစီးပွားဖွံ့ဖြိုးတိုးတက်ရေးဇုန်စီမံကိန်းကို စတင်တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ကချင်ပြည်နယ် လီဒိုလမ်းမကြီးတစ်လျှောက်ရှိ မြေဧက (၄,၇၀၀) ကျော်မှာ မြစ်ကြီးနားစီးပွားဖွံ့ဖြိုးတိုးတက်ရေးဇုန်လို့ ခေါ်တဲ့ နန်ကျင်စက်မှုဇုန်စီမံကိန်းကို တရုတ်ကုမ္ပဏီတစ်ခုက တည်ဆောက်ဖို့ စီစဉ်နေကြောင်း ကြေညာခဲ့တယ်လို့ အိန္ဒိယအခြေစိုက် The Economic Times သတင်းစာက ဖော်ပြလာပါတယ်။


စီမံကိန်းတည်ဆောက်ရေးကာလ (၁၅) နှစ် သတ်မှတ်ထားခြင်းကနေ (၁၀) နှစ်ကို လျှော့ချဖို့ ကချင်ပြည်နယ်အစိုးရက အဆိုပြုထားပြီး ရှယ်ယာ (၈၀) ရာခိုင်နှုန်းပိုင်ဆိုင်လိုကြောင်း တရုတ်ကုမ္ပဏီက တောင်းဆိုထားကာ ကျန် (၂၀) ရာခိုင်နှုန်းကို ပြည်နယ်အစိုးရပါဝင်တဲ့ ဖက်စပ်ကုမ္ပဏီက ပိုင်ဆိုင်သွားမှာပါ။

အမေရိကန်ဒေါ်လာ သန်း (၄၀၀) နီးပါး ကုန်ကျမယ်လို့ ခန့်မှန်းထားတဲ့ စီးပွားရေးဇုန်စီမံကိန်းအတွင်း စက်ရုံအရေအတွက် (၅၀၀) ကျော်၊ အဆောက်အအုံ (၅,၀၀၀) ခန့် ပါဝင်လာနိုင်ပြီး ယူနန်ထိန်ချုံးဟိန်ရုန် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်က အကောင်အထည်ဖော်ဖို့ တင်ပြထားတယ်လို့ ယခင်စီမံကိန်းအချက်အလက်တွေအရ သိရှိရပါတယ်။

ကချင်ပြည်နေ ပြည်သူတဦးကတော့ “ဖွံဖြိုးချင်တာတော့ အမှန်ပါပဲ။ ဒါပေမဲ့ လတ်တလော ဒါတွေ အရေးမကြီးသေးပါဘူးဗျာ။ ဒီစက်မှုဇုန်သာ အကောင်အထည် ဖော်ဖြစ်ရင် အကျိုးကျေးဇူး အနည်းအများတော့ရှိလာမှာပဲ။ ဆိုးကျိုးကတော့ မျော်လင့်မထားသလို နေ့ည အဆင်မပြတ် ရှိနေအုံးမှာ အမှန်ပဲ။ အဆိုးရွားဆုံးက အင်ခိုင်ဘွမ်တောင်တန်းကြီး ကတုံးဖြစ်မှာ သေချာတယ်။ အဲ့တောင်ပျက်ရင် မြစ်ကြီးနားမြို့အတွက် ရင်လေးစရာပဲ။ စက်မှုဇုန်ကြောင့် ရေမြေပျက်မယ်၊ သောက်သုံးရေ၊ တွင်းရေ၊ ဘုံဘိုင်ရေ အကုန်ပျက်မယ်/ ပြတ်လပ်မယ်။ ရေ PH level ပြောင်းကုန်မှာအမှန်ပဲ ဒီနှစ်ကလို ရေချိုကောင်းကောင်း သုံးရမယ်မထင်ပါနဲ့ အနည်းအမြန် ဆုံးရှုံးသွားနိုင်တယ်။ ဒါကြောင့် ကြည့်လုပ်ကြပါ ဒီအရာတွေက ပျက်သွားရင် ဘယ်သောအခါမှ ပြင်လို့ရမှာမဟုတ်ဘူး။” လို့ ပြောပါတယ်။


လက်ရှိ ကချင်ပြည်နယ်မှာ ရေအားလျှပ်စစ်၊ သတ္တုတူးဖော်ခြင်းကနေ စိုက်ပျိုးရေးလုပ်ငန်းတွေအထိ တရုတ်နိုင်ငံရဲ့ ကျောထောက်နောက်ခံပြု ရင်းနှီးမြှုပ်နှံမှုအများအပြား ရှိနေပြီး မြစ်ကြီးနားစီးပွားရေးဇုန်က BRI လက်အောက်ရှိ တရုတ်-မြန်မာ စီးပွားရေးစြင်္ကံ (CMEC) အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်လာမယ်လို့ သိရှိရပါတယ်။

CMEC က တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို မြန်မာရဲ့ အနောက်ဘက်ကမ်းရိုးတန်းနဲ့ ချိတ်ဆက်ဖို့ ပုံဖော်ထားတဲ့ အခြေခံအဆောက်အအုံ စီမံကိန်းများစွာအတွက် ထီးရိပ်တစ်ခုဖြစ်ပြီး နှစ်ဖက်စလုံးအတွက် ထိပ်တန်းဦးစားပေးအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ (BETV)

Crd

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top