ချစ်ခင်ပွန်းရဲ့ပေါင်ကိုခေါင်းအုံးလုပ်ကာ အပီအပြင်အိပ်မောကျနေပြီး ကလေးတစ်ယောက်လိုကပ်ချွဲနေတဲ့ ချစ်သက်လေး

မင်းသမီးချောလေး သက်မွန်မြင့်ကတော့ အပြစ်ကင်းစင်တဲ့ အပြုံးလှလှလေးတွေနဲ့ အရမ်းကိုရိုးသားဖြူစင်တဲ့ တိုင်းရင်းသူလေးတစ်ဦး ဖြစ်ပါတယ် ။ သက်မွန်မြင့်ကိုတော့ ချစ်သက်လို့ အားလုံးကချစ်စနိုးနဲ့ခေါ်ဝေါ်ကြပြီး လူကြီးလူငယ်မရွေး အားပေးချစ်ခင်ကြတာလည်း ဖြစ်ပါတယ် ။

ပရိသတ်ချစ်ရတဲ့ မင်းသမီးတစ်လက်အဖြစ် အောင်မြင်စွာရပ်တည်နေတဲ့ ချစ်သက်က သူမရဲ့နာမည်နဲ့ဂုဏ်ကိုလည်း ယနေ့တိုင်အောင် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ် ။

ချစ်သက်ကတော့ သားလေးတစ်ယောက်၊သမီးလေးတစ်ယောက် မွေးဖွားထားတဲ့ ကလေးမေမေဖြစ်ပြီး ကလေးတွေတစ်ဖက်နဲ့ အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ စီးပွားရေးလုပ်ငန်းကိုလည်း ကြိုးစားပမ်းစားလုပ်ကိုင်နေတဲ့ “Sweet Child of TN & TM” ဆိုတဲ့ ဆိုင်လေးကိုလည်း ဖွင့်လှစ်ထားတာ ဖြစ်ပါတယ် ။

ပရိသတ်တွေအတွက် သူမရဲ့အပျော်တွေကိုမျှဝေပေးလေ့ရှိတဲ့ ချစ်သက်က အခုလည်း ချစ်ခင်ပွန်းနဲ့အတူ ကြည်နူးနေတဲ့ ပုံရိပ်လေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ် ။

ချစ်သက်က “တွေ့ရာနေရာမှာ ရအောင်အိပ်တတ်သူချစ်ဇနီး” ဆိုပြီး ချစ်ခင်ပွန်းရဲ့ပေါင်ပေါ်မှာ အပီအပြင်အိပ်ပျော်နေတဲ့ပုံလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ် ။

အိပ်ချင်မူးတူးရုပ်လေးနဲ့တောင် အရမ်းချစ်ဖို့ကောင်းနေတဲ့ ချစ်သက်ကတော့ ချစ်ခင်ပွန်းကိုကပ်ချွဲနေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သက်မွန်မြင့်တို့ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top