မေး > ကိုယ်စောင့်နတ်ဆိုတာ တကယ်ရှိပါသလား၊
ဖြေ > ကိုယ်စောင့်နတ်ဆိုတာတကယ်ရှိပါတယ်၊
မကောင်းမှုပြုသောသူသည် သူမကောင်းမှုပြုတဲ့အကြောင်းကို သူကိုယ်တိုင်ပတမဦးဆုံးသိ၏။ထိုနောက် သူ၏ကိုယ်စောင့်နတ်သိ၏ ။ထိုနောက်သူတပါး၏ ။
စိတ်ကို ဖောက်ထွင်းသိမြင်နိုင်သော် တန်ခိုးရှင်များသိ၏ လို့” ပါရာဇိကဏ်အဌထာ သုဒိန္ဒကဏ္ဍ “အဖွင့်မှာပါတဲ့စာရပ်ကိုထောက်ပြီး လူကိုနတ်စောင့်တယ်ဆိုတာ သိရပါတယ်။
နောက်မေးခွန်းတခုက …
မေး > လူကို ဘယ်လိုစောင့်ရှောက်သလည်းဆိုတာပါ၊
ဘုန်းကံကြီးမားတဲ့ လူကို စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုရှိတဲ့ သူတော်ကောင်းနတ်များက စောင့်ရှောက်ကြပါတယ် ။
ဘုန်းကံမွဲမွဲ လူများကိုတော့ တန်ခိုးသေးနုပ်ပြီး စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှု မရှိတဲ့ နတ်သေးနတ်မွှား လေးတွေက စောင့်ရှောက်ကြပါတယ်။
တန်းခိုးအင်အားကြီးမားလေ လုပ်နိုင်တဲ့ အရာတွေ၊ လုပ်ပိုင်ခွင့်တွေ ပိုရှိလေမို့ သူလုပ်နိုင်တဲ့ပမာဏ သူလုပ်ခွင့်ရှိတဲ့ အတိုင်းအတာထဲကနေ ကူညီစောင့်ရှောက် ပေးကြပါတယ်။
ရှေးက ဗရာဏသီမင်းဟာ ကောသလမင်းကို သတ်ပြီး တိုင်းပြည်ကိုသိမ်းပိုက်၊ ကောသလမင်းရဲ့ မိဖုရားကိုလည်း သူမိဖုရားအဖြစ် သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီမိဖုရားကြီးမှာ သွားလေသူ ကောသလမင်းကြီးနဲ့ ရထားတဲ့ ကိုယ်ဝန်ကျန်ခဲ့ပါတယ်။အချိန်တန်တော့ သားယောကျာ်းလေး မွေးဖွားခဲ့တယ်။
အရွယ်ရောက်လာချိန်မှာ အခြားမိဖုရားနဲ့ ရထားတဲ့ ကုဂုင်္ဂဒေဝီဆိုတဲ့ မင်းသမီးလေးနဲ့ ချစ်ကြိုက်သွားကြတယ်။
ဒါကို ဗရာဏသီမင်းကြီးကသိလို့ မင်းသားကိုသတ်ဘို့ လုပ်တယ်၊ အဲဒါကို မင်းသားလေးကို သေဘေးကလွတ်အောင် ကယ်တင်ပေးခဲ့တယ်။
ကယ်တင်ပေးသူက မင်းသားလေးရဲ့ ကိုယ်စောင့်နတ်ပဲ ဖြစ်ပါတယ်၊ နတ်က သူလုပ်ပိုင်ခွင့်ရှိတဲ့ ပမာဏအားလျှော်စွာ လုပ်ကိုင်စောင့်ရှောက် ပေးတယ်လို့ မှတ်သားစေခြင်ပါတယ်။
နောက်မေးခွန်းတခုက ……
နတ်က လူ့ကိုယ့်ထဲမှာ နေသလား…အပြင်မှာ နေသလားဆိုတဲ့မေးခွန်းပါ။လူကိုယ်ထဲမှာ မနေပါဘူး ။အပြင်ဘက်မှာနေပါတယ်။
ကိုယ်စောင့်နတ်ဆိုတာ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ဘုမ္မစိုး၊ ရုက္ခစိုး အစရှိတဲ့ နတ်တွေပါ။လူ့ကိုယ်ထဲမှာ နတ်ရှိရင် အဲဒီလူမျိုးကို တချို့က စုန်းလို့သတ်မှတ်ကြပါတယ်။
နောက်မေးခွန်းတခု ….
လူတိုင်းမှာ ကိုယ်စောင့်နတ်ရှိပါသလား ဆိုတဲ့မေးခွန်းပါ။လူတိုင်းမှာ သဘာဝအားဖြင့် ကိုယ်စောင့်နတ်ရှိပါတယ်။
အထက်မှာဆိုထားသလို ဘုန်းကံကြီးမားတဲ့လူကို စိတ်ဓာတ်အင်အား ခိုင်မာ တောင့်တင်းတဲ့ သူတော်ကောင်းနတ်များက စောက်ရှောက်ပြီး …
ဘုန်းကံမွဲမွဲ လူများကိုတော့ တန်ခိုးသေးနုပ် စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှု မရှိတဲ့ နတ်သေးနတ်မွှားလေးတွေက စောင့်ရှောက်ပါတယ်။
ကိုယ်စောင့်နတ်တွေဆိုတာ လူစောင့်ရှောက်တဲ့ လူရဲ့အလိုကို လိုက်ပြီး ပြောင်းလဲတတ်ကြပါတယ်။
များသောအားဖြင့်တန်ခို့သေးနုပ်ပြီး စိတ်ဓါတ်အင်အား ခိုင်မာတောင့်တင်းမှုမရှိတဲ့ကိုယ်စောင့်နတ်တွေပေါ့။
ဒီလိုနတ်တွေက သူစောင့်ရှောက်တဲ့ လူကကောင်းရင် သူလည်း လိုက်ကောင်းပြီး သူစောင့်ရှောက်တဲ့သူက ဆိုးရင် သူလည်းလိုက်ပြီးဆိုးသွားတတ်ပါတယ်။
တန်ခိုးကြီးမားပြီး စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းတဲ့ နတ်များကတော့ သူတို့မကြိုက်တာလုပ်ရင် အဲဒီလူကို စွန့်ပယ်ပြီး ထွက်သွားတတ်ကြပါတယ်။
လူပြောင်းတိုင်းလည်း သူကလိုက်ပြီး မပြောင်းလွဲတတ်ပါဘူး။
ဥပမာအားဖြင့်…စေတိယမင်းကို တန်ခိုးကြီးတဲ့ နတ်သားလေးပါး စောင့်ရှောက်ပါတယ်၊ စေတိယမင်း မုသားပြောတော့ နတ်သားလေးပါးက စေတိယမင်းကို တခါထဲ စွန့်ပြစ်ထွက်သွားကြပါတယ်။
ဒါကြောင့် လူတိုင်းမှာ သဘာဝအားဖြင့်ကိုယ်စောင့်နတ် ရှိကြသော်လည်း ကိုယ်စောင့်နတ်မကြိုက်တာလုပ်လို့ ကိုယ်စောင့်နတ်ရဲ့ စွန့်ပြစ်ခြင်းခံကြရလို့ ကိုယ်စောင့်နတ် မရှိတဲ့ လူမျိုးတွေလည်းရှိကြပါတယ်။
ဒါကြောင့်ကိုယ်စောင့်နတ် မြဲခြင်ရင် သီလမြဲကြပါလို့ တိုက်တွန်းပါရစေ…..။ ရေးသူ > အရှင်ခေမာနန္ဒ
အောင်ဝိုင်းဖြိုးရဲ့ အမေးမှာ –
“အရှင်ဘုရား တပည့်တော် အား ကိုယ်စောင့်နတ် နှင့် ပတ်သတ်သော အကြောင်းအရာများကို ဖြေကြားပေးပါဘုရား.
ကိုယ်စောင့်နတ်သည် မည်သည့် နတ်အနွယ်ဝင် ဖြစ်ပါသလဲ ဘုရား.
ကိုယ်စောင့်နတ်သည် အစဉ်အမြဲ စောင့်ရှောက်ခြင်း ရှိပါသလား ဘုရား.
ကိုယ်စောင့်နတ် အဖြစ်ကို မည်သည့် ပုဂ္ဂိုလ်များ ရောက်ရှိနိုင်ပါသလဲ ဘုရား.
အရွင္ဘုရားကို ရွိခိုးဦးခ်ပါတယ္ ဘုရား”
နိုင်ငံခြားသား ရဟန်း ချက်ဇ် ဦးသရဏရဲ့ အဖြေ –
ဗုဒ္ဓဘာသာမှာ ကိုယ်စောင့်နတ်ရှိလိုတယ်ဆိုရင် ခြောက်နည်း ဖြစ်နိုင်ပါတယ် –
၁။ကံကောင်းလို့ အရင်ဘဝမှ ဆွေမျိုးတစ်ယောက်က အခု နတ်ဖြစ်ရင် ဒကာ ဒကာမတို့ရဲ့ကိုယ့်စောင့်နတ်ဖြစ်နိုင်ပါတယ်။
ဥပမာဆိုပါတော့ ရန်ကုန်မှ ဆရာကြီးဦးရှိန်ဟာ လူတွေရဲ့ အပမှီတဲ့ရောဂါ ( သရဲစီးတဲ့ရောဂါ) တွေကို (အရင်ဘဝကသူ့အမေ) အခု ဒီဘဝမှာ သူ့ကိုယ်စောင့်နတ်ဖြစ်သူရဲ့ စွမ်းအားနဲ့ ကုသပေးပါတယ်။
(ကုသမှု မှန်ကန်လို့ PhDဆုလည်း ရပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်လောက်ကဆုံးသွားပါပြီ။) ဗုဒ္ဓဘာသာကျမ်းဂန်မှပြောမယ်ဆိုရင် …
ဥဒါန ဗာဟိယသုတ်မှာဆိုတော့ ဗာဟိယ ဒါရုစီရိယ အရင်ဘဝမှ ဆွေမျိုး ဒီဘဝမှာ နတ်ဖြစ်တဲ့ နတ်တစ်ပါးဟာ ဗာဟိယဆီလာပြီး ….
ဓမ္မမဟုတ်တဲ့အကျင့်ကို ပြောပြပြီး၊ မြတ်စွာဘုရားနဲ့ တွေဖို့နှိုးဆော်ပေးပါတယ်။ ဒါဆို ဒီလို ကံကောင်းလို့ ကိုယ့်စောင့်နတ်တစ်ဦး ရနိုင်ပါတယ်။ ဒါ ပထမနည်း။
၂။ ပရိတ် ရွတ်တဲ့အခါ နတ်တွေက လာစောင့်ရှောက်တတ်ကြပါတယ်။ အထူးသဖြင့် (သက်သတ်လွတ်စားပြီး) မဟာသမယသုတ်ကို ….
နေ့တိုင်း နေ့တိုင်း မနက် ၁ နာရီ တစ်ခါ မနက် ၃ နာရီတစ်ခါ ရွတ်လိုက်ရင် ၃ လလောက်ကြာပြီး နတ်တွေက လာစောင့်ရှောက်မယ် ကိုယ့်ကြိုက်တာတွေ လုပ်ပေးမယ်…
ဆောင်ရွက်ပေးမယ်။ (သက်သတ်လွတ်စားရတာ နတ်တွေက အသားအနံ့ မကြိုက်လို့ သူတို့ကို ကိုယ့်အနီးလာစေချင်တယ်ဆိုရင် သက်သတ်လွတ်စားရပါတယ်။)
၃။သီလကို ဆောက်တည်တယ်ဆိုလို့ရှိရင် နတ်တွေက စောင့်ရှောက်လိမ့်မယ်။ အထူးသဖြင့် သကြားမင်းက စောင့်ရှောက်ပေးပါတယ် – ရှိခိုးတောင် ရှိခိုးပါတယ်။
သံယုတ်နိကာယ် ဂဟဋ္ဌဝန္ဒနာသုတ်မှာ သိကြားမင်းက မိန့်တယ် – ဗြာဟ္မဏပုဏ္ဏား၊ခတ္တိယာ၊ မဟာရဇ်၊ နတ်ကြီး ၃၀ကလည်း သိကြားမင်းကို ရှိခိုးကြပါတယ်။
သို့သော် သိကြားမင်းက သီလပြည့်စုံတဲ့ ပုဂ္ဂိုလ်များတို့ကို ရှိခိုးတယ်လို့ ပြောထားပါတယ်။
၄။ လှူဒါန်းပြီး နတ်တွေကို အနုမောဒနာ (ဝမ်းသာဖို့) သာဓုခေါ်ဖို့ ဖိတ်ခေါ်တယ်ဆိုရင်လည်း နတ်တွေက ကာကွယ်ကြမယ်။
သီရိလင်္ကာမှာ အိမ်ကဆွမ်းကပ်ပြီး ဆွေမျိုးညာတိတွေကို အမျှဝေလိုက်ရင်တော့ “ကိုယ့်ပြုလုပ်ထားတဲ့ ကုသိုလ်မှ ဝမ်းသာပြီး ကာကွယ်ပါစေ”လို့ ဖိတ်ခေါ်ဆုတောင်းကြပါတယ် –
အာကာသဋ္ဌာ စ ဘုမ္မဋ္ဌာ၊
ဒေဝါ နာဂါ မဟိဒ္ဓိကာ၊
ပုညံ တံ အနုမောဒိတွာ
စိရံ ရက္ခန္တု မံ ပရန္တိ။”
၅။မေတ္တာဘာဝနာ ပွားရင်လည်း ကိုယ်စောင့်နတ်တွေက လာပြီး ကာကွယ်မယ်လို့အင်္ဂုတ္တိုရ်နိကာယ် ၁၁ မေတ္တာနိသံသသုတ် မှာ မြတ်စွာဘုရား ဟောကြားတော်မူပါတယ်။
မေတ္တာဘာဝနာ အားထုတ်ရင် ကောင်းကျိုး ၁၁ မျိုးရပါတယ်။ အဲဒီ ကောင်းကျိုး ၁၁ မျိုးမှာ တစ်မျိုးက “ဒေဝတာ ရက္ခန္တိ” (နတ်များ ကာကွယ်ကြမည်) လို့ ဖြစ်ပါတယ်။
ပိလိန္ဒဝစ္ဆမထေရ်ကြီးရဲ့ မေတ္တာစွမ်းအားက အင်မတန်မှ ကြီးမားပါတယ်။အင်္ဂုတ္တိုရ်နိကာယ် ၁ ဧတဒဂ္ဂဝဂ္ဂမှာ မြတ်စွာဘုရား ပိလိန္ဒဝစ္ဆမထေရ်ကြီးကို ဒီလိုချီးမွှမ်းတော်မူပါတယ်။
“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဒေဝတာနံ ပိယမနာပါနံ ယဒိဒံ ပိလိန္ဒဝစ္ဆော။”
“ရဟန်းတို့ ငါဘုရား တပည့်သာဝကာတို့တွင် နတ်တို့၏ချစ်ခြင်းမှာ အမြင့်မြတ်ဆုံးရဟန်းသည် ပိလိန္ဒဝစ္ဆမထေရ် ဖြစ်ပါတယ်။”
၆။မဂ် ဖိုလ် ရမယ်ဆိုလိုရှိရင်လည်း နတ်တွေက ကာကွယ်လိမ့်မယ်။ ဓမ္မပဒ အဋ္ဌကထာရဲ့ ပထမဆုံး ပုံဝတ္ထုဟာ စက္ခုပါလမထေရ်ရဲ့ အတ္ထုပ္ပတ္တိကို ပြောပြပါတယ်။
အဲဒီမှာ စက္ခုပါလမထေရ်ကြီးက ရဟန္တာဖြစ်ပြီး သူ့မျက်စိတွေက ပျက်သွားပါတယ်။မမြင်နိုင်တော့ပါဘူး။ ခရီးထွက်တဲ့အခါ လမ်းပြတဲ့ ရဟန်းတော်ဟာ မိန်းမတစ်ယောက်နဲ့ ပါရာဇိကကျတော့ စက္ခုပါလမထေရ်ကြီးက သူ့ကိုနှင်ထုတ်တော်မူပါတယ်။
ဒါကြောင့်လည်း တစ်ပါးတည်းပဲ လမ်းပေါ်မှာ ကျန်တော်မူတယ်။ဒါကို သိကြားမင်းက သိသွားပြီး စက္ခုပါလမထေရ်ကြီးကို ကိုယ့်တိုင်လာပြီး လမ်းပြပါတယ်။
အတိုချုပ်ပြောမယ်ဆိုရင် ကိုယ့်စောင့်နတ်ရဖို့ –
(၁) အရင်ဘဝမှ ဆွေမျိုးရှိရမယ်၊
(၂) ပရိတ်ရွတ်ရမယ်
(၃) သီလပြည့်စုံရမယ်
(၄) လှူဒါန်းပြီး အနုမောဒနာပြုရမယ်
(၅) မေတ္တာဘာဝနာကျင့်ကြံအားထုတ်ရမယ် (၆) မဂ်ဖိုလ်အောင်မြင်ရမယ်။
ကိုယ့်စောင့်နတ်တွေ ဘယ်နှစ်ပါး ဖြစ်ပါသလဲလို့ သိဖို့ မလွယ်ပါဘူး။ သူတို့ကလည်းကူညီပေးချင်စိတ်ရှိမှပဲ ကူညီပေးကြပါတယ်။
အဲ့လို သူတို့ကို တာဝန် ပေးမထားပဲနဲ့ လွတ်လပ်စွာ စောင့်ရှောက်ကြပါတယ်။ ကုသိုလ်မလုပ်ဘဲ အကုသိုလ်များရင်တော့ ပြေးကြမှာပေါ့။
ဒါကြောင့် ဒကာ ဒကာမတွေက ကုသိုလ်တွေ အတတ်နိုင်ဆုံး လုပ်ပြီး နတ်တို့ရဲ့ အချစ်ကို မပျောက်စေတဲ့ ရဟန္တာဆုကို အောင်မြင်နိုင်ကြပါစေကုန်သတည်း။
သတ္တဝါ အားလုံး ကျန်းမာချမ်းသာကြပါစေ။ နိုင်ငံခြားသား ရဟန်း ချက်ဇ် ဦးသရဏပါ။
ဦးဇင်းရေးထားတဲ့ မြန်မာစာကို Cathy Hlaing ပြင်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ အမြဲကျန်းမာချမ်းသာပါစေ ။
Credit: အရွင္ဓမၼရကၡိတ
unicode

အရှင်ဘုရားကို ရှိခိုးဦးချပါတယ် ဘုရား”

Credit: အရှင်ဓမ္မရက္ခိတ