ဗိုလ်ချုပ်ပုံ ကျပ် (၅၀၀)တန် လစာပေးရာတွင် ထည့်သွင်းပေးသွားမည်

ဗိုလ်ချုပ်ပုံ ကျပ် (၅၀၀)တန် လစာပေးရာ တွင် ထည့်သွင်း ပေးသွားမည်

ဇူလိုင် ၁၉ ရက် အာဇာနည်နေ့တွင် ထုတ်ဝေမည့် ကျပ် ၅၀၀ တန်များ ကို ပြည်သူ ထံသို့ များများနှင့် မြန်မြန် ရောက်ရှိရေး လစာများအတွင်းထည့်သွင်းဖြန်ချိမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ သိရသည်။

“ဗဟိုဘဏ်က ငွေစက္ကူထုတ်တယ်ဆိုရင် ဘဏ်တွေ အားလုံးကို ထုတ်ပေး လိုက်တာ။ နိုင်ငံပိုင်ဘဏ်တွေဆိုရင်တော့ ဖြန်ဝေတဲ့အခါ လစာထဲမှာ ထည့်ပေးတာ တွေလုပ်တယ်။ လစာထဲမှာထည့်ပေးပါလို့ ဗဟိုဘဏ်ကတိုက်တွန်းပေးတယ်။တစ်ပြည်လုံးကို အခု ဖြန့်ပြီးသား။ ထုတ်တဲ့နေ့မှာ အချိန်ကိုက်ဆိုရင်လည်း လစာထဲမှာထည့်ပေးတယ်။ ပုံမှန်လည်းထည့်ပေးတယ်။ ပုံစံအသစ်ပဲဖြစ်ဖြစ် ငွေစက္ကူအသစ်ပဲဖြစ်ဖြစ်၊ ပြည်သူထဲကို များများနဲ့မြန်မြန်ရောက်အောင်ဆိုရင် လစာထုတ်တဲ့ အခါမှာ ထည့်ပေးလေ့ရှိပါတယ်။ အခု ၅၀၀ တန်မှာလည်း လစာထဲထည့်ပေးပြီး ဖြန့်ဝေ မှာပါ” ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက မြန်မာတိုင်းမ်ကို ပြောသည်။

ထို့ပြင် လက်ရှိသုံးစွဲနေသည့် ငွေစက္ကူအားလုံးကို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံဖြင့် ထုတ်ဝေသွားမည်ဖြစ်ကြောင်း ဇွန် ၁၅ ရက်က နေပြည်တော်ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဦးစိုးမင်းက ပြောကြားသည်။“အရင်က သုံးနေတဲ့အဟောင်းတွေရှိနေတဲ့အတွက် သိပ်ပြီးတော့မပြန့်တာလည်းရှိပါတယ်။ ကန့်သတ်ပြီးတော့ ထုတ်တာမျိုးတော့မရှိပါဘူး။ အသစ်ထုတ်ပြီဆိုရင်တော့ ဆက်တိုက်ထုတ်သွား တာပါပဲ။ ကျန်နေသေးတဲ့ ၅၀၀၀ တန်နဲ့ ၁၀၀၀၀ တန်တွေကို ထုတ်ရင်လည်း အခုရှိနေတဲ့ လုံခြုံရေး စနစ်ထက် ပိုကောင်းတဲ့လုံခြုံရေးစနစ်မျိုး အသုံးပြုသွားမှာပါ” ဟု ဦးစိုးမင်းက ပြောသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၇ ရက်တွင် ပြည်သူသူထု ထံသို့ ဖြန့်ဝေခဲ့သည့် ကျပ် ၁၀၀၀ တန်များမှာ ထုပ်လုပ်မှု နည်းပါးခြင်းကြောင့် ပြည်သူများလက်အတွင်းသို့ ရောက်ရှိမှုနည်းပါးခဲ့သည့်အတွက် ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည်။မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါငွေစက္ကူများ ထုတ်လုပ် အသုံးပြုခဲ့သည်။ ထို့နောက် မဆလ ၊ နဝတ၊ နယက လက်ထက်တို့၌ ငွေစက္ကူများ၌ အခြားရုပ်ပုံများဖြင့် အစားထိုး အသုံးပြုခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ထောင်တန် ငွေစက္ကူကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ၄ ရက် လွတ်လပ်ရေးနေ့ တွင် ပထမဆုံး အကြိမ် ပြန်လည်ထုတ်ဝေခဲ့ပြီး ဇန်နဝါရီ ၇ ရက်တွင် ပြည်သူသူထုထံသို့ ဖြန့်ဝေခဲ့ကာ ယခု ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် ငါးရာကျပ်တန် ငွေစက္ကူကို လာမည့် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့တွင် ထုတ်ဝေမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

========================

Zawgyi

Credit

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top