လူတစ်ဦးတစ်ယောက်ကို ချစ်ပြီး ပိုင်ဆိုင်ရယူဖို့ ကြိုးစားတာထက် တစ်ဖတ်သက် အချစ်နဲ့တင် ချစ်နေရတာကို သဘောကျတဲ့သူတွေက တကယ်တော့ အချစ်ပိုကြီးတယ်လို့ ပြောရပါမယ်။
သူတို့တွေက ချစ်တဲ့သူ တစ်ယောက် ကို အမြဲ ပျော်ရွင်တာ မြင်စေချင်တယ်။ ဘာလို့လဲ ဆိုရင်
1. သူ့အတွက် စိတ်အနှောက်ယှက် ဖြစ်မှာ ဆိုးသူတွေ
အကယ်လို့များ ကိုယ်သာ ဖွင့်ပြောမိမယ်ဆို ကိုယ့်ကြောင့် စိတ်အနှောက်ယှက်များ ဖြစ်မလားဆိုပြီး တွေးပူတတ်တဲ့သူတွေပါ။ သူတို့တွေက သရဲဘောကြောင်တာတော့မဟုတ်ပါဖူး တကယ်တော့ ချစ်သူကို စိတ်အနှောက်ယှက် မပေးချင်တာ ပါ။
2. တိတ်တိတ်လေး ချစ်ရတာကို သဘောကျသူတွေ
သူတို့ အချစ်က ထူးဆန်းပေမယ့် တကယ်တော့ စိတ်အရမ်းအေးချမ်းစရာပါ။ လူတစ်ယောက်ကို တိတ်တိတ်ေလေးချစ် လိုက် သဘောကျလိုက် နဲ့ ဒီထက်လည်း မဖြစ်နိုင်ဖူးလို့လဲ သူတို့က ခံယူထားပြီးသူဖြစ်တာကြောင့်ပါ။
3. အရမ်းစိတ်ထိခိုက်လွယ်သူတွေ
သူတို့တွေက စိတ်ခံစားချက် အရမ်းနူးညံကြတယ်။ စိတ်တစ်ခုခု ထင့်လာပြီဆို အရမ်း Feel တတ်ကြတယ် ။ အသေးမွှားလေးကအစ တွေးပူပြီး တစ်ယောက်တည်း Feel တတ်ကြတဲ့ သူတွေပါ။
4. စိတ်လွတ်လပ်သူတွေ
သူတို့တွေက လူတစ်ယောက်ကို ကြိုက်နေရလို့ အရမ်းပင်ပန်းနေတယ်လို့ မထင်ပါနဲ့ တကယ်တော့ သူတို့ကလည်း စိတ်လွတ်ကိုယ်လွတ်နဲ့ နေတတ်တဲ့သူပါ။ ချစ်သူရည်းစားရှိတာထက် single ဘဝနဲ့ပဲ လူတစ်ယောက်ကို ချစ်နေရတာကို သဘောကျကြတဲ့သူပါ။ အဲ့တော့ သူ့အတွက် အချူပ်နှောင်မရှိဖူးလို့ ခံယူထားသူတွေပါ
5. တစ်ကိုယ်တည်း နေတတ်တဲ့သူတွေ
မယုံမရှိပါနဲ့ သူတို့က တစ်ယောက်တည်းချစ်နေပြီး တစ်ယောက်တည်းပဲ လူမသိအောင် ကြိတ်ပြီး ခံစားတတ်တဲ့သူတွေက အသက်ရွယ်ရလာရင်လည်း တစ်ယောက်တည်းနေရတာကို သဘောကျတဲ့သူဖြစ်သွားနိုင်ပါတယ်။ မယုံရင် လူပျိုကြီး အပျိူကြီး တွေ ကို မေးကြည့်ပေါ့ …။
ကဲ သင်ရော တစ်ဖတ်သက် ချစ်နေရတာကို ပဲ သဘောကျသူလား..?