တစ်နိုင်ငံလုံး ရေကြီးအန္တရာယ်သတိပြုရန်လိုကြောင်း မိုးဇလ ညွှန်ကြားရေးမှူး ပြောကြား

မိုးများပြီး မြစ်ရေ၊ ချောင်းရေတွေ မြင့်တက်လာနိုင်ပါတယ် ဇူလိုင်(၁၈)ရက်နေ့ နောက်ပိုင်း ကစပြီး မုတ်သုံလေအားကောင်းကာ မိုးရွာသွန်းမှုက ယခုထက်ပိုလာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှသိရပါတယ်။

မိုးများလာနိုင်တဲ့အတွက် မြစ်ရေ၊ ချောင်းရေတွေ မြင့်တက်လာနိုင်ပြီး တစ်နိုင်ငံလုံး ရေကြီးမှုအန္တရာယ်ကို သတိပြုဖို့လိုတယ်လို့ မိုးဇလတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ ဇူလိုင်လအတွင်း ပုံမှန်မိုးရေချိန် မရောက်သေးတဲ့ ယခုအချိန်မှာတောင် မြစ်ရေမြင့်တက်မှုတွေ လည်းရှိနေပါတယ်။ “ဇူလိုင်လနဲ့ သြဂုတ်လကတော့ နှစ်စဉ်နှစ်တိုင်း ရေကြီးမှုတွေ ဖြစ်နေကျပါ။

အရင်ကဆို (၂)နှစ်ခြားတစ်ခါ၊ (၃)နှစ်ခြားတစ်ခါမှသာ ရေကြီးမှုကဖြစ်နေကျပါ။ (၂၀၁၄)ကနေ (၂၀၁၉)ထိကေတော့ နှစ်စဉ်ပုံမှန် ရေကြီးမှုတွေကြုံတွေ့နေရရတော့ ရေကြီးမှုအန္တရာယ်ကို အခုနောက်ပိုင်းမှာ ပိုပြီးတော့သတိပြုနေရပါတယ်။ လက်ရှိအာရှနိုင်ငံတော်တော်များများမှာလည်း ရေကြီးမှုတွေကြုံတွေ့နေရတယ်။ မြန်မာနိုင်ငံမှာလည်း ဇူလိုင်(၁၈)ရက်နေ့နောက်ပိုင်းကစပြီး မုတ်သုံလေအားကောင်းကာ မိုးရွာသွန်းမှုက ယခုထက် ပိုလာနိုင်လို့ မြစ်ချောင်းရှိတဲ့ ဒေသတွေမှာတော့ ရေကြီးမှုအန္တရာယ်ကို သတိပြုဖို့ လိုတယ်” လို့ မိုးဇလ ညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက ပြောပါတယ်။

လက်ရှိ ဧရာဝတီမြစ် အထက်ပိုင်းမှာ မြစ်ရေ မြင့်တက်နေမှုတွေရှိနေပြီး မိုးဆက်တိုက်ရွာသွန်းနေမယ် ဆိုရင်တော့ စိုးရိမ်ရေမှတ်ကို ရောက်ရှိလာနိုင်တယ်လို့ သိရပါတယ်။ မိုးဦးကာလမှာ မိုးရွာသွန်းမှု နောက်ကျခဲ့တာကြောင့် ယခုနောက်ပိုင်းကာလတွေ မှာ မိုးများ လာနိုင်ပြီး မြန်မာနိုင်ငံအနှံ့ ရေကြီး ရေလျှံမှုနဲ့ မြေပြိုမှုအန္တရာယ်တွေကို သတိပြုဖို့ လိုတယ်လို့ ဦးကျော်မိုးဦးကပြောပါတယ်။

မိုးဇလရဲ့ ဒီကနေ့ ညနေ (၄)နာရီထုတ်ပြန်ချက်အရ ဒီကနေ့ ညနေပိုင်းအထိ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှာ မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ရွာရန်ရာနှုန်း (၈၀)% အထိရှိတယ်လို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။

Unicode

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top