လူရွှင်တော်၊သရုပ်ဆောင် ဦးကောင်းကျော်ကတော့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်ရအောင် သူ့ရဲ့ပြက်လုံးတွေ တင်ဆက်ပေးလေ့ရှိသူပဲ ဖြစ်ပါတယ်။ ချစ်ဇနီးလေးနဲ့အတူ ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ ဦးကောင်းကျော်က ဟင်းတွေချက်ပြုတ်ပြီး ရောင်းချနေတာလည်း ဖြစ်ပါတယ်။ဒါ့အပြင် ဦးကောင်းကျော်က မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) ရဲ့ ပြန်ကြားရေးမှူး ၂ တာဝန်ကို ထမ်းဆောင်နေတာလည်း ဖြစ်ပါတယ်။ အခုလည်း ဦးကောင်းကျော်က မြန်မာနိုင်ငံ သဘင်အစည်းအရုံးနဲ့အတူ လူရွှင်တော်ကြီးဦးဧရာဆီကို သွားရောက်ပြီး ဆန်နဲ့ဆီတွေ ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ဒီအကြောင်းကို ဦးကောင်းကျော်က “ရုပ်ရှင်နှင့်ဗီဒီယိုဟာသ သရုပ်ဆောင် ကိုဧရာအား မြန်မာနိုင်ငံသဘင်အစည်းအရုံး ပိုသူလှူ လိုသူကူ အစီအစဉ်ဖြင့် ဆန်နှင့်ဆီအား သွားရောက်ကူညီထောက်ပံ့ လှုဒါန်းခဲ့ပါသည်။” ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။ဒါ့အပြင် ဦးကောင်းကျော်က ကိုယ်ပိုင်ထီဆိုင်လေးဖွင့်ကာ ရောင်းချနေတဲ့ ဦးဧရာဆီမှာ ထီထိုးပြီး အားပေးခဲ့သေးတာလည်း ဖြစ်ပါတယ်။ ဦးကောင်းကျော်က “ကိုင်း ???ဘာဖြစ်ဖြစ် ကိုဧရာကို စိတ်ရှိသလောက်ကြုံတုန်း အသားကုန် ဝင်ထိုးပစ်လိုက်သည် ဆန္ဒရှိသူများလည်း ဝင်ထိုးလို့ရသည်စိတ်ကြိုက် ထိုးနိုင်သည် ကျန်းမာရေး သိပ်မကောင်းပေမယ့် ခုချိန်ထိ အထိုးခံနိုင်ပါသေးသည် (ထီ ပြောတာနော်) ခ်ခ်ခ်” ဆိုပြီး စနောက်ထားပါသေးတယ်။ကဲ ချစ်ပရိသတ်တွေအတွက် ဦးကောင်းကျော်နဲ့ဦးဧရာတို့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။Unicodeလူရွှင်တော်၊သရုပ်ဆောင် ဦးကောင်းကျော်ကတော့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်ရအောင် သူ့ရဲ့ပြက်လုံးတွေ တင်ဆက်ပေးလေ့ရှိသူပဲ ဖြစ်ပါတယ်။ ချစ်ဇနီးလေးနဲ့အတူ ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ ဦးကောင်းကျော်က ဟင်းတွေချက်ပြုတ်ပြီး ရောင်းချနေတာလည်း ဖြစ်ပါတယ်။
