ခင်လှိုင်နဲ့ တက္ကသိုလ်ဂွမ်းပုံတို့ကတော့ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တွေထဲမှာမှ ပရိသတ်ရဲ့အချစ်ကိုအများဆုံးသိမ်းပိုက်ထားတဲ့ အနုပညာရှင်တွေပါ။ အနုပညာအရည်အချင်းအပြည့်အဝနဲ့ ဆက်တိုက်ကြိုးစားခဲ့ကြသူတွေဖြစ်ပြီး အခုဆိုရင် ကိုယ်ပိုင်မိသားစုအသီးသီးနဲ့ ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝလေးတွေကို တည်ဆောက်ထားကြပါတယ်။
မနေ့ကတော့ ပြင်ဦးလွင် YGW ခြံနားမှာ အိမ်သစ်လေးဆောက်နေတဲ့ တက္ကသိုလ်ဂွမ်းပုံရဲ့ ဆောက်လက်စအိမ်လေးဆီကို ခင်လှိုင်တို့မိသားစုတွေ သွားရောက်လည်ပတ်ခဲ့ပါတယ်။ ခင်လှိုင်တို့မိသားစုနဲ့ ဆွေမျိုးတွေကတော့ မန္တလေးမှာ အညာမြေစားသောက်ဆိုင်လေးကို ဖွင့်လှစ်ထားသလို မနေ့ကတော့ မဂွမ်းရှိရာ ပြင်ဦးလွင်မြို့လေးကို သွားပြီး ပျော်ပျော်ပါးပါးချက်ပြုတ်စားသောက်ခဲ့တဲ့အကြောင်းကို ပရိသတ်ကိုမျှဝေခဲ့တာပဲ ဖြစ်ပါတယ်။
ရင်းရင်းနှီးနှီးပျော်ရွှင်စွာ နေထိုင်ကြတဲ့ခင်လှိုင်တို့ဆွေမျိုးတွေကတော့ မနေ့က တက္ကသိုလ်ဂွမ်းပုံရဲ့ဆောက်လက်စအိမ်သစ်လေးကို သွားလည်ရင်း ပျော်စရာတွေဖန်တီးခဲ့ကြတာမို့ ပရိသတ်ကြီးလည်း အပျော်တွေကူးစက်နိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…
credit-cele gabar
ZAWGYI
တက္ကသိုလ်ဂွမ်းပုံရဲ့ဆောက်လက်စအိမ်သစ်လေးကို သွားလည်ရင်း ပျော်စရာတွေဖန်တီးခဲ့ကြတဲ့ ခင်လှိုင်တို့မိသားစု