YBS ယာဉ်စီးခပေးကတ်များ ဇူလိုင် ၁၆ ရက်တွင် စတင်ရောင်းချမည်

YBS ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေမှု(Yangon Payment Services-YPS)ကို လာမည့် ဇူလိုင် ၂၁ ရက်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်၍ YPS ကတ်များရောင်းချမှုနှင့် ငွေဖြည့်သွင်းသည့်ဝန်ဆောင်မှု များကို ဇူလိုင် ၁၆ ရက်တွင် စတင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း Asia Starmar Transport Intelligent Co.,Ltd မှ သိရသည်။

YPS ကတ်များအား ရန်ကုန်မြို့ရှိ G&G ဆိုင်ပေါင်း ၁၀၂ ဆိုင်တွင် ဝယ်ယူရရှိနိုင်ရန် စီမံထားကြောင်း သိရသည်။ ထို့ပြင် ကတ်များ သုံးစွဲမှုနှင့်ပတ်သက်၍ သုံးစွဲသူများ၏အခက်အခဲကိုဖြေရှင်းပေးနိုင်ရန် ဆူးလေ၊ သမိုင်းနှင့်တာမွေ တို့တွင် YPS Service Center သုံးခုကိုပြင်ဆင်ထားကြောင်း သိရသည်။

အဆိုပါ YPS ကတ်များအား YBPC ကုမ္ပဏီမှ ယာဉ်လိုင်း ခုနစ်လိုင်း၊ လမ်းကြောင်း ၁၀ ခုတွင် ပြေးဆွဲနေသည့် ဘတ်စ်ကား ၃၆၃ စီးနှင့် ဗန္ဓုလကုမ္ပဏီမှ ယာဉ်လိုင်း ခြောက်လိုင်း၊ လမ်းကြောင်း ခုနစ်ခုတွင်ပြေးဆွဲနေသည့် ဘတ်စ်ကား ၂၃၄ စီးတို့တွင် စတင်အသုံးပြုနိုင်မည်ဖြစ်သည်။

YPS ကတ်တစ်ကတ်၏ တန်ဖိုးမှာ ကျပ် ၂၀၀၀ ဖြစ်ပြီး အနည်းဆုံး ငွေကျပ် ၁၀၀၀ မှ အများဆုံး ကျပ် ၅၀၀၀၀ ထိ ငွေဖြည့်သွင်းထားနိုင်ကြောင်း၊ ပရိုမိုးရှင်းကာလဖြစ်သည့် ဇူလိုင် ၁၆ ရက်မှ ဩဂုတ် ၁၅ ရက်အတွင်း ကနဦးငွေဖြည့် သည့် ပမာဏမှာ ငွေကျပ် ၅၀၀၀ ဖြစ်ပါက YPS ကတ် တစ်ကတ် အခမဲ့ရရှိမည်ဖြစ်သည်။

အသုံးပြုစီးနင်းရာ၌ ဘတ်စ်ကားပေါ် တက်ရာတွင် အရှေ့တံခါး၌ တပ်ဆင်ထားသော Bus Validator စက်တွင် ကတ်ကိုထိရမည်ဖြစ်ပြီး ကားပေါ်မှ ပြန်ဆင်းရာတွင်လည်း ကတ်ကို Bus Validator စက်တွင် ထပ်မံထိပေးရမည်ဖြစ်ကြောင်း၊ ကတ်ကိုစက်တွင် ထိလိုက် လျှင် စီးနင်းခဲ့သည့်ခရီးစဉ်၏ကျသင့်ငွေကိုဖြတ်တောက် သွားမည်ဖြစ်ပြီး အကယ်၍ ဘတ်စ်ကားပေါ်မှအဆင်းတွင် စက်၌ ကတ်ကိုထိရန် မေ့လျော့/ပျက်ကွက်ခဲ့ပါက နောက် ခရီးစဉ်အစတွင် စက်ကိုထိလိုက်သည်နှင့် တစ်ပြိုင်နက် ယခင်ခရီးစဉ်တစ်ခုလုံး၏ ကျသင့်နှုန်းထားကို အလို အလျောက်ဖြတ်တောက်သွားမည်ဖြစ်ကြောင်း၊ YPS ကတ် အားတစ်ကြိမ်လျှင် ခရီးသည်တစ်ဦးအတွက်သာအသုံးပြုပေးချေနိုင်ပြီး တစ်ဦးနှင့်အထက်ပေးချေ၍မရကြောင်း သိရသည်။

Ref – ရာမည, YPS

==========================

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top