စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် ထန်းပင်ကုန်းကျေးရွာအုပ်စု ထန်းပင်ကုန်းကျေးရွာတွင် ရှေးဟောင်းစေတီများ ရှေးဟောင်းဘုရားရုပ်ပွားတော်များ ဘုရားခြေတော်ရာတစ်ဆူတို့အား တွေ့ရှိပါသည်။
“ဒီရှေးဟောင်းဘုရားတွေ ခြေတော်ရာရယ်တော့ ရှေးလူကြီးတွေပြောတဲ့ တဘောင်တွေတော့ရှိတယ် 23-5-2020ရက်မှ ခုလို တွေ့ရှိခဲ့တာပါ လူအများ လာရောက်ဖူးတော့မှသန်ရှင်းရေးတွေ လုပ်ကြရင်း
ခုလို ရှေး ဟောင်းရုပ်ပွားတော်လေးတွေ ရှေးဟောင်းပစ္စည်းတွေ ထွက်လာတာ ခုဆို ဆက်လက်ပြီး သန့်ရှင်းရေးတွေတော့ လုပ်နေပါတယ် ဘုရားဖူးပြည်သူများနှင့် လာရောက်လေ့လာလိုသူများ စိတ်အား ထက်သန်မှုများပြားသောကြောင့်
သမိုင်းတာဝန်ရှိသူများ အနေဖြင့် လေ့လာ ရှာဖွေ ဖော်ထုတ်သင့်ကြောင်းရှေးဟောင်းအမွေအနှစ်မြတ်နိုးသူများ တာဝန်ရှိသူများနှင့် ရှေးဟောင်းသုတေသန တို့လိုအဖွဲ့တွေလာရောက်လေ့လာစေချင်ပါတယ်” လို့ ထန်းပင်ကုန်း ကျေးရွာ ရွာဦးကျောင်းမှ အရှင်ထေရဝံသ(ကျွန်းလှ)နှင့် ဦးဝင်းလှိုင်(ကဗျာဆရာ ရွှေထန်းသား-ကျွန်းလှ) တို့မှ ပြောကြပါတယ်။
ကျွန်းလှမြို့နယ် ထန်းပင်ကုန်းကျေးရွာမှာရှိတဲ့ ရှေးဟောင်းစေတီများ ဘုရားခြေတော်ရာ ကျောက်တုံးပေါ်ရေးဆွဲထားတဲ့ ရှေးဟောင်းလက်ရာကျားရုပ်များ ကျောက်ပြားတွေပေါ်က ပါဠိစာ မြန်မာစာ မဟုတ်သောစာများ
ရှေးဟောင်းလက်ရာ ပစ္စည်းများကို တာဝန်ရှိသူများ သမိုင်းကိုလေ့လာချင်သူများနှင့် ရှေးဟောင်းအမွေအနှစ် ထိန်သိမ်းလိုသူများ လာရောက်လေ့လာကြဖို့ ဒေသခံ ပြည်သူများက မျှော်လင့်လျှက် ရှိပါကြောင်းကိုလည်း သိရသည်။
ရဝေဦး( တမာမွေ)
#######################

ရဝေဦး( တမာမြေ)