စစ်ကိုင်းတိုင်းရှိ ဘုရားစေတီတွေကို ဘုရားဖူးခွင့် ပြန်လည်ခွင့်ပြု

ကလေး ဇူလိုင် ၁၃-၂၀၂၀

စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ ဘုရားစေတီတွေကို ဘုရားဖူးခရီးသွားလာလည်ပတ်ခွင့် ပြန်လည်ခွင့်ပြုခဲ့ပြီး ဖြစ်တယ်လို့ စစ်ကိုင်းတိုင်း သာသနာရေးဦးစီးဌာနရုံး ညွှန်ကြားရေးမှူး ဦးမျိုးဝင်းအောင်ကပြောပါတယ်။

ဒီလို ခွင့်ပြုခဲ့တာဟာ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ပြန်လည်ဖွင့်ခွင့်ပြုခဲ့တာဖြစ်ပြီး ဇူလိုင်လ ၁၂ ရက်နေ့ကနေ စတင်ဖွင့်လှစ်ခွင့်ပြုထားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ အနေနဲ့ ညွှန်ကြားတာတော့ မဟုတ်ဘူး။ တိုင်းအစိုးရကနေ ခရိုင်၊ မြို့နယ်အဆင့် စီမံခန့်ခွဲမှုကော်မတီတွေကို ညွှန်ကြားထားတာမျိုးတော့ ရှိပါတယ်”လို့ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းအောင်ကပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ဘုရားဖူး လာရောက်လည်ပတ်တာများတဲ့ ဘုရားတွေနဲ့ ရှေးဟောင်း သာသနိက အဆောက်အဦးတွေမှာ ဘုရားဖူးခွင့်၊ လည်ပတ်ခွင့် ပြန်လည်ခွင့်ပြုဖို့အတွက်

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ဇူလိုင်လ ၁၁ ရက်နေ့ကနေစတင်ပြီး သက်ဆိုင်ရာမြို့နယ်၊ခရိုင် စီမံခန့်ခွဲမှုကော်မတီအဖွဲ့တွေဆီကို လမ်းညွှန်အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

ဒီလို အကြောင်းကြားတဲ့အခါမှာ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ ပြန်လည်ခွင့်ပြုတယ်ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ စစ်ကိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းကို ဆက်သွယ်မေးမြန်းရာမှာ “ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ လည်ပတ်ဖူးမျှော်ခွင့် ဆောင်ရွက်သွားဖို့ဆိုပြီး ညွှန်ကြားလာတယ်။

ဒီတော့ စစ်ကိုင်းမြို့နယ်က မင်းကွန်းဒေသ၊ ဆွမ်းဦးပုညရှင်၊ ကောင်းမှုတော်စသဖြင့် ဘုရားအားလုံးမှာ သက်ဆိုင်ရာ ဆရာတော်ဘုရားကြီးတွေရဲ့ လမ်းညွှန်မှုကိုခံယူပြီး ဂေါပကအဖွဲ့တွေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ ပြန်ဖွင့်ခွင့်ပြုနေတယ်။

အဲ့ဒီလို ခွင့်ပြုတဲ့အခါမှာ ဆွမ်းဦးပုညရှင်ကတော့ အရင်ကတည်း ကြိုတင်စီမံဆောင်ရွက်ထားတာ ဖြစ်တဲ့အတွက် စဖွင့်ပါပြီ။ ကောင်းမှုတော်ဆိုရင် နှာခေါင်းစည်းတပ်ပြီးမှ ဘုရားဖူးဖို့ ဆိုင်းဘုတ်တွေ လုပ်နေတယ်။

သဘက်ခါလောက် စဖွင့်ဖြစ်မယ်။ ထို့အတူ မင်းကွန်းလဲ ဒီအပတ်ထဲမှာ ဖွင့်ပါမယ်”လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ မတ်လ နောက်ဆုံးပတ်ကနေ စတင်ပြီးတော့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက်ဆိုပြီး ဘုရားဖူးလည်ပတ်ခွင့်တွေကို ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကိုင်းတိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့ လူနာ(၁)ဦး ရှိနေပြီး သူကတော့ စစ်ကိုင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းမှာ လူအများအပြား လာရောက်ကြတဲ့ အလောင်းတော်ကဿပ၊ ဇလုံတောင်၊ ဖိုလ်ဝင်တောင်၊ ဗောဓိတစ်ထောင်၊ ကောင်းမှုတော်၊ ဆွမ်းဦးပုညရှင်၊ မင်းကွန်းဒေသ အပါအဝင် နေရာ တော်တော်များများ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ငြိမ်းသူမင်း(VOM)

=======================

Unicode

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top