အရွယ်မရောက်သေးသည့် မြန်မာအမျိုးသမီးအား ဟိုတယ်ခေါ် ပေါင်းသင်းသည့် တရုတ်ကို အမှုဖွင့်

အရွယ်မရောက်သေးသည့် သမီးဖြစ်သူအား သွေးဆောင်ဖြားယောင်း အဓမ္မ ပေါင်းသင်းသည့် တရုတ်နိုင်ငံသားကို အမှုဖွင့်လှစ်အရေးယူမှု တစ်ခု မြဝတီမြို့မှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်နေ ဒေါ်ချိုမာ တစ်ယောက် ဇူလိုင်လ (၁၃)ရက် နေ့က အိမ်မှာရှိနေစဉ် သမီးဖြစ်သူ မရွှေယမင်း (၁၆)နှစ်က သူမတွေ့ကြုံခဲ့ရတာတွေ မိခင်ဖြစ် သူကိုပြောပြတိုင်ကြားခဲ့တာပါ။

“ဇွန်လ(၂၈)ရက်နေ့က မြဝတီ-မဲ့ထော်သလေး ကားလမ်းမှာရှိတဲ့ ကာစိနိုရုံ (၁)ခုမှ သမီးဖြစ်သူဟာ အလုပ်သွားလျှောက်ခဲ့ပြီး အဲသည်နေ့ ညနေ (၀၅:၀၀)နာရီမှာဘဲ “ဘောက်တီ” ကာစီနိုရုံမှာရှိနေတဲ့ တရုတ်နိုင်ငံသား Mr Luo Xiaogaung မှ ထိမ်းမြားလက်ထပ်မည်ဟု ပြောဆိုစည်းရုံးကာ မြဝတီမြို့ ၊ အမှတ်(၄)ရပ်ကွက်၊ အာရှလမ်းမပေါ်မှာရှိတဲ့ “သုခဝတီ” ဟိုတယ်ကိုခေါ်ဆောင်ပြီး ဇူလိုင်လ(၉)ရက်နေ့ထိ လင်မယား အဖြစ် ပေါင်းသင်းနေထိုင်ခဲ့ပြီး အဲသည်ကမှတစ်ဆင့် “ဘောက်တီ” ကာစီနိုရုံမှာလည်း လင်မယားအဖြစ်ဆက်လက်ပေါင်းသင်းနေထိုင်ခဲ့တယ်လို့” သမီးဖြစ်သူ မရွှေယမင်းက မိခင်ဖြစ် သူကိုပြောပြခဲ့ပါတယ်။

သမီးဖြစ်သူရဲ့ ပြောပြချက်တွေသိရတဲ့အချိန် ဒေါ်ချိုမာ တစ်ယောက် မြဝတီမြို့မရဲစခန်းကိုသွားရောက်ပြီး အသက် မပြည့်သေးတဲ့သမီးဖြစ်သူကို သွေးဆောင်ဖြားယောင်းပေါင်းသင်းတဲ့ ကိုတရုတ်ကို အမှုဖွင့်လှစ်ခဲ့တာမို့ မြဝတီမြို့မရဲစခန်း ၏ (ပ)၄၄၁/၂၀၂၀၊ ရာဇသတ်ကြီးဉပဒေပုဒ်မ ၃၆၃/၃၆၆ ဖြင့်ဖွင့်လှစ်ပြီး Mr Luo Xiaogaung ကို ဖမ်းဆီးအရေးယူ ထားပါတယ်။

မြဝတီမြို့မှာရှိနေတဲ့ ကာစီနိုရုံဝန်ထမ်းတွေရဲ့ (၈၀)%ဟာ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ အဆိုပါလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နေတဲ့ ဖိုးလပြည့်က ပြောပါတယ်။

မြတ်ကို-ဒေါနမြေ

======================

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top