ဖုန်းအားသွင်းတာနဲ့ပတ်သက်လို့ လူတိုင်းလုပ်တတ်ကြတဲ့ အမှားအယွင်းများ

စာဖတ်သူတွေထဲမှာ နေ့စဉ်ဖုန်းမသုံးတဲ့သူမရှိဘူးလို့ထင်ပါတယ်။ နေ့တိုင်းဖုန်းသုံးကြတဲ့အခါ တစ်နေ့ကိုတစ်ကြိမ်မက ဖုန်းအားသွင်းတတ်ကြပါတယ်။ ဖုန်းအားသွင်းတာနဲ့ပတ်သက်လို့ လူတိုင်းလိုလိုလုပ်တတ်ကြတဲ့ အမှားအယွင်းလေးတွေကို သတိထားဆင်ခြင်နိုင်ဖို့ ဖော်ပြပေးချင်ပါတယ်။

ဖုန်းအားသွင်းကြိုးကို ပလပ်ပေါက်မှာ အမြဲတပ်ထားခြင်းက အခန်းတွင်းစိုထိုင်းဆနဲ့ဓာတ်ပြုပြီး မီးလောင်ခြင်းကိုဖြစ်စေနိုင်လို့ ဖုန်းအားသွင်းပြီးတိုင်း အားသွင်းကြိုးကိုဖြုတ်ထားပါ။
ဖုန်းအားကို ၁၀၀ ပြည့်တဲ့အထိသွင်းထားတာက အားကုန်ဖို့ပိုလွယ်စေတာကြောင့် ဖုန်းအားသွင်းတဲ့အခါ ၉၈ လောက်ဖြစ်ရင် ဖြုတ်ထားလိုက်ပါ။
ဖုန်းအားကုန်ပြီးပိတ်သွားတဲ့အထိသုံးခြင်း၊ ဖုန်းအား ၁၀ အောက်ရောက်မှအားသွင်းခြင်းက ဖုန်းဘက္ထရီကိုလွယ်လွယ်ပျက်စေပါတယ်။ ဖုန်းအား ၂၀အောက်ရောက်တာနဲ့ အားပြန်သွင်းတာက ဖုန်းဘက္ထရီသက်တမ်းကို ပိုကြာရှည်စေပါတယ်။

brightside.me
ဖုန်းကိုတစ်ညလုံးအားသွင်းထားတာက ဖုန်းဘက္ထရီမြန်မြန်ပျက်အောင် လုပ်နေသလိုပါပဲ။
ဖုန်းအားသွင်းထားတုန်း ဖုန်းသုံးတာက ဘက္ထရီပေါက်ကွဲခြင်းကိုတောင် ဖြစ်စေနိုင်လို့ လုံးဝမလုပ်သင့်ပါဘူး။
ဖုန်းအား ၂၀ အထက်ရှိနေတဲ့အခါ ဖုန်းအားသွင်းတာကလည်း ဖုန်းကိုမြန်မြန်ပျက်စေနိုင်ပါတယ်။ ၂၀ အောက်ရောက်မှ ဖုန်းအားသွင်းတာက အသင့်တော်ဆုံးပါ။
မူလ အားသွင်းကြိုးမဟုတ်ဘဲ တွေ့ကရာအားသွင်းကြိုးတွေနဲ့သွင်းတာကလည်း လုံးဝမကောင်းပါဘူး။
ဖုန်းကာဗာတပ်ထားရက်အားသွင်းတာက ဖုန်းကို အပူချိန်မြင့်စေတာကြောင့် အားသွင်းချိန်မှာ ကာဗာကိုဖြုတ်ထားပြီးမှ သွင်းပါ။
လက်(ပ်)တော့ ၊ ကွန်ပျူတာကနေတဆင့် ဖုန်းအားသွင်းတာက ဖုန်းကြောင်စေတာကြောင့် အဲ့ဒီလို မသွင်းသင့်ပါဘူး။
written by PP

========================

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top