ဘောလုံးအင်္ကျီဝတ်ပြီ ဖေဖေအောင်သူနဲ့အတူ training ဆင်းတော့မယ် ကိုးကိုးလေး

ဖေဖေအောင်သူနဲ့ မေမေပိုးအိအိခန့်တို့ရဲ့ အသည်းကျော်လေး ကိုးကိုးတစ်ယောက် ဘောလုံးအင်္ကျီလေးနဲ့ အရမ်းကိုချစ်ဖို့ကောင်းနေပါတယ်။ တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာပြီ ဖြစ်တဲ့ ကလေးလေးဟာ ဖေဖေ့လိုပဲ ဘောလုံးဝါသနာရှင်လေးဖြစ်မလား မေမေ့လိုပဲ အနုပညာရှင်လေးဖြစ်မလားဆိုတာတော့ ရင်ခုန်စွာနဲ့ စောင့်မျှော်ရမှာပါပဲ။ အသက်ငယ်ပေမယ့် ညဏ်ကောင်းတဲ့ သားလေးဟာ အသီးအရွက်တွေရဲ့ ပုံတွေကို အလွယ်တကူရွေးပြတတ်နေ ပါပြီ။

သင်ပေးတဲ့ မေမေကတော့ သားလေးရဲ့ထူးချွန်မှုကိုမြင်တိုင်း ပီတိတွေဖြာနေခဲ့ပါတယ်။ မိသားစုသုံးယောက်အတူ မကြာ ခဏဆိုသလို ခရီးတွေသွားကြပြီး ခရီးသွားတိုင်းလည်း ကိုးလေးက အရမ်းကိုပျော်နေတတ်ပါတယ်။ မိဘနှစ်ပါးရဲ့ ချစ်ခြင်းမေတ္တာအောက်မှာ ငြိမ်းချမ်းပြီး ပျော်ရွှင်နေတဲ့ ကလေးလေးရဲ့ ပုံရိပ်တွေဟာ ဘယ်အချိန်ကြည့်ကြည့် ချစ်စရာကောင်းလွန်းနေပါတယ်။

မေမေပိုးအိကလည်း သားလေးရဲ့ပုံလေးတွေကို မကြာခဏဆိုသလို တင်တတ်ပြီး ဒီနေ့မှာလည်း ချစ်စရာကိုးလေးရဲ့ ဘောလုံးအင်္ကျီနဲ့ ပုံရိပ်လေးတွေကို ” သား training ဆင်းတော့မယ်ဗျာ ” ဆိုပြီး ဝေမျှခဲ့ပါသေးတယ်။ သဲကိုးလေး တစ်ယောက် ဘယ်လိုတွေချစ်ဖို့ကောင်းနေတယ်ဆိုတာ ပုံလေးတွေသာ ကြည့်လိုက်တော့နော်။

credit-cele zone

ZAWGYI

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top