မြင့်မြတ်သူသို့ တဒင်္ဂအလွမ်း
တက္ကသိုလ်ကျောင်းတွေဖွင့်တော့မယ်သားရေ။
သားသူငယ်ချင်းတွေအားလုံး ကိုယ်ဝါသနာပါရာတက္ကသိုလ်အသီးသီးကိုတက်ကြဖို့
ပြင်ဆင်နေကြပြီပေါ့။ မေမေ့သားလေးလည်း ဘဝရဲ့တစ်ဆစ်ချိုးအကွေ့ကို ချိုးကွေ့မသွားခဲ့ဘူးဆိုရင် ဟိုးအရင်သားငယ်စဉ်ကတည်းက
အိပ်မက်မက်ခဲ့တဲ့ ဆေးတက္ကသိုလ်ကျောင်းတော်ကြီးကို တက်ရောက်ပညာသင်ကြားဖို့အတွက် ပြင်ဆင်နေပြီပေါ့နော်။
သားအမြဲပြောတတ်တဲ့စကားလေးက ‘သားကြီးလာရင် လူသားတွေရဲ့အသက်ကို ကယ်တင်တဲ့၊ လူတွေရဲ့ရောဂါဝေဒနာတွေကို
သက်သာပျောက်ကင်းအောင်ကုသပေးနိုင်တဲ့ ဆရာဝန်ကြီးတစ်ယောက်ဖြစ်ချင်တယ်မေမေ။ဖြစ်အောင်လည်းသားကြိုးစားမယ်’
ငယ်စဉ်ကတည်းက မိဘအပေါ်သိတတ်လိမ္မာပြီး အတန်းစဉ်ပညာထူးချွန်ဆုတွေ အမြဲရခဲ့တဲ့သားလေးဟာ ၂၀၁၉ခုနှစ်
တက္ကသိုလ်ဝင်တန်းကိုလည်း ဘာသာစုံဂုဏ်ထူး(ရမှတ်၅၂၇)နဲ့ထူးချွန်စွာအောင်မြင်ခဲ့ပါတယ်။ သားဖြစ်ချင်တဲ့ဆရာဝန်ကြီးလုပ်လို့ရပြီဆိုတဲ့
အသိနဲ့ အောင်စာရင်းထွက်တဲ့နေ့က မေမေဝမ်းသာလွန်းလို့ မျက်ရည်များတောင်ကျခဲ့မိပါတယ်။ အဲဒီဝမ်းသာမျက်ရည်လေးတောင်မခြောက်ခင်မှာပေါ့
သားပြောလာတဲ့စကားက ‘မေမေ သား၁၀တန်းကိုလည်းထူးချွန်အောင်ကြိုးစားခဲ့ပြီးပြီ။ ဆေးပညာသင်ယူပြီးဆရာဝန်တစ်ယောက်လည်း လုပ်လို့ရပြီ။
ဒါပေမဲ့မေမေ သားရှေ့ဆက်ပြီးခုလို လောကီပညာရပ်တွေထက် လောကုတ္တရာပညာရပ်တွေကိုပဲ သင်ယူချင်လေ့လာချင်တယ်မေမေ။
သား သာသနာ့ဘောင်ကိုအပြီးဝင်ပြီး တရားဓမ္မစာပေတွေကိုပဲလေ့လာတော့မယ်။ သားကိုခွင့်ပြုပါနော်’ ရုတ်တရက် မေမေ့ရင်တွေပူလောင်သွားခဲ့တယ်သား။
တဒင်္ဂခနမှာ မေမေဆောက်တည်ရာမရ ဝမ်းနည်းပူဆွေးခဲ့ရတယ်။ ၉တန်း၊ ၁၀တန်းမှာ မလှိုင်မိသားစုကျောင်းကို ပညာသွားသင်နေတာမို့
နှစ်နှစ်ခွဲနေခဲ့ရပြီး ခုလိုမိသားစုစုံလင်အတူတူနေ၊ အတူစားကြလို့မှမဝသေး၊ သားနဲ့သမီးကို မေမေ့ရင်ခွင်မှာ ထွေးပွေ့ထားပြီး
နေ့စဉ် သားမိတစ်တွေ အတူတကွအိပ်ကြလို့မှ မဝသေး၊ သားလေးကြိုက်တတ်တဲ့ဟင်းတွေကို မမောတမ်းချက်ပြုတ်ကျွေးမွေးလို့မှ မဝသေး
နှစ်နှစ်ခွဲနေခဲ့ရတဲ့သားလေးကို အရိပ်တစ်ကြည့်ကြည့် ကြည့်နေလို့မှမဝသေး သားလေးက မေမေတို့ကိုထားခဲ့ပြီး၊ သံယောဇဉ်ဖြတ်ပြီး
မေမေ့မေတ္တာရိပ်၊ မေမေ့အိမ်ရိပ်ကနေထွက်ခွာပြီး မေမေတို့နဲ့အဝေးကိုသွားတော့မယ်တဲ့လား။ သားက မေမေတို့ကိုမချစ်တော့
မခင်တွယ်တော့ဘူးတဲ့လား။ မေမေ့အရိပ်မှာနေရတာ မပျော်တော့ဘူးတဲ့လား။ ဆောက်တည်ရာမရ၊ ပူလောင်မှုအတွေးတွေများစွာနဲ့
သားလေးမသိအောင်မေမေငိုနေခဲ့မိတယ်။ မေမေငိုနေ၊ မျက်ရည်ကျနေမိပေမဲ့ ဟိုအရင်ကတည်းက သားဆန္ဒကို အမြဲဖြည့်ဆည်းပေးခဲ့တဲ့
မေမေဟာ အခုလည်းသားဆန္ဒကို တားဖို့စိတ်မကူးမိပါဘူးကွယ်။ တားလည်းမတားစကောင်းတဲ့အရာပါ။ မေမေ့ရင်ကပေါက်ဖွားလာတဲ့
မေမေ့သားလေးကို ခုချိန်ထိ ကလေးလေးတစ်ယောက်လို ထင်မှတ်နေသေးတဲ့မေမေဟာ တဒင်္ဂခန တရားလက်လွတ်ပူဆွေးမိသွားတာပါ။
တစ်ကယ်တော့လေ သားလေးရဲ့ မှန်ကန်မြင့်မြတ်တဲ့ဆုံးဖြတ်ချက်ကို မေမေတို့က ဝမ်းသာစွာ သာဓုခေါ်ခွင့်ပြုပေးရမှာဆိုတာ မေမေသိပါတယ်သား။
သစ်ရိပ်၊ဝါးရိပ်ထက် ဆွေးမျိုးအရိပ်ကပိုအေးတယ်။ ဆွေမျိုးရိပ်ထက် မိဘအရိပ်ကပိုအေးတယ်။ မိဘရိပ်ထက် ဆရာအရိပ်ကပိုအေးတယ်။
ဆရာရိပ်ထက် မင်းမြတ်အရိပ်ကပိုအေးတယ်။ မင်းမြတ်ရိပ်ထက် တရားအရိပ်ကပိုအေးတယ် မဟုတ်လားသား။ လောကကြီးမှာ
တရားအရိပ်သာအကောင်းမွန်ဆုံး၊ အအေးမြဆုံးဆိုတာကို မေမေသိပါတယ်သား။ မေမေတို့ရဲ့ ကျေနပ်ဝမ်းသာစွာခွင့်ပြုပေးမှုကြောင့်
သားလေးတစ်ယာက် ပရိယတ္တိ၊ ပဋိပတ္တိစာပေတို့ကို လေ့လာသင်ယူနေတာ ခုဆိုငါးလတောင်ကြာခဲ့ပြီနော်။ လောကုတ္တရာစာပေ
လေ့လာရာမှာလည်း သားလေးအမြဲထူးချွန်အောင်မြင်တယ်ဆိုတာ မေမေတို့သိရကြားရလို့ အရမ်းဝမ်းသာကြည်နူးရပါတယ်။
ဆက်လက်ပြီးလည်း သာသနာ့အကျိုးကိုဆထက်တပိုးထမ်းရွက်နိုင်တဲ့ သာသနာ့အာဇာနည်တစ်ပါးဖြစ်ပါစေလို့ ဆုတောင်းမေတ္တာပို့ရင်း
သာသနာ့ဘောင်ကမေမေ့သားဦးဇင်းလေးရဲ့ပရိယတ္တိ၊ပဋိပတ္တိစာပေကြိုးစားလေ့လာသင်ယူနေမှုတို့ကို မေမေသာဓုအကြိမ်ကြိမ်ခေါ်ဆိုနေပါ့မယ်နော်။
ဒါပေမဲ့သားရေ မေမေ ကိုးလလွယ်ဆယ်လမှာ ဖွားခဲ့တဲ့သားလေးကို တစ်ခါတစ်ခါမှာ သတိရနေမိ၊ လွမ်းနေမိပါတယ်ကွယ်။
မေမေ့ရဲ့မသိစိတ်က တစ်ခါတစ်ခါမှာ သား ၉၊ ၁၀ကျောင်းတက်စဉ်ကနေခဲ့တဲ့ မိသားစုကျောင်းရဲ့page၊ မိသားစုကျောင်းသား/သူဟောင်းများနဲ့
မိဘများရှိရာpageတွေမှာ သားလေးကိုအလွမ်းပြေ ကျောင်းသတင်းတွေကိုဝင်ဝင်ကြည့်မိ၊ ဟိုးအရင်ကသားလေးကျောင်းသားဘဝက
ပုံရိပ်ဟောင်းလေးတွေကိုရှာဖွေကြည့်နေမိတယ်သား။ သားရေ မေမေ့အသိစိတ်ကနေတော့ လူတစ်ရာမှာတစ်ယောက်တောင်မလိုက်နိုင်တဲ့
လူ့လောကကြီးထဲကများပြားလှတဲ့ လောကီစည်းစိမ်ကာမဂုဏ်တွေကို မက်မောစွဲလမ်းမှုမရှိ ပယ်ဖြတ်နိုင်တဲ့သားလေးရဲ့မြင့်မြတ်တဲ့လုပ်ရပ်ကို
အမြဲကြည်ညိုသာဓုခေါ်နေမှာပါနော်။ မိဘထက်ပိုတော်တဲ့ အတိဇာတသားအဖြစ် မေမေတို့အမြဲဂုဏ်ယူ၊ ပီတိဖြစ်နေမှာပါသား။
ဒါပေမဲ့ပေါ့ တစ်ခါတစ်ခါမှာတော့ မေမေ့မသိစိတ်ကနေ လွမ်းနေမိပါသေးတယ်သား။ တက္ကသိုလ်ကျောင်းတွေ ဖွင့်တော့မယ်သားရေ။
(၂၀၁၉တက္ကသိုလ်ဝင်တန်းကို ၆ဘာသာဂုဏ်ထူးဖြင့်အောင်မြင်ပြီး သာသနာ့ဘောင်သို့ အပြီးဝင်သွားသော သားလေး
အောင်ကောင်းဆက် (ကိုရင်ရှင်ကိတ္တိဇဝ)အား ဤစာစုလေးဖြင့်ရှိခိုးဦးတင်ဂုဏ်ပြုလိုက်ပါသည်။)
ခရက္ဒစ္
==========================
ယူနီကုဒ်ဖြင့် ဖတ်ရန်
မြင့်မြတ်သူသို့ တဒင်္ဂအလွမ်း
တက္ကသိုလ်ကျောင်းတွေဖွင့်တော့မယ်သားရေ။
သားသူငယ်ချင်းတွေအားလုံး ကိုယ်ဝါသနာပါရာတက္ကသိုလ်အသီးသီးကိုတက်ကြဖို့
ပြင်ဆင်နေကြပြီပေါ့။ မေမေ့သားလေးလည်း ဘဝရဲ့တစ်ဆစ်ချိုးအကွေ့ကို ချိုးကွေ့မသွားခဲ့ဘူးဆိုရင် ဟိုးအရင်သားငယ်စဉ်ကတည်းက
အိပ်မက်မက်ခဲ့တဲ့ ဆေးတက္ကသိုလ်ကျောင်းတော်ကြီးကို တက်ရောက်ပညာသင်ကြားဖို့အတွက် ပြင်ဆင်နေပြီပေါ့နော်။
သားအမြဲပြောတတ်တဲ့စကားလေးက ‘သားကြီးလာရင် လူသားတွေရဲ့အသက်ကို ကယ်တင်တဲ့၊ လူတွေရဲ့ရောဂါဝေဒနာတွေကို
သက်သာပျောက်ကင်းအောင်ကုသပေးနိုင်တဲ့ ဆရာဝန်ကြီးတစ်ယောက်ဖြစ်ချင်တယ်မေမေ။ဖြစ်အောင်လည်းသားကြိုးစားမယ်’
ငယ်စဉ်ကတည်းက မိဘအပေါ်သိတတ်လိမ္မာပြီး အတန်းစဉ်ပညာထူးချွန်ဆုတွေ အမြဲရခဲ့တဲ့သားလေးဟာ
၂၀၁၉ခုနှစ်
တက္ကသိုလ်ဝင်တန်းကိုလည်း ဘာသာစုံဂုဏ်ထူး(ရမှတ်၅၂၇)နဲ့ထူးချွန်စွာအောင်မြင်ခဲ့ပါတယ်။ သားဖြစ်ချင်တဲ့ဆရာဝန်ကြီးလုပ်လို့ရပြီဆိုတဲ့
အသိနဲ့ အောင်စာရင်းထွက်တဲ့နေ့က မေမေဝမ်းသာလွန်းလို့ မျက်ရည်များတောင်ကျခဲ့မိပါတယ်။ အဲဒီဝမ်းသာမျက်ရည်လေးတောင်မခြောက်ခင်မှာပေါ့
သားပြောလာတဲ့စကားက ‘မေမေ သား၁၀တန်းကိုလည်းထူးချွန်အောင်ကြိုးစားခဲ့ပြီးပြီ။ ဆေးပညာသင်ယူပြီးဆရာဝန်တစ်ယောက်လည်း လုပ်လို့ရပြီ။
ဒါပေမဲ့မေမေ သားရှေ့ဆက်ပြီးခုလို လောကီပညာရပ်တွေထက် လောကုတ္တရာပညာရပ်တွေကိုပဲ သင်ယူချင်လေ့လာချင်တယ်မေမေ။
သား သာသနာ့ဘောင်ကိုအပြီးဝင်ပြီး တရားဓမ္မစာပေတွေကိုပဲလေ့လာတော့မယ်။ သားကိုခွင့်ပြုပါနော်’ ရုတ်တရက် မေမေ့ရင်တွေပူလောင်သွားခဲ့တယ်သား။
တဒင်္ဂခနမှာ မေမေဆောက်တည်ရာမရ ဝမ်းနည်းပူဆွေးခဲ့ရတယ်။ ၉တန်း၊ ၁၀တန်းမှာ မလှိုင်မိသားစုကျောင်းကို ပညာသွားသင်နေတာမို့
နှစ်နှစ်ခွဲနေခဲ့ရပြီး ခုလိုမိသားစုစုံလင်အတူတူနေ၊ အတူစားကြလို့မှမဝသေး၊ သားနဲ့သမီးကို မေမေ့ရင်ခွင်မှာ ထွေးပွေ့ထားပြီး
နေ့စဉ် သားမိတစ်တွေ အတူတကွအိပ်ကြလို့မှ မဝသေး၊ သားလေးကြိုက်တတ်တဲ့ဟင်းတွေကို မမောတမ်းချက်ပြုတ်ကျွေးမွေးလို့မှ မဝသေး
နှစ်နှစ်ခွဲနေခဲ့ရတဲ့သားလေးကို အရိပ်တစ်ကြည့်ကြည့် ကြည့်နေလို့မှမဝသေး သားလေးက မေမေတို့ကိုထားခဲ့ပြီး၊ သံယောဇဉ်ဖြတ်ပြီး
မေမေ့မေတ္တာရိပ်၊ မေမေ့အိမ်ရိပ်ကနေထွက်ခွာပြီး မေမေတို့နဲ့အဝေးကိုသွားတော့မယ်တဲ့လား။ သားက မေမေတို့ကိုမချစ်တော့
မခင်တွယ်တော့ဘူးတဲ့လား။ မေမေ့အရိပ်မှာနေရတာ မပျော်တော့ဘူးတဲ့လား။ ဆောက်တည်ရာမရ၊ ပူလောင်မှုအတွေးတွေများစွာနဲ့
သားလေးမသိအောင်မေမေငိုနေခဲ့မိတယ်။ မေမေငိုနေ၊ မျက်ရည်ကျနေမိပေမဲ့ ဟိုအရင်ကတည်းက သားဆန္ဒကို အမြဲဖြည့်ဆည်းပေးခဲ့တဲ့
မေမေဟာ အခုလည်းသားဆန္ဒကို တားဖို့စိတ်မကူးမိပါဘူးကွယ်။ တားလည်းမတားစကောင်းတဲ့အရာပါ။ မေမေ့ရင်ကပေါက်ဖွားလာတဲ့
မေမေ့သားလေးကို ခုချိန်ထိ ကလေးလေးတစ်ယောက်လို ထင်မှတ်နေသေးတဲ့မေမေဟာ တဒင်္ဂခန တရားလက်လွတ်ပူဆွေးမိသွားတာပါ။
တစ်ကယ်တော့လေ သားလေးရဲ့ မှန်ကန်မြင့်မြတ်တဲ့ဆုံးဖြတ်ချက်ကို မေမေတို့က ဝမ်းသာစွာ သာဓုခေါ်ခွင့်ပြုပေးရမှာဆိုတာ မေမေသိပါတယ်သား။
သစ်ရိပ်၊ဝါးရိပ်ထက် ဆွေးမျိုးအရိပ်ကပိုအေးတယ်။ ဆွေမျိုးရိပ်ထက် မိဘအရိပ်ကပိုအေးတယ်။ မိဘရိပ်ထက် ဆရာအရိပ်ကပိုအေးတယ်။
ဆရာရိပ်ထက် မင်းမြတ်အရိပ်ကပိုအေးတယ်။ မင်းမြတ်ရိပ်ထက် တရားအရိပ်ကပိုအေးတယ် မဟုတ်လားသား။ လောကကြီးမှာ
တရားအရိပ်သာအကောင်းမွန်ဆုံး၊ အအေးမြဆုံးဆိုတာကို မေမေသိပါတယ်သား။ မေမေတို့ရဲ့ ကျေနပ်ဝမ်းသာစွာခွင့်ပြုပေးမှုကြောင့်
သားလေးတစ်ယာက် ပရိယတ္တိ၊ ပဋိပတ္တိစာပေတို့ကို လေ့လာသင်ယူနေတာ ခုဆိုငါးလတောင်ကြာခဲ့ပြီနော်။ လောကုတ္တရာစာပေ
လေ့လာရာမှာလည်း သားလေးအမြဲထူးချွန်အောင်မြင်တယ်ဆိုတာ မေမေတို့သိရကြားရလို့ အရမ်းဝမ်းသာကြည်နူးရပါတယ်။
ဆက်လက်ပြီးလည်း သာသနာ့အကျိုးကိုဆထက်တပိုးထမ်းရွက်နိုင်တဲ့ သာသနာ့အာဇာနည်တစ်ပါးဖြစ်ပါစေလို့ ဆုတောင်းမေတ္တာပို့ရင်း
သာသနာ့ဘောင်ကမေမေ့သားဦးဇင်းလေးရဲ့ပရိယတ္တိ၊ပဋိပတ္တိစာပေကြိုးစားလေ့လာသင်ယူနေမှုတို့ကို မေမေသာဓုအကြိမ်ကြိမ်ခေါ်ဆိုနေပါ့မယ်နော်။
ဒါပေမဲ့သားရေ မေမေ ကိုးလလွယ်ဆယ်လမှာ ဖွားခဲ့တဲ့သားလေးကို တစ်ခါတစ်ခါမှာ သတိရနေမိ၊ လွမ်းနေမိပါတယ်ကွယ်။
မေမေ့ရဲ့မသိစိတ်က တစ်ခါတစ်ခါမှာ သား ၉၊ ၁၀ကျောင်းတက်စဉ်ကနေခဲ့တဲ့ မိသားစုကျောင်းရဲ့page၊ မိသားစုကျောင်းသား/သူဟောင်းများနဲ့
မိဘများရှိရာpageတွေမှာ သားလေးကိုအလွမ်းပြေ ကျောင်းသတင်းတွေကိုဝင်ဝင်ကြည့်မိ၊ ဟိုးအရင်ကသားလေးကျောင်းသားဘဝက
ပုံရိပ်ဟောင်းလေးတွေကိုရှာဖွေကြည့်နေမိတယ်သား။ သားရေ မေမေ့အသိစိတ်ကနေတော့ လူတစ်ရာမှာတစ်ယောက်တောင်မလိုက်နိုင်တဲ့
လူ့လောကကြီးထဲကများပြားလှတဲ့ လောကီစည်းစိမ်ကာမဂုဏ်တွေကို မက်မောစွဲလမ်းမှုမရှိ ပယ်ဖြတ်နိုင်တဲ့သားလေးရဲ့မြင့်မြတ်တဲ့လုပ်ရပ်ကို
အမြဲကြည်ညိုသာဓုခေါ်နေမှာပါနော်။ မိဘထက်ပိုတော်တဲ့ အတိဇာတသားအဖြစ် မေမေတို့အမြဲဂုဏ်ယူ၊ ပီတိဖြစ်နေမှာပါသား။
ဒါပေမဲ့ပေါ့ တစ်ခါတစ်ခါမှာတော့ မေမေ့မသိစိတ်ကနေ လွမ်းနေမိပါသေးတယ်သား။ တက္ကသိုလ်ကျောင်းတွေ ဖွင့်တော့မယ်သားရေ။
(၂၀၁၉တက္ကသိုလ်ဝင်တန်းကို ၆ဘာသာဂုဏ်ထူးဖြင့်အောင်မြင်ပြီး သာသနာ့ဘောင်သို့ အပြီးဝင်သွားသော သားလေး
အောင်ကောင်းဆက် (ကိုရင်ရှင်ကိတ္တိဇဝ)အား ဤစာစုလေးဖြင့်ရှိခိုးဦးတင်ဂုဏ်ပြုလိုက်ပါသည်။) ခရက်ဒစ်