ဆီးချိုကြောင့် အနာရင်းနေရင် ကိုယ်တွေ့ပျောက်တဲ့ မြန်မာ့ဆေးနည်းလေး

Unicode

ဆီးချိုကြောင့် အနာရင်းနေရင် ကိုယ်တွေ့ပျောက်တဲ့ မြန်မာ့ဆေးနည်းလေး ဖြစ်ပါတယ်…
ဆီးချိုဝေဒနာရှင်တို့ ထိခိုက်မှုမရှိအောင် အတော်သတိထားနေရပါသည်။

ထိခိုက်ပွန်းပဲ့ ဒဏ်ရာ သည် ဆီးချို ရောဂါ မှ သကြားဓာတ် အချို့ ကြောင့်အနာခြောက်သွေ့ပျောက်ကင်းမှုမရှိဘဲ
မလိုလားသောပိုးမွှားများဝင်၍အသက်အန္တရာယ်ထိခိုက်သည်အထိဖြစ်တတ်သော ကြောင့်ဖြစ်ပါ သည်။

မိတ်ဆွေ ရဲတပ်ကြပ်ကြီးတစ်ဦး ဆီးချို ရောဂါအသက်(၅၀)ကျော်တွင်ဖြစ်ခဲ့သည်။တစ်နေ့စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရင်းဆူး
ငြောင့်ကြီးစူးရာမှ ဖနောင့်တွင်အနာတရဖြစ်ခဲ့သည်။ ဆီးချိုရောဂါအခံရှိ၍လချီသော်လည်းအနာမပျောက်ပါ။

တဖြည်းဖြည်းအနာလှိုက်စားသွားကာ လက်ညှိုးတစ်ဆစ်နှစ်ဆစ်အထိတွင်းနက်ကြီးဖြစ်သွားခဲ့သည်။ထိုအနာခေါင်းအား
ယူဇောပတ်တီးစထိုးသွင်းပြီး လမ်းလျှောက်ရသည်။ သုံးနှစ်ခန့်ကြာသော်လည်းထိုအနာသည်မပျောက်ဘဲ နောက်ဆုံးယင်းအနာနှင့်ပင်
အသက်ဆုံးရှုံးခဲ့ရသည်။ဆီးချိုအနာပျောက်ကင်းစေရန်နည်းလမ်းနှစ်သွယ်…

(၁) ချဉ်ပေါင်ရွက် လက်တစ်ဆုပ်ခန့်ကိုခူးယူရေစင် အောင်ဆေးပြီး ထမင်းဖြူခဲနှင့် ပတ်စာ သားကျ အောင်ညက်စွာကြိတ်၍
အနာပေါ်အုံပေး ကပ်ပေး ရသည်။တစ်နေ့နှစ်ကြိမ်လဲကပ်ပေးပါ။အနာကျက်ပြီး ပျောက်ကင်းစေပါသည်။

(၂) ဆိတ်ဖလူးပင်မှ အရွက်လက်တစ်ဆုပ်ခူး၍ ရေစင်အောင်ဆေးပြီး မီးဖိုချောင်သုံးရိုးရိုး ဆား အနည်းငယ်ထည့်ကြိတ်၍
သတ္တုရည်ညှစ်ယူပါ။ ထိုသတ္တုရည်နှင့်ဆီးချိုရှိသူ၏အနာမှန်သမျှ တစ်နေ့သုံးခါလိမ်းပေးပါ။ အနာအမြန်ဆုံးပျောက် ကင်းသွားပါလိမ့်မည်။

သိသူတို့က ဆိပ်ဖလူးကို ဆိပ်ဘီးလူးဟုခေါ်ကြောင်း၊လူကိုအန္တရာယ်ပေးသောအဆိပ်တို့ကို ဘီးလူး သဖွယ်စုပ်ယူတတ်ခြင်းကြောင့်
ဟုဆိုပါသည်။ဆေးကျမ်းတို့တွင် အံသြဖွယ်ဆိပ်ဖလူးပင်ဆေး စွမ်းအင်တို့ကများ လှပါသည်။
သိမီသမျှအသုံးလိုသူတို့အတွက်မျှဝေပေးလိုက်ပါသည်။သူရဇ္ဖမဂ္ဂဇင်းအတွဲ(၁၇)အမှတ်(၁၀)
ဆီးချိုရှိသူများအနာကျက်မြန်စေရန် (နတ်မောက်မင်းသန့်နိုင်)

Writer ; Kwee (Jeeptoolay)
Source ;

ZawGyi

ဆီးချိုကြောင့် အနာရင်းနေရင် ကိုယ်တွေ့ပျောက်တဲ့ မြန်မာ့ဆေးနည်းလေး ဖြစ်ပါတယ်…
ဆီးချိုဝေဒနာရှင်တို့ ထိခိုက်မှုမရှိအောင် အတော်သတိထားနေရပါသည်။

ထိခိုက်ပွန်းပဲ့ ဒဏ်ရာ သည် ဆီးချို ရောဂါ မှ သကြားဓာတ် အချို့ ကြောင့်အနာခြောက်သွေ့ပျောက်ကင်းမှုမရှိဘဲ
မလိုလားသောပိုးမွှားများဝင်၍အသက်အန္တရာယ်ထိခိုက်သည်အထိဖြစ်တတ်သော ကြောင့်ဖြစ်ပါ သည်။

မိတ်ဆွေ ရဲတပ်ကြပ်ကြီးတစ်ဦး ဆီးချို ရောဂါအသက်(၅၀)ကျော်တွင်ဖြစ်ခဲ့သည်။တစ်နေ့စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရင်းဆူးငြောင့်ကြီးစူးရာမှ ဖနောင့်တွင်အနာတရဖြစ်ခဲ့သည်။ ဆီးချိုရောဂါအခံရှိ၍လချီသော်လည်းအနာမပျောက်ပါ။

တဖြည်းဖြည်းအနာလှိုက်စားသွားကာ လက်ညှိုးတစ်ဆစ်နှစ်ဆစ်အထိတွင်းနက်ကြီးဖြစ်သွားခဲ့သည်။ထိုအနာခေါင်းအား
ယူဇောပတ်တီးစထိုးသွင်းပြီး လမ်းလျှောက်ရသည်။ သုံးနှစ်ခန့်ကြာသော်လည်းထိုအနာသည်မပျောက်ဘဲ နောက်ဆုံးယင်းအနာနှင့်ပင်အသက်ဆုံးရှုံးခဲ့ရသည်။ဆီးချိုအနာပျောက်ကင်းစေရန်နည်းလမ်းနှစ်သွယ်…

(၁) ချဉ်ပေါင်ရွက် လက်တစ်ဆုပ်ခန့်ကိုခူးယူရေစင် အောင်ဆေးပြီး ထမင်းဖြူခဲနှင့် ပတ်စာ သားကျ အောင်ညက်စွာကြိတ်၍
အနာပေါ်အုံပေး ကပ်ပေး ရသည်။တစ်နေ့နှစ်ကြိမ်လဲကပ်ပေးပါ။အနာကျက်ပြီး ပျောက်ကင်းစေပါသည်။

(၂) ဆိတ်ဖလူးပင်မှ အရွက်လက်တစ်ဆုပ်ခူး၍ ရေစင်အောင်ဆေးပြီး မီးဖိုချောင်သုံးရိုးရိုး ဆား အနည်းငယ်ထည့်ကြိတ်၍
သတ္တုရည်ညှစ်ယူပါ။ ထိုသတ္တုရည်နှင့်ဆီးချိုရှိသူ၏အနာမှန်သမျှ တစ်နေ့သုံးခါလိမ်းပေးပါ။ အနာအမြန်ဆုံးပျောက် ကင်းသွားပါလိမ့်မည်။

သိသူတို့က ဆိပ်ဖလူးကို ဆိပ်ဘီးလူးဟုခေါ်ကြောင်း၊လူကိုအန္တရာယ်ပေးသောအဆိပ်တို့ကို ဘီးလူး သဖွယ်စုပ်ယူတတ်ခြင်းကြောင့်
ဟုဆိုပါသည်။ဆေးကျမ်းတို့တွင် အံသြဖွယ်ဆိပ်ဖလူးပင်ဆေး စွမ်းအင်တို့ကများ လှပါသည်။
သိမီသမျှအသုံးလိုသူတို့အတွက်မျှဝေပေးလိုက်ပါသည်။သူရဇ္ဖမဂ္ဂဇင်းအတွဲ(၁၇)အမှတ်(၁၀)
ဆီးချိုရှိသူများအနာကျက်မြန်စေရန် (နတ်မောက်မင်းသန့်နိုင်)

Writer ; Kwee (Jeeptoolay)
Source ;

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top