ဖြိုးပြည့်စုံကတော့ သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားပြီး သူဟာ Melody World သီချင်းဆိုပြိုင်ပွဲကနေ ဂီတလောကထဲကို ဝင်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။ပထမဆုံးတစ်ကိုယ်တော်အခွေဖြစ်တဲ့ ” မျှော်နိုင်သမျှ” အခွေထွက်ရှိထားကာ ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားပြီး Single Song များစွားလည်း ထွက်ရှိထားပါတယ်။
ဖြိုးပြည့်စုံကတော့ မကြာသေးမီကမှ ပရဟိတစိတ်အပြည့်နဲ့ တာဝန်ထမ်းဆောင်နေတဲ့စေတနာ့ဝန်ထမ်းတွေအတွက် ဝေကြီးနဲ့ မိစန္ဒီတို့ ရေးစပ်ထားတဲ့ “အသိမှတ်ပြုတယ်” ဆိုတဲ့ သီချင်းမှာ ဇာနည်အောင်၊ မိစန္ဒီ၊ ခင်စုစုနိုင်၊ ဂျူဝယ်လ် တို့နဲ့အတူ တွဖြက်သီဆိုခဲ့ပါတယ်။ ယနေ့မှာတော့ ဖြိုးပြည့်စုံဟာ စေတနာ့ဝန်ထမ်းတွေအတွက် သီဆိုထားတဲ့ သီချင်းလေး ကြည့်ရှူသူ (၁)သန်းပြည့်သွားတဲ့အကြောင်းကို “ဒီသီချင်းလေး ဖြစ်လာဖို့ စိတ်ဆန္ဒ ပြင်းပြခဲ့တယ် ပါဝင်ကူညီသူ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် One million views Day အမှတ်တရ” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။
ပရိသတ်ကြီးရေ နိုင်ငံကျော်အနုပညာရှင်တွေဖြစ်တဲ့ ဝေကြီးနဲ့ မိစန္ဒီတို့ ရေးစပ်ထားပြီး ဖြိုးပြည့်စုံ၊ ဇာနည်အောင်၊ မိစန္ဒီ၊ ခင်စုစုနိုင်၊ ဂျူဝယ်လ် တို့က စေတနာ့ဝန်ထမ်းတွေအတွက် သီဆိုထားတဲ့ “အသိမှတ်ပြုတယ်” ဆိုတဲ့ သီချင်းလေး ကြည့်ရှူသူ (၁)သန်းပြည့်သွားပါပြီတဲ့နော်။
Source: Phyo Pyae Sone – ဖြိုးပြည့်စုံ
Zawgyi
စေတနာ့ဝန်ထမ်းတွေအတွက် သီဆိုထားတဲ့ သီချင်းလေး ကြည့်ရှူသူ (၁)သန်းပြည့်သွားလို့ ပျော်မဆုံးဖြစ်နေတဲ့ ဖြိုးပြည့်စုံ
ဖြိုးပြည့်စုံကတော့ သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားပြီး သူဟာ Melody World သီချင်းဆိုပြိုင်ပွဲကနေ ဂီတလောကထဲကို ဝင်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။ပထမဆုံးတစ်ကိုယ်တော်အခွေဖြစ်တဲ့ ” မျှော်နိုင်သမျှ” အခွေထွက်ရှိထားကာ ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားပြီး Single Song များစွားလည်း ထွက်ရှိထာပါတယ်။