ဦးကျော်ဟိန်းထုံးနှလုံးမူကာ သာသနာ့ဘောင်အပြီးတိုင်ဝင်ဖို့ဆုံးဖြတ်လိုက်တဲ့ ရုပ်ရှင်ဒါရိုက်တာကြည်ဖြူရှင်

မန်မာနိုင်ငံရဲ့ ရှားရှားပါးပါး အမျိုးသမီး ရုပ်ရှင်ဒါရိုက်တွေထဲမှာ ကြည်ဖြူရှင်လည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ဒါရိုက်တာ ကြည်ဖြူသျှင်ဟာ ၁၉၉၇ ခုနှစ်ကတည်းက အနုပညာလောကထဲမှာ ဒါရိုက်တာတစ်ယောက်အဖြစ် ရပ်တည်လာခဲ့တာ ဖြစ်ပါတယ်။

သူဟာ ကိုယ်တိုင် ဇာတ်ညွှန်းလည်းရေးသလို၊ ဒါရိုက်တာအဖြစ် ရုပ်ရှင် နဲ့ ဗီဒီယို ဇာတ်ကားတွေ ကိုရိုက်ကူးခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် ဂျပန်- မြန်မာ ချစ်ကြည်ရေးအဖြစ် ရိုက်ကူးထားတဲ့ “ဇာတိ မြေ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဖန်တီးသူ တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

အဲ့ဒီလို အောင်မြင်မှုတွေ ပိုင်ဆိုင်ထားတဲ့ ဒါရိုက်တာကြည်ဖြူသျှင်ကတော့ အနုပညာ အလုပ်တွေကို စွန့်လွှတ်ပြီးသာသနာ့ဘောင် ထဲအပြီးတိုင် ဝင်ရောက်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီလို့ သိရပါတယ်။အသက် (၅၅) နှစ်မှာ ဒါရိုက်တာ အလုပ်ကို စွန့်လွှတ်ကာ

အစသက် ( ၆၀ ) မှာ သာသနာ့ဘောင်ကို အပြီးတိုင်ရောက်တော့မယ်လို့ ဆိုလာပါတယ်” ကျွန်မရဲ့ဆုံးဖြတ်ချက်ကတော့ အသက် (၅၅)နှစ်အထိပဲ ဒါရိုက်တာအလုပ် ကိုလုပ်မယ်။ အသက် (၅၅)နှစ် ကနေ (၆၀) နှစ် အထိ အများနဲ့သက်ဆိုင်သော လူမှုရေးပရဟိတ

ကိစ္စတွေနိုင်သလောက် လုပ်မယ်။အသက်(၆၀) ပြည့်တာနဲ့ ကိုယ့်ကိုကိုယ် လောကီပင်စင်အပြည့်ပေးပြီး သံသရာခရီးတိုဖို့ကြိုးစားအားထုတ်ပါမည်။ (လူဆိုသည်မှာ ဘယ်နေ့သေမလဲဆိုတာမသိနိုင်၍ခုအရွယ်မှာလဲပုံမှန်(၁) နှစ်(၃)ကြိမ် တရားစခန်းဝင်ရင်း၊

နေ့စဉ်လည်း ရလောက် အားထုတ်သွားရပါမည်။) အသက်(၄၄) နှစ်(၆)လအတွေး ကြည်ဖြူသျှင်” ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာ ကြည်ဖြူသျှင် ဟာ အခုဆိုရင် အသက် (၄၄) နှစ်ကျော်လာပြီဖြစ်ပါတယ်။

သူမက ဆရာတော် ဦးကိတ္တိသာရ( သရုပ်ဆောင် ကျော်ဟိန်း) ကို အတုယူနိုင်ဖို့ တွေးရင်း အခုလို ဆုံးဖြတ်ချက် ချလိုက်တာလို့ ဆိုပါတယ်။ ”ကိုယ့်မှာရှိတဲ့ပိုင်ဆိုင်မှုတွေ၊အောင်မြင်မှုတွေကို အသက် (၆၀) အရွယ်မှာအားလုံးကိုထားခဲ့ပြီး တရားအပြည့်အဝအားထုတ်ဖို့ဆိုတာ၊

သာမန်ပုထုဇဉ်တစ်ယောက်အနေနဲ့ တကယ့်ကိုမလွယ်တဲ့ ခက်ခဲတဲ့ကိစ္စပါ။အောင်မြင်နေတဲ့အနုပညာသမားဆိုရင် ပိုတောင်ခက်သေးတယ် ၊ ပျော်ရွှင်စရာ အသိုက်အဝန်းကိုစွန့်လွှတ်ရမှာလေ။ ပြီးတော့ ခင်ပွန်း၊ ဇနီး၊ သားသမီး ရှိတဲ့ မိသားစုဆိုရင် ပိုတောင်မလွယ်ပါသေးတယ်။

သံယောဇဉ်ဖြတ်ပြီးထားခဲ့ဖို့ဆိုတာ တော်တော်ခက်ခဲတာပါ။ဆရာတော်ဦးကိတ္တိသာရ (ခ) ထပ်ဆင့်အကယ်ဒမီဦးကျော်ဟိန်း အကြောင်း အတုယူနိုင်ဖို့တွေးမိရင်း ကျွန်မကတော့ အပျိုကြီးဖြစ်နေတဲ့အတွက် ၊ ကံကောင်းစွာဖြင့် အခက်ဆုံးကြိုးကိုဖြတ်ဖို့ မလိုတော့ပါဘူး” ဆိုပြီးတော့ ဆက်လက် ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top